May 20, 2012

ကမ္ဘာ့ဘဏ်၏အကူအညီရရှိပါက အခြေခံအဆောက်အအုံများ ပိုမိုတိုးတက်လာနိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ- ၁၈

ကမ္ဘာ့ဘဏ်မှ ဆင်းရဲသော ဖွံ့ဖြိုးဆဲနိုင်ငံများသို့ပေးသည့် အကူအညီများသည်အခြေခံအဆောက်အအုံ  တည်ဆောက်ရေးလုပ်ငန်းများတွင်သာ အများစုပေးလေ့ရှိကြောင်း ပြည်တွင်းဘဏ်လုပ်ငန်း အကြံပေးပညာရှင်များက ပြောသည်။

“တစ်ချိန်က အရှေ့တောင်အာရှမှာ အကောင်းဆုံးလို့ပြောလို့ရတဲ့ ရန်ကုန်-ပြည်လမ်းက  (ADB)  အာရှဖွံ့ဖြိုးမှုဘဏ်ရဲ့ချေးငွေနဲ့တည်ဆောက်ထားတာ” ဟု
ကမ္ဘောဇဘဏ်ဒုဥက္ကဋ္ဌ -၂ ဦးသန်းလွင်က ဆိုသည်။  ကမ္ဘာ့ဘဏ်သည် မြန်မာ နိုင်ငံနှင့် ပြန်လည်ပူးပေါင်းဆောင် ရွက်ရန် အရှေ့အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ဒုဥက္ကဋ္ဌက ဖေဖော် ၀ါရီ ၁၇ ရက်တွင် ထုတ်ဖော်ပြော ကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်း စာများတွင် ဖော်ပြခဲ့သည်။ကမ္ဘာ့ဘဏ်ကလည်း ၁၉၈၇ ခုနှစ်မှ စတင်ရပ်ဆိုင်းခဲ့သည့် ၂၅ နှစ်ကြာ
အဆက်အသွယ် ပြတ်တောက်ခဲ့မှုကို ပြင်ဆင်၍ပြန်လည်ဆက်သွယ်ကူညီပေးရန်လုပ်ဆောင်ခြင်းဖြစ်သည်။

“ကမ္ဘာ့ဘဏ်အကူအညီရ မယ်ဆိုရင် အခြေခံအဆောက်အ ဦက အားကောင်းသွားမှာပါ။ လျှပ်စစ်မီး၊ လမ်းတံတား၊ လယ်ယာကဏ္ဍတို့ကို သူ့ငွေနဲ့ အများကြီး လုပ်နိုင်တယ်”ဟု ဦးသန်းလွင်က ရှင်းပြသည်။ ကမ္ဘာ့ဘဏ်က ချေးငွေများ သည် အတိုးနည်း၊ အတိုးမဲ့နှင့် နှစ် ရှည်ချေးငွေများဖြစ်ခြင်း၊ နိုင်ငံ တစ်ခုချင်းထက် နိုင်ငံအားလုံးစု ပေါင်းပြီးပေးသည့်အတွက် ချေးငွေပမာဏများခြင်း၊ ထို့အပြင် ချေးငွေနဲ့အတူ နည်းပညာအကူအညီများလည်း တွဲဖက်ပါလာနိုင်ကြောင်း အထက်ပါပုဂ္ဂိုလ်ကရှင်း ပြသည်။

“ဆင်းရဲပြီး ဖွံ့ဖြိုးမှုအားနည်း တဲ့နိုင်ငံတွေက သူများဆီက အကူအညီယူရတယ်။ထိုင်းနိုင်ငံတောင်  အကူအညီမယူတာ ၁၀ နှစ်ဝန်း ကျင်ပဲရှိသေးတယ်”ဟု သမ၀ါယ ဘဏ်လီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က ရှင်းပြသည်။နိုင်ငံတော်တွင် အရေးကြီးသည့် ကဏ္ဍများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး
တို့တွင် အစိုးရကငွေကြေးသုံးစွဲရန်လိုအပ်ချက်များရှိသဖြင့် ကမ္ဘာ့ဘဏ်မှ အကူအညီများရပါက အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးတွင်များစွာ အထောက်အကူဖြစ်
လာမည်။