May 20, 2012

ကဏန်းသားဖောက်လုပ်ငန်း ရပ်နား

Photo
ရန်ကုန်၊ဇန်န၀ါရီ-၂၄

နိုင်ငံပိုင် ကဏန်းသားဖောက်လုပ်ငန်း၏ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားသောကြောင့် လုပ်ငန်းရပ်တန့်လိုက်ပြီး ကဏန်းဘဏ် တည်ထောင်ပေးနေကြောင်း
ငါးလုပ်ငန်းဦးစီးဌာန စီမံရေးရာဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကဏန်းသားဖောက်တာက ထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ မကိုက်လို့ Crab Bank (ကဏန်းဘဏ်)များများတည်ထောင်ပေးရပါမယ်”ဟု ၄င်းကပြောသည်။
ကဏန်းဘဏ်ဆိုသည်မှာ သဘာဝမှ ဖမ်းဆီးရမိသော ၁၀၀ ဂရမ်အောက် အကောင်ငယ်လေးများအား အစာကျွေး၍ မွေးမြူပြီး အရွယ်ရောက်မှသာ ပြန်လည်
ရောင်းချသည့်လုပ်ငန်းမျိုးကို ခေါ်သည်။

ပြည်ပမှ ပညာရှင်များဖြင့် ပင်လယ်ကမ်းခြေတွင် ကဏန်းသားဖေါက်ခြင်း ဆောင်ရွက်နေရာမှ စီးပွါးရေး တွက်ခြေမကိုက်သောကြောင့် ကျေးလက်များတွင်
အရွယ်မရောက်သေးသော ကဏန်းများအား ပြန်လည်မွေးမြူရန် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီးကလည်း စီစဉ်ပေးမည် ဖြစ်ကြောင်း ၄င်းက
ပြောသည်။“ကဏန်းဘေးမဲ့ဇုန်တွေမှာ ဆိုင်းဘုတ်ပဲရှိတော့တယ်။ ဒါကြောင့် ကင်းမဲ့ဇုန်နဲ့မကင်းမဲ့ဇုန် ဘာကွာလဲဆိုတာ လေ့လာရဦးမယ်”ဟု ကဏန်းများအား သီး
သန့်သုတေသနပြုနေသော သတ္တ ဗေဒပညာရှင်ဒေါက်တာသက်စုမာက ပြောသည်။

ရခိုင်ပြည်နယ် ကျိန္တလီနှင့် ဂွမြို့နယ်များတွင် တစ်ရွာလျှင်သုံးလေးဦးခန့်က ဖမ်းမိသော အရွယ်မရောက်သေးသည့် ကဏန်းများအား ကျွေးမွေးထားပြီး အရွယ်ရောက်မှ
ပြန်ရောင်းသော လုပ်ငန်းများ(ကဏန်းဘဏ်တည်ထောင်မှု)လုပ်ကိုင်လျက်ရှိနေကြောင်း ၄င်းကပြောသည်။ယခင်က JICA အစီအစဉ် ဖြင့် သုတေသနပြုမှုအရ ပြည်ပသို့
ရောင်းချနေသော ရွှံ့ကဏန်း မျိုးစိတ်(၅)ခုသာ တွေ့ရှိခဲ့ပြီး ယခုအခါ မျိုးစိတ် (၂၇)ခုတွေ့ ရှိထားကြောင်း ၄င်းကပြောသည်။