May 20, 2012

ကလေးဗဟိုပြု သင်ကြားရေးဆိုတာ...

ကလေးဗဟိုပြုသင်ကြားရေးဆိုင်ရာကျွမ်းကျင်သူနှင့်တွေ့ဆုံခြင်း

Photo

အခြေခံပညာကျောင်းများ၌ ကျောင်းသားများကို ပညာသင်ကြားရာတွင် မိရိုးဖလာဖြစ်သော ဆရာဗဟိုပြုသင်ကြားနည်းကို နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့ကြသည်။
ယခုအခါ ကျောင်းသားများ၏ အတွေးအခေါ်၊ ဆင်ခြင်တုံတရား၊ ဝေဖန်ဆန်းစစ်မှု၊ ဆုံးဖြတ်ချက်ချမှတ်နိုင်မှု၊ စိတ်ကူးဉာဏ်ကွန့်မြူးမှုစသည့်စွမ်းရည်များကို မြှင့်တင်
ပေးနိုင်မည့် ကလေးဗဟိုပြုသင်ကြားနည်းကို ပြောင်းလဲကျင့်သုံးနိုင်ရန် အစိုးရက  စီစဉ်ဆောင်ရွက်လျက် ရှိသည်။ ပညာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂကလေးများ
ရန်ပုံငွေအဖွဲ့တို့တွင် သင်ကြားရေးဆိုင်ရာနှင့် ပညာရေးအကြံပေးအဖြစ် တာဝန်ယူခဲ့ပြီး ယခုအခါ ကလေးဗဟိုပြုသင်ကြားရေးနည်းစနစ်အား သင်ကြားပို့ချနေသော
ဒေါ်စုစုလွင်နှင့် ကလေးဗဟိုပြုသင်ကြားရေးအကြောင်း တွေ့ဆုံမေးမြန်းထားမှုများကို ကောက်နုတ်ဖော်ပြလိုက် ပါသည်။

လက်ရှိ အခြေခံပညာသင်ကြား ရေးစနစ်အကြောင်း သုံးသပ်ပေးပါ။
နိုင်ငံတော်က ကလေးဗဟို ပြု သင်ကြားနည်းစနစ်ကို လက်ခံ ထားတယ်။ ကလေးတွေ တတ်မြောက်မှုကို စစ်ဆေးတဲ့နည်း စနစ်မှာလည်း စဉ်ဆက်မပြတ် အကဲဖြတ်၊
အတန်းတင်ပေးတဲ့ စနစ်ကို ကျင့်သုံးနေတယ်။ သင်ရိုး ထဲမှာ   ပုံမှန်သင်ခန်းစာတွေကို သင်နေသလို   ယူနီဆက်ရဲ့ပူးပေါင်းမှုနဲ့ ဘ၀တစ်သက်တာ ကျွမ်းကျင်စရာ
ဆိုတဲ့ဘာသာရပ် ကို ထည့်သင်ထားတာရှိတယ်။ အဲ့လိုအနေအထားနဲ့ ကြည့်မယ် ဆိုရင်တော့ သိပ်ပြီး အားနည်း ချက်တွေ ထောက်ပြစရာမရှိဘူး လို့ ပြောချင်တယ်။
ဘာလို့လဲဆို တော့ ကလေးဗဟိုပြုသင်ကြား ရေးဆိုတာက နိုင်ငံတကာမှာ ကျင့်သုံးနေတာဖြစ်သလို   စဉ် ဆက်မပြတ် အကဲဖြတ်အတန်း တင်ပေးတာကလည်း
စနစ်အားဖြင့် ကောင်းပါတယ်။ ဒါပေမဲ့ အခု ကြည့်မယ်ဆိုရင် ပညာရေးနဲ့ပတ် သက်ပြီး အားနည်းချက်တွေ အများကြီး ပြောနေကြတယ်။ ကလေးတွေက အလွတ် ကျက်ပြီး
စာသေချာမတတ်ဘူး။   အလွတ်ရရင်  အတန်းတင်ပေးတယ်။ ဆရာ၊ဆရာမတွေ တံစိုး လက် ဆောင်ပေါ်အခြေခံပြီး ဘက်လိုက်မှုတွေရှိ တယ်ဆိုပြီး ပြောကြ တာ
တွေလည်းရှိတယ်။  ချဉ်းကပ်နိုင်တဲ့  သူက အမှတ်ပိုရတယ်၊  မျက်နှာသာ ပေးခံရတယ်လို့ ပြောကြတယ်။ နောက်တစ်ခုက ယှဉ်ပြိုင်တဲ့ဟာက မိဘတွေဆီမှာ အရမ်း
ဖြစ်လာတယ်။ ကျောင်းတွေမှာ ကလေးဗဟိုပြုသင်ကြားနည်းစနစ်ကို ပြောနေပေမယ့် လက်တွေ့မှာ အဲ့ဒါကို ဘယ်လောက်အတိုင်းအတာအကောင်အထည်ဖော်လဲ။
ကျောင်းထဲက  ဆရာ၊ ဆရာမအပါအ၀င် ပညာရေးလုပ်ငန်းတွေကို ကြီးကြပ်နေတဲ့ပညာရေးအမှုထမ်း၊ အရာထမ်းတွေကရော ဒါကိုဘယ်လောက်အလေးအနက်ထားနေ
သလဲ။ ပညာရေး လုပ်ဆောင်ချက်တွေကကလေးတွေရဲ့ဖွံ့ဖြိုးမှုကို ဘယ်လောက် အားပေးလဲဆိုတာ ကြည့်လို့ရပါတယ်။ စနစ်က မကောင်းဘူးလို့  တချို့တွေက  ပြောကြ
တယ်။ အခုရှိနေတဲ့စနစ်ကို ဘယ်လိုအကောင် အထည်ဖော်နေလဲဆို တာက ပိုပြီး အရေးကြီးတယ် လို့ ထင်တယ်။

ကလေးဗဟိုပြုချဉ်းကပ်နည်းရဲ့ သဘောတရားကို ရှင်းပြပေးပါ။               
            ကလေးဗဟိုပြုချဉ်းကပ် နည်းရဲ့ အနှစ်သာရက ကိုယ့် ဘက်က ကျောင်းသားကို ဘာ တွေပေးစေချင်လဲ။ တတ်စေချင် တယ်ဆိုတာကို အခြေခံတာထက် သူတို့ရဲ့
ပညာရေးအရလိုအပ် ချက်၊ ကလေးရဲ့သဘာဝ ဘယ်လို ရှိတယ်ဆိုတာသိနေရမယ်။နောက်ပြီးတော့ ကလေးတွေမှာ ရုပ်ရော၊ နာမ်ရောရှိတယ်။ နှစ်မျိုးလုံး ဖွံ့ဖြိုး
ဖို့လိုတယ်။ ကလေးတွေ အာဟာရပြည့်ဝနေရုံနဲ့မရဘူး။ စိတ်ပိုင်းဆိုင်ရာ  ဖွံ့ဖြိုးမှုတွေလည်း   ဖြစ်ဖို့လိုတယ်။  စဉ်းစားတွေးခေါ်နိုင်တဲ့ အရည်အသွေးတွေ၊ ဆင်ခြင်တုံ
တရားတွေ၊ ခံစားချက်တွေ၊ ကြိုက်ခြင်း၊ မကြိုက်ခြင်းတွေသူမှာ ရှိတယ်။ ကလေးမှာ အဲ့လို အချက်တွေရှိတယ်ဆိုတာ မြင်ဖို့ လိုတယ်။
တစ်ခါတလေမှာ အဲ့လိုမြင်တာမျိုးမဟုတ်ဘဲနဲ့     ဉာဏ်ရည်ဖွံ့ဖြိုးဖို့အတွက်ပဲ အဓိက ရည်ရွယ်ပြီးလုပ် နေကြတယ်။   ဉာဏ်ရည်ဖွံ့ဖြိုးဖို့ လုပ်ငန်းတွေပဲ လုပ်နေရင်
ကလေးသဘာဝနဲ့ ကိုက်ညီမှာ မဟုတ်ဘူးလို့ ပြောချင်တယ်။ ကလေးကို ဘာတတ်စေချင်လဲဆိုတာပဲ  အလေးထားမယ်ဆိုရင် ကိုယ့်ဘက်ကပဲ စဉ်းစားတာပါ။  
ကလေးဗဟိုပြုချဉ်းကပ်နည်းဆိုတာက ကိုယ်သင်ပေးချင်တဲ့အရာကို ထည့်စဉ်းစားသလို ကိုယ် သင်ပေးမယ့်အရာတွေကို ကလေး ဘယ်လောက်ထိ လက်ခံ
နိုင်တဲ့အနေအထားရှိလည်း သိနေရမယ်။ ကလေးတွေကတစ်ယောက် နဲ့   တစ်ယောက်   အကြိုက်မတူ ကြဘူး၊ ခြားနားတဲ့အမြင်တွေရှိ တယ်၊ အရည်အသွေး စွမ်းရည်
တွေကလည်း ကွဲပြားမှုရှိတယ်။ သင်ယူမှုပုံစံ၊  ဖွံ့ဖြိုးမှုပုံစံ၊  တတ်မြောက်မှုပုံစံက မတူကြဘူး။ ကလေးက သူမကြိုက်တာ၊ သူနဲ့ မကိုက်ညီတာကို အတင်းပေးရင် လက်ခံနိုင်
မှာမဟုတ်ဘူး။ ကလေး လက်ခံနိုင်တဲ့ အတိုင်းအတာကို ဘယ်လောက်ထိ စဉ်းစားထားလဲ။ က လေးတွေရဲ့ အသက်အရွယ်၊ ဉာဏ်ရည်၊ ကလေးနေထိုင်တဲ့ ပတ်ဝန်း
ကျင် ဒါတွေကို အများကြီး စဉ်းစားရမယ်။ မူဝါဒအားဖြင့်တော့ မြန်မာနိုင်ငံမှာ ကလေးဗဟိုပြု သင်ကြားနည်းစနစ်နဲ့ ကျောင်းတွေမှာ သင်ကြားရမယ်လို့ ပြောနေပေမယ့်
လက်တွေ့  ဒီစနစ်နဲ့  ကိုက်ညီတဲ့ သင်ရိုးကို  ဘယ်လိုရေးဆွဲမလဲ။ကလေးတွေ  လုပ်ရတဲ့လေ့ကျင့်ခန်း တွေကရော ကလေးသဘာဝနဲ့ ကိုက်ညီမှုရှိလားပေါ့။

ကလေးဗဟိုပြုသင်ကြား နည်းစနစ်အောင်အောင်မြင်မြင်   အသုံးပြုနိုင်ဖို့ အခြေခံကျတဲ့ အချက်ကို ပြောပြပေးပါ။အဓိကကတော့ ဆရာ၊ ဆရာမတွေပေါ့။  ကလေးဗဟိုပြုစာသင် ခန်းအနေအထားကို    လက်ခံဖို့လိုတယ်။ တချို့က လက်ခံသလို လက်မခံ တဲ့သူတွေလည်းရှိတယ်။
နောက်တစ်ခုက တချို့က မယုံလို့ လက်မခံကြတာရှိတယ်။ သမားရိုး ကျသင်လာတာဖြစ်တာကို အခုမှ ဒါတွေ ဘာလို့ လျှောက်ပြောင်း ရတာလဲပေါ့။ ကလေးတွေ မေး
ခွန်းတွေမေးလာရင်  အတန်း ထိန်းရတာ ခက်တယ်ပေါ့။ ဆရာ၊ ဆရာမတွေမှာ အစိုးရိမ်ဆုံးကိစ္စ က အတန်းမထိန်းနိုင်မှာ စိုးရိမ် တာပါ။  ဆရာ၊  ဆရာမတစ် ယောက်ရဲ့  
အရည်အချင်းဟာ အတန်း ဘယ်လောက်ထိန်းနိုင်လဲ ဆိုတာနဲ့ တော်တော်များများက ဆုံးဖြတ်တယ်။ အတန်းထိန်းတယ် ဆိုတာ အရေးကြီးပါတယ်။ ပညာ သား
အများကြီးပါပါတယ်။ ဆရာ၊ဆရာမတွေ ပြင်ဆင်မှုအများကြီး လုပ်ရပါတယ်။ အဲ့လိုမှ မဟုတ်ရင်တော်တော်များများက  အတန်းကို ထိန်းချုပ်တာတွေ လုပ်နေကြ
တယ်။ တားမြစ်ချက်တွေက ထိန်းတယ်လို့ထင်တယ်။ စကားမပြောရဘူး၊ ငြိမ်ငြိမ်ထိုင်၊ အတန်းရှေ့ပဲကြည့်၊ ဘေးကို အပြင်ကို မငေးနဲ့၊အဲ့လိုနည်းနဲ့ အတန်းကို ထိန်းချုပ်
တာက အကြောက်တရားကို အခြေခံတယ်။ ပြောတဲ့အတိုင်း မနေရင် ဒဏ်ပေးတယ်။   အရိုက်ခံရမှာ၊ အဆူခံရမှာ၊  အပြစ်တင်၊  ရှုတ်ချခံရမှာ ကြောက်တော့ ကလေးက
စိတ်ပျော်ရွင်တော့မှာ မဟုတ်ဘူး။ကလေးဗဟိုပြုချဉ်းကပ်နည်း ဆိုတာ အဲ့ဒါတွေနဲ့ လုံးဝမသက်ဆိုင်ဘူး။ တချို့က ထင်တယ်၊ ကလေးကို ပျော်အောင်ထားဖို့ဆိုပြီး။ပျော်
အောင် ထားဖို့ချည်းတော့ မဟုတ် ဘူး။ ကလေးက စိတ်ဆင်းဆင်း ရဲရဲနဲ့ စာမသင်ရဖို့နဲ့ သူ သင်တဲ့ အကြောင်းအရာအပေါ်မှာ စိတ်ပါဝင်စားမှုရှိဖို့ အရေးကြီးပါတယ်။ အဲ့ဒါနဲ့

တစ်ဆက်တည်း စည်းနဲ့ကမ်းနဲ့နေတတ်ဖို့လည်းလိုတယ်။ စည်းမဲ့၊ ကမ်းမဲ့နေတာ ကလေး ဗဟိုပြုချဉ်းကပ်နည်း မဟုတ်ဘူး။
သမားရိုးကျသင်ကြားနည်းနဲ့ ကလေးဗဟိုပြု သင်ကြားနည်းက ဘယ်လို ကွာခြားမှုတွေရှိနေ ပါလဲ။
ကလေးဗဟိုပြုသင်ကြားနည်းက ကလေးတွေတစ်ယောက် နဲ့ တစ်ယောက်ပြောဆိုဆက်ဆံပြီ တော့ အဖြေရှာတဲ့အလုပ်ကို လုပ်ရတာပါ။ သမားရိုးကျသင်တာက
ကိုယ့်ဘေးက  အတန်းသားကို မကြည့်နဲ့ ကိုယ့်ပုစ္ဆာကိုယ်တွက်၊ သူဘာလုပ်နေလဲ သွားမကြည့်နဲ့ ကိုယ့်ဘာသာကို   အဖြေထုတ်ပေါ့။
အဲ့လိုမဟုတ်ပါဘူး။  လောကမှာ လူ့သဘာဝကိုပဲ ကြည့်ပါ။ပြဿနာအခက်အခဲဖြစ်လာရင် တစ်ယောက်တည်း စဉ်းစားဆုံးဖြတ်တာထက် အများနဲ့ တိုင်ပင်ဆုံးဖြတ်တာက
ဘယ်ဟာ ပိုကောင်းလဲ။ ကလေးဗဟိုပြုချဉ်းကပ်နည်းက ကျောင်းလုပ်ငန်း  တော်တော်များများကို စုပေါင်း အဖြေရှာရမှာဖြစ်တယ်။ သမားရိုးကျ  သင်ကြားနည်းနဲ့
တော်တော်ကွာဟနေတယ်၊ တချို့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။
ကလေးဗဟိုပြု သင်ကြားနည်း ကျင့်သုံးနိုင်ဖို့အတွက်   ဘယ်လိုပြောင်းလဲမှုတွေလုပ်ဖို့ လိုပါသလဲ။
ဆရာ၊ ဆရာမတွေက ဒီသင် ကြားနည်းတွေကို လက်ခံရုံ၊ လုပ်တတ်ရုံနဲ့ မပြီးဘူး။  ကလေးတွေအတွက် ပြဋ္ဌာန်းစာအုပ်နဲ့တင်မပြီးဘူး။ ကလေးလေ့လာသင်ယူ လို့ရမယ့်
ပတ်ဝန်းကျင်က အရမ်း အရေးကြီးတယ်။ အဲ့ဒီပတ်ဝန်း ကျင်ကို   အရင်ဆုံး   ဖန်တီးနိုင်ရမယ်။   အဲ့လိုဖန်တီးနိုင်ဖို့   အရင်းအမြစ်တွေ  အထိုက်အလျောက်
လိုတာပေါ့။ ငွေကြေးလည်း လိုတယ်။ ကလေးတွေအတွက် ပြင်ပစာအုပ်တွေလိုမယ်။   ကျောင်းမှာ ပြဋ္ဌာန်းထားတဲ့ အကြောင်း အရာတွေကို တတ်သွားရုံနဲ့ မပြီးသေး
ဘူး။ အဲ့ဒီအကြောင်းအရာတွေ ပေါ်မှာ   ဆက်စပ်ပြီးတော့  သူတို့ဘာသာ လေ့လာနိုင်မယ့် စာအုပ်တွေလိုမယ်။ လေ့လာခွင့်တွေ ရှိဖို့လိုတယ်။   လက်တွေ့စမ်းသပ်
ချက်တွေ လုပ်နိုင်ဖို့လိုတယ်။ မူဝါဒနဲ့ လမ်းညွှန်ချက်တွေ ချမှတ်လိုက်ရုံနဲ့မပြီးဘူး။ မူဝါဒတွေ၊ လမ်းညွှန်ချက်တွေကို ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ၊ အထောက်
အပံ့တွေလည်း လိုတယ်။ မဟုတ်ရင်တော့ ကလေးဗဟိုပြုသင်ကြား ရေးဖြစ်လာမှာ မဟုတ်ဘူး။နောက်ပြီး လူတွေရဲ့ ယုံကြည်မှုကလည်း အရေးကြီးတယ်။ အတန်းထဲမှာ
စာသင်နေတဲ့ဆရာ၊ ဆရာမတွေ တင် မကဘူး။ စီမံခန့်ခွဲနေတဲ့ ပုဂိုလ်တွေ၊ မိဘအုပ်ထိန်းသူတွေ ကလည်း သဘောထားအမြင် ရှိဖို့လိုပါတယ်။

ကျောင်းသားမိဘတွေကိုရော ဘာပြောချင်ပါလဲ။
ကလေးတွေမှာ ရှိသင့်ရှိထိုက်တဲ့ တန်ဖိုးစနစ်တွေ၊ သဘောထားတွေ ငယ်စဉ်ခါမှာ တကယ် ခိုင်မာတဲ့ အခြေခံရ သွားဖို့လိုတယ်။ ကျောင်းတစ်ခုတည်း ထိန်းကျောင်း
ရုံနဲ့ မပြီးဘူးလို့ ပြောချင်ပါတယ်။အိမ်က မိဘအုပ်ထိန်းသူတွေက လည်း ယဉ်ကျေးတဲ့ကလေးတွေ ဖြစ်ဖို့ အများကြီး သွန်သင်လမ်းပြ ပေးနိုင်တာရှိတယ်။ အဲဒီလို လုပ်ပေး
ဖို့ မိဘတွေမှာ   တာဝန်ရှိပါတယ်။