ပါလက်စတိုင်းဟာ နိုင်ငံတည်ထောင်ဖို့ ကြိုးစားနေခဲ့ပေမယ့် ကုလသမဂမှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပိတ်ပင်ထားမှုကြောင့် အရာမထင်သေးဘူးဖြစ်နေပါတယ်။ ဒါပေမဲ့ ကုလသမဂလက်အောက်ခံအဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ ယူနက်စကိုအဖွဲ့ကြီးကတော့ ပါလက်စတိုင်းကို မကြာမီက အဖွဲ့ဝင်အဖြစ် လက်ခံခဲ့တဲ့အတွက် အမေရိကန်နဲ့ အစ္စရေး ရဲ့ ရန်ပုံငွေထည့်ဝင်မှုရပ်တန့်ကာ ဒဏ်ခတ်အရေးယူမှုတွေကို ခံခဲ့ရပါတယ်။ ဒါကြောင့် ယူရိုသတင်းဝက်ဘ်ဆိုက်ဟာ ပါလက်သမ္မတ မာမွတ်အဘတ်စ်နဲ့ တွေ့ဆုံကာ ဒီ အကြောင်းတွေကို မေးမြန်းထားပါတယ်။ ယခုအဲဒီမေးမြန်းမှုတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
သမ္မတကြီးခင်ဗျာ ယူနက်စကိုအဖွဲ့ထဲ ပါလက်စတိုင်းဝင်ခွင့်ရခဲ့တာနဲ့ ပတ်သက်လို့ ပြောပြပေးနိုင်မလားခင်ဗျာ။
ကုလသမဂ္ဂရဲ့ ပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ကြီးယူနက်စကိုမှာ ပါလက်စတိုင်းတို့ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့တာဟာ နိုင်ငံရေးအရရော၊ ကျင့်ဝတ် ရေးအရပါ အဓိပ္ပာယ် အများကြီးဆောင်ပါတယ်။ ကျွန်တော်တို့ဟာ ပါလက်စတိုင်းကို ကုလသမဂမှာ အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံဖို့ လုံခြုံ ရေးကေင်စီကိုတောင်းဆိုခဲ့ပြီးအဲဒီတောင်းဆိုချက်ကို လည်း ဆက်ထားနေဆဲပါ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ယူနက်စကိုထဲလည်း ၀င်ချင်ခဲ့တယ်။ ဒီအဖွဲ့ဟာ အလွန်အရေးပါတဲ့အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းက ပြည်သူတွေနဲ့ နီးကပ်စွာပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့ပါ။
အခုဆို အမေရိကန်က ယူနက်စကိုမှာ သူ့ရဲ့ဘဏ္ဍာရေးအရ ပါဝင်မှုကို ရပ်တန့်ပစ်လိုက်ပြီဆိုတော့ ဘာများဖြစ်မလဲ။
အမေရိကန်ပြည်ထောင်စုဟာ ဘာအကြောင်းပြချက်ကောင်း ကောင်းမှမရှိဘဲ ယူနက်စကိုမှာ ကျွန်တော်တို့ပါဝင်မှုကို ဆန့်ကျင်ခဲ့တယ်။ အဲဒါရဲ့ အကြောင်းပြချက်ကဘာလဲ။ သူတို့ပြောတာကတော့ ၁၉၈၉ ကတည်းက အမေရိကန်ပြည်ထာင်စုအစိုးရကို အကြမ်းဖက်ဝါဒနဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းတွေကို ဘဏ္ဍာရေးအရ ပါဝင်ထောက်ပံ့ ခြင်းကိုပိတ်ပင်ထားတဲ့ ဥပဒေတစ်ရပ်ရှိလို့ပါတဲ့။ ကျွန်တော်တို့ဟာ အကြမ်းဖက်ဝါဒီတွေလို့ ကိုယ့်ကိုယ်ကိုယ် မထင်မှတ်ကြောင်း တုံ့ပြန်ပြီး ဖြစ်ပါတယ်။ ပြီးတော့ ဒီလိုအရည် အချင်းသတ်မှတ်ချက်ကိုလွန်ခဲ့တဲ့ ၂၂ နှစ်လောက်က လုပ်ခဲ့တာဆိုတော့ အဲဒါဟာ ဒီနေ့ကာလမှာ မဖြစ်နိုင်တော့ပါဘူး။ သက်သေကတော့ ပါလက်စတိုင်းဟာလေးနိုင်ငံကော် မရှင် အဖွဲ့ဝင်ဖြစ်တဲ့ အမေရိကန်နဲ့ စီးပွားရေးနဲ့နိုင်ငံရေး ဆက်ဆံမှုတွေရှိထားခဲ့တယ်။ ဒါပေမဲ့ သူတို့အဖြေကတော့ ဥပဒေဟောင်းတစ်ခု ရှိနေတယ်။ ဒါကြောင့် မပြောင်းနိုင် ဘူးလို့ပြောနေတာပါ။ ဒါဟာ မမျှတတဲ့ အနေအထားတစ်ရပ်ပဲဆိုတာ ရှင်းနေပါတယ်။
ဟားမားစ်အဖွဲ့နဲ့ ဆွေးနွေးမှုတွေလုပ်နေတာကရော ဘာများသတင်းထူး တာရှိပါသေးသလဲ။
ပြီးခဲ့တဲ့ တစ်လလောက်ကတော့ ကျွန်တော်ဟားမားစ်ခေါင်းဆောင် ဆလတ်မာရှယ်နဲ့ ဆွေးနွေးခဲ့ပါတယ်။ သဘောတူညီချက်တစ်ခုအတွက် အခြေခံကိုလည်း ချမှတ်နိုင်ခဲ့ပါ တယ်။ ပထမဆုံးအနေနဲ့ ဟားမားစ်ဟာ အောက်ပါအချက်တွေကို လိုက်နာရပါမယ်။ အနောက်ဘက်ကမ်းမှာရော ဂါဇာမှာပါ တည်ငြိမ်မှုနဲ့ငြိမ်းချမ်းရေးရှိစေဖို့ “တော်လှန်မှု တွေဖြစ်ရင် လည်း လက်နက်မကိုင်စွဲဘဲ လူထုအား အခြေခံတဲ့တော်လှန်မှုတွေသာ ဖြစ်ဖို့။ ၁၉၆၇ နယ်စပ်မျဉ်းတွေအပေါ်အခြေခံတဲ့ (ပါလက်စတိုင်း) နိုင်ငံတည်ထောင်ဖို့။ နောက်ပြီး ၂၀၁၂ မေ ၅ ရက်မှာ ဥပဒေပြုရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ အဖွဲ့အစည်းတစ်ရပ်ရှိဖို့တို့ ဖြစ်ပါတယ်။ ဒါတွေကို ဟားမားအဖွဲ့ကလည်း သဘောတူထားပါတယ်။ ဒီအချက်တွေက ဆက်လုပ်စရာတွေ လိုအပ်နေပါတယ်။ ပါလက်စတိုင်းအဖွဲ့အစည်းတွေအားလုံး ပီအယ်လ်အိုအဖွဲ့ထဲ ဘယ်လိုပါမယ်ဆိုတာတွေကိုလည်း ဆွေးနွေးမှာ ဖြစ် ပါတယ်။
ဒီရက်ပိုင်းမှာ အစ္စရေးဟာ ပါလက်စတိုင်းအကျဉ်းသားတွေကို လွှတ်ပေးနေတယ်နော်။ နောက်ထပ်ဘာများ သမ္မတကြီးမျှော်လင့်ထားသေးလဲ။
အစ္စရေးစစ်သားရှာလစ်ပြန်ပေးဆွဲခံခဲ့ရပြီး သူ့ကိုလွှတ်ပေးရေးအတွက် စေ့စပ်ခဲ့တာတွေက ငါးနှစ်ကြာခဲ့တယ်။ အီဂျစ်ရဲ့ ကြားဝင်မှုနဲ့ ဟားမားစ်နဲ့ အစ္စရေးအကြား သဘော တူညီမှုရခဲ့တယ်။ အကျဉ်းသား ၁၀၂၇ ဦးရှိပါတယ်။ ပထမအဆင့်မှာ လေးရာလွှတ်ပေးပြီး ကျန်တဲ့သူတွေကို ဒုတိယအဆင့်မှာ လွှတ်မှာပါ။ အစ္စရေးဝန်ကြီးချုပ်ဟောင်း အီဟွတ်ဘိုလ်မတ်နဲ့ ကျွန်တော် သဘောတူညီမှုတစ်ခုလုပ်ခဲ့တုန်းက ရှာလစ်ကိုလွှတ်ပေးရင် အစ္စရေးဘက်က လည်း ပါလက်စတိုင်းအာဏာပိုင်အဖွဲ့အတွက်အကျဉ်းသား တွေကို လွှတ်ပေးမယ်လို့ ဆိုထားခဲ့တယ်။ နေတန်ညာဟုကတော့ ဒီသဘောတူညီချက်ကို ရှုတ်ချခဲ့တယ်။ ပြီးခဲ့တဲ့ တစ်နှစ်လောက်က သမ္မတအိုဘားမားက သူလည်း နေတန်ညာဟုနဲ့ အကျဉ်းသားတွေလွှတ်ပေးဖို့ အကြောင်း ဆွေးနွေးမယ်လို့ ကျွန်တော်ကို ပြောခဲ့တယ်။ ပြီးတော့ အားလုံး မေ့လျော့ခံခဲ့ရတယ်။ ဒါ့ကြောင့် အကျဉ်းသားကိစ္စ က စိတ်စေတနာကောင်းနဲ့သာမကဘဲ အပြန်အလှန်ပူးပေါင်းမှု၊ အားထုတ်မှုတွေနဲ့ပါ ဖြေရှင်းရမှာ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးမှာ ဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်လို့ မရှောင်လွှဲနိုင်တဲ့ မေးခွန်းတစ်ခုကတော့ ဆီးရီးယားမှာ ဖြစ်နေတဲ့ ကိစ္စပါပဲ။ ဆီးရီးယားမှာ ဖြစ်နေတဲ့ကိစ္စတွေက ပါလက်စတိုင်းအပေါ် သြဇာ သက်ရောက်မှုရှိပါသလား။
တရားဝင်အမြင်ရှုထောင့်ကသာပြောရရင် ကျွန်တော်တို့အဲဒီမှာ ၀င်မပါပါဘူး။ အဲဒီမှာ ဖြစ်ပျက်နေတာတွေနဲ့ ကျွန်တော်တို့ မရောနှောပါဘူး။ ဒါပေမဲ့ ပြည်သူတွေရဲ့ဆန္ဒကို လေးစားကြောင်းတော့ ကျွန်တော်တို့ဖော်ပြထားပါတယ်။ လူတွေတောင်းဆိုနေတာကို ကျွန်တော်တို့အတည်ပြုထောက်ခံထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လေ့လာနေ ပါတယ်။ ဆီးရီးယား (သို့မဟုတ်) အီဂျစ်၊ တူနီးရှားတို့မှာ ဘာဖြစ်ဖြစ် ကျွန်တော်တို့ ၀င်မပါပါဘူး။ ကျွန်တော်တို့ ဆီးရီးယားက ဖြစ်စဉ်တွေကို စောင့်ကြည့်နေတယ်။ ဒီထက် မပိုပါဘူး။
သမ္မတကြီးဟာ ပြင်သစ်သမ္မတ ဆာကိုဇီနဲ့ပါရီမှာတွေ့ခဲ့တယ်။ ဥရောပကောင်စီဥက္ကဋ္ဌ ဗန်ရွမ်ပိုင်နဲ့ ဘရပ်ဆဲလ်မှာ တွေ့ခဲ့တယ်။ ပြီးတော့ အိုက်စလန်နိုင်ငံက ပါလက် စတိုင်းနိုင်ငံကို ၁၉၆၇ နယ်စပ်မျဉ်းတွေအတိုင်း လက်ခံခဲ့တယ်ဆိုတော့ ..။
ကျွန်တော်တို့က ကျူးကျော်မှုဒဏ်ခံနေရတဲ့ ပြည်သူတွေပါ။ ကျွန်တော်တို့ရဲ့ လွတ်လပ်ခွင့်ကို တောင်းဆိုနေတာပါ။ ကျွန်တော်တို့ ငြိမ်းချမ်းရေးကို ယုံကြည်တယ်။ နိုင်ငံ တကာရဲ့ တရားဝင်အသိအမှတ်ပြုမှုကို ယုံကြည်တယ်။ တိုင်းပြည်တွင်းမှာလည်း ငြိမ်းချမ်းရေးဓလေ့ကို ကျင့်သုံးနေတယ်။ နိုင်ငံတကာ ဗဟိုဘဏ်တွေနဲ့ အလှူရှင်တွေက လည်း ကျွန်တော်တို့ရဲ့ စာရင်းဇယားတွေဟာ ပွင့်လင်းမြင်သာမှုရှိတယ်ပြောထားတယ်။ ဒါဆို ကျွန်တော်တို့ဘာတွေလွဲနေသလဲ။ အဓိက ပြဿနာကတော့ အစ္စရေးက ကျွန်တော်တို့ကို ငြင်းဆန်နေပြီး အဲဒီကို အမေရိကန်က အတည်ပြုပေးနေတာပါ။ ကျွန်တော်တို့ဟာ အမြဲတမ်းပဲ သူတို့နဲ့ စေ့စပ်ဆွေးနွေးချင်ခဲ့ပြီ ငြိမ်းချမ်းရေးဟာ ပါလက် စတိုင်းတွေ အတွက်သာမကဘူး အစ္စရေးတွေနဲ့ ဒီဒေသတွင်းအတွက်၊ နိုင်ငံတကာအကျိုးစီးပွားရေးအတွက် အရေးကြီးတယ်ဆိုတာ ပြောခဲ့ပါတယ်။ ဒါ့ကြောင့် ဖိအားပေး တယ်ဆိုတာ ငြင်းဆန်နေတဲ့သူတွေ၊ ငြိမ်းချမ်းရေးလမ်းမှာ ပိတ်ရပ်နေသူတွေကို ဖိအားပေးရမှာပါ။ ကျွန်တော်သူတို့ကို ပြောတယ်။ “ဒီမှာ ကျုပ်တို့အနေအထား ရှင်းရှင်းနဲ့ ဘွင်းဘွင်းပဲပြောပါ။ ကျုပ်အမှားက ဘာလဲလို့။ ကျုပ်က အမှားကိုပြင်ဖို့ အဆင်သင့်ပါပဲ” ဒါပေမဲ့ သူတို့ ဘာအမှားမှ ရှာမတွေ့ကြဘူးလေ။
Ref: 'Abbas Ready to Correct Errors" Euronews:16 Dec.


