(၄၃)ကြိမ်မြောက် တိုင်းဒေသကြီး နှင့်ပြည်နယ် ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲကို နိုဝင် ဘာ ၂၆ ရက်တွင် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစတင်တာ၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါပြိုင်ပွဲ၏ ကာယဗလ မောင်ပြိုင်ပွဲတွင် ၅၅ ကီလိုတန်းမှ ၈၅ ကီလိုတန်းအထိ ပါဝင်မည်ဖြစ် ပြီး ကာယအလှမယ် ၀င်ရောက် ယှဉ်ပြိုင်သူများသည် အရပ်ငါးပေ သုံးလက်မနှင့်အထက်ရှိရမည်ဖြစ် ကာ အိမ်ထောင်မရှိသူ(အပျို)ဖြစ် ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကာယဗလနှင့် ကာယအလှအဖွဲ့ ချုပ်မှသိရသည်။
““၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲမှာ ကာယဗလအားကစားနည်းမပါ ပေမယ့် လာမယ့် နိုင်ငံတကာ ပြိုင်ပွဲတွေနဲ့ ၂၀၁၃ ဆီးဂိမ်းအ တွက်ရည်ရွယ်ပြီး ဒီပြိုင်ပွဲက အလားအလာရှိတဲ့ ကာယဗလ မာင်တွေကို ရွေးချယ်စခန်းသွင်း လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်”” ဟု အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။


