ဆောင်းကုန်ခါနီးမှ အအေးလှိုင်းဖြတ်နေလို့ ဆောင်းမကုန်နိုင်သေးဘဲ အေးနေတဲ့အတွက် အနွေးထည်မချွတ်နိုင်သေးကြတဲ့သူတွေ အနွေးထည်မိုက်မိုက်လေးတွေနဲ့ စတိုင်လ်ထုတ်လို့ရအောင် ဒီတစ်ပတ်ဈေးဝယ်ထွက်ကြည့်ရအောင်ပါ။
ကိုရီးယားဖက်ရှင်ဆိုရင် အမျိုးသား၊ အမျိုးသမီးကြီးကြီး၊ ငယ်ငယ်မရွေး သဘောကျနှစ်ခြိုက်ပြီးသားဖြစ်လို့ အခုဈေးဝယ်ထွက်မယ့်ဆိုင်ကလည်း ကိုရီးယား နိုင်ငံထုတ် အ၀တ်အစားတွေကို သီးသန့်ရောင်းချတဲ့ဆိုင်ဆိုတော့ ပရိသတ်ကြီး ဈေးဝယ်ထွက်ချင် လောက်မယ်လို့ထင်ပါတယ်။ ဒီဆိုင်မှာက အမျိုးသား၊ အမျိုးသမီးဝတ် အထည်တွေကို အရွယ်စုံအတွက် ရနိုင်တာပါ။ ရာသီဥတုအေးတဲ့နိုင်ငံက တင် သွင်းတဲ့ အ၀တ်အထည်တွေဖြစ်လို့ အေးနေတဲ့ မြန်မာနိုင်ငံအတွက်လည်း သင့်တော်တာသေချာပါတယ်။
အနွေးထည်ကို ဖန်စီပုံစံဒီဇိုင်းကြိုက်သူတွေရော စမတ်ပုံစံမျိုးကြိုက်သူတွေရော အကြမ်းဝတ်လို့ရတဲ့ပုံစံမျိုးကိုမှ နှစ်သက်တဲ့သူတွေရော အားလုံးအတွက် ဒီဆိုင်
က အဆင်ပြေမယ့်ဆိုင်ဖြစ်မှာပါ။ဈေးနှုန်းအနေနဲ့လည်း အမျိုး သမီးဝတ်အပါးလေးတွေဆို ကျပ် ၆၅၀၀ လောက်ကနေ အမြင့်ဆုံးဈေး ၂၅၀၀၀ ကျပ်လောက်ပဲရှိလို့ ပစ္စည်းအရည်အသွေးနဲ့ ယှဉ်ရင်သက်သာတဲ့ဈေးနှုန်းလို့ဆိုနိုင်ပါတယ်။
နေ့စဉ် ၀တ်ဖို့ပဲဝယ်ဝယ်၊ ခရီးသွားဖို့အတွက်ပဲဝယ်ဝယ် အနွေးထည်ဆိုရင်တော့ ဒီဆိုင်မှာကဈေးဝယ်ထွက်မယ့်သူတွေ စိတ်ကြိုက်ရွေးဖို့ ပစ္စည်းကလည်း များပါတယ်။
ဆိုင်လိပ်စာကတော့ တိုက် ၃၄၊ အခန်း ၂၊ အောင်သပြေလမ်း၊ ယုဇနပလာဇာအနောက်ဘက် ခြမ်းမှာရှိတဲ့ Bang Bang စင်တာမှာပါလို့ ဈေးဝယ်ထွက်ဖို့လမ်းညွှန်
ပေးလိုက်ပါတယ်။


