ကချင်ပြည်နယ်မေခ၊ မလိခမြစ် နှင့်ချောင်းလက်တက်များအတွင်းတွင် ရေခဲငါးဟုခေါ်သော မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ် နှင့်ရင်ဆိုင်နေရသည့် ငါးမျိုးစိတ်များကို အလျင်အမြန် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန်လိုအပ်နေကြောင်း ထိုဒေသတွင်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများလုပ်ဆောင်ခဲ့သော BANCA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရေခဲငါးများ၏အလေ့အထ မှာအေးခဲနေသောရေများအတွင်းမှာပင်ရှင်သန်သွားလာနိုင်ပြီး ယင်းတို့ နေထိုင်ကျက်စားသော မြစ်ချောင်းများမှာ အများအားဖြင့်နောက်ကျိနေလေ့ရှိသဖြင့်အလွယ်တကူ ရှာဖွေတွေ့ရှိရန် ခက်ခဲကြောင်းပညာရှင်တစ်ဦးကရှင်းပြသည်။မေခ၊ မလိခမြစ်ကြောင်းများ
အထက်ပိုင်းတွင် ရေကာတာစီမံကိန်းများ မတည်ဆောက်မီသဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိမရှိစစ်တမ်း(EIA) အတွက် သုတေသနလုပ်ငန်းများကို သက်ဆိုင်ရာ
ကဏ္ဍအလိုက်အဖွဲ့များခွဲကာ နို့တိုက်သတ္တ၀ါများ၊ ရေနေသတ္တ၀ါများ၊ ကုန်းနေသတ္တ၀ါများကိုလေ့လာသုတေသနပြုခဲ့သည်။ထိုသို့လေ့လာရာတွင် မေခ၊ မလိခမြစ်
နှစ်သွယ်အထက်ပိုင်းမြစ်ချောင်းများ၌ ရေခဲငါးဟုဒေသခံများခေါ် ဝေါ်ကြသော Snow Trout ခြောက်မျိုးကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပြီး ထိုအထဲတွင် Kunming Snow Trout ရေခဲငါးတစ်မျိုးကို တွေ့ရှိခဲ့ကာ ထိုငါးမှာ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့ IUCN ၏မျိုးသုဉ်းမည့်အန္တရာယ်နှင့်ရင်ဆိုင်ရသော မျိုး
စိပ်စာရင်း(သို့) အနီရောင် စာရင်း၌ ဖော်ပြခံထားရပြီး အကောင်ရေမှာ ဆက်တိုက်လျော့ကျနေသည့်စာရင်းတွင် ပါဝင်နေသည့်အတွက်သဘာဝမှပျောက်ကွယ်မသွားရန်
အချိန်မီထိန်းသိမ်းသင့်ကြောင်းလည်းထိုပညာရှင်ကပြောသည်။ ၂၀၀၉ ခုနှစ်တွင်ပြုလုပ်ခဲ့ သော ထိုလေ့လာသုသေတနစစ် တမ်းအပြီး နောက်ပိုင်း စနစ်တကျ နှင့်ထိရောက်သောလေ့လာမှုများပြုလုပ်ရခြင်းမရှိသေးကြောင်း သိရသည်။


