May 20, 2012

ကမ္ဘာ့တိုက်ကွမ်ဒို ပြိုင်ပွဲဝင်ပြီးပါကကိုရီးယားနှင့် မြန်မာပူးတွဲလေ့ကျင့်မည်

ရန်ကုန်၊ သြဂုတ်- ၃

ကိုရီးယားသမ္မတနိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် ကမ္ဘာ့တိုက်ကွမ်ဒိုပြိုင် ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်တိုက်ကွမ်ဒို အားကစားသမားများသည် ၎င်းင်း ပြိုင်ပွဲအပြီးတွင် ကိုရီးယားအားက စားသမားများနှင့် ပူးတွဲလေ့ကျင့်မှု များပြုလုပ်မည်ဖြစ်ကြောင်းသ တင်း ရရှိသည်။

     Kukkiwon  ကူကီဝန် ကျောင်းတော်မှ ကြီးမှူးကျင်းပ သည့် Hanmadang ကမ္ဘာ့တိုက် ကွမ်ဒိုပြိုင်ပွဲကို သြဂုတ်လ ၁၀ ရက်မှ ၁၃ ရက်အထိ ကိုရီးယား နိုင်ငံ၊ Gyounggido မြို့တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအားက စားသမား ငါးဦးဝင်ရောက်ယှဉ် ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာ ၀န်ရှိသူတစ်ဦးကပြောသည်။
    ““ဒီပြိုင်ပွဲမှာ ကကွက်အမျိုး အစားအပြင် တစ်ဦးချင်း၊ အဖွဲ့ လိုက်ထိုးတာခွဲတာ  reaking ပါမယ့်။ နောက် Dance ပါမယ်။ မြန်မာက ကကွက်ပြိုင်ပွဲနဲ့ အထိုး အခွဲပြိုင်ပွဲတွေမှာ အတိုက်ကစား သမားတွေက အတွေ့အကြုံရရှိ အောင်ဝင်ရောက်ယှဉ်ပြိုင်သွား မှာ ပါ။ကမ္ဘာ့နိုင်ငံပေါင်းစုံက အား ကစားသမားပေါင်းများစွာဝင် ရောက်ယှဉ်ပြိုင်ကြတဲ့ ဒီပြိုင်ပွဲမှာ အာဆီယံနိုင်ငံတွေကလည်း ၀င် ရောက်လက်ရည်စမ်းကြမှာဖြစ်တဲ့ အတွက် ဆီးဂိမ်းအကြိုပြင်ဆင်နေ တဲ့ မြန်မာအားကစားသမားတွေ အတွက် အကျိုးအများကြီးရှိပါ တယ်””ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
    အဆိုပါပြိုင်ပွဲပြီးဆုံးချိန်တွင် မြန်မာတိုက်ကွမ်ဒို အတိုက်ကစား သမား သုံးဦးသည် Gwang-wando မြို့ရှိ  amill ကျောင်း၌ ပူးတွဲလေ့ကျင့်မှုများ တစ်လခန့်
ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။