မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် တောင်ပေါ်ပြည်ညောင်ရွှေမြစ်ဆုံကွေ့အနီးတွင် တောင်ကြီး-မိတ္ထီလာပြေးဆွဲနေသော ရွှေခြင်္သေ့မှန်လုံယာဉ်အသင်းမှ မော်တော်ယာဉ်တစ်စီးသည်ဖေဖော်ဝါရီ ပထမပတ်အတွင်းက အရှိန်လွန်ပြီးချောက်ထဲထိုးကျသွားရာ ခရီးသည် လေးဦးပွဲချင်းပြီး သေဆုံးပြီး ၁၆ ဦး ပြင်းထန်စွာဒဏ်ရာရရှိသွားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှသတင်းရရှိသည်။
တောင်ကြီး-မိတ္ထီလာပြေးဆွဲသော ရွှေခြင်္သေ့အသင်းမှ မှန်လုံယာဉ် ၆ခ/xxx သည် ဖေဖော်ဝါရီ ၆ ရက်နံနက် ၉ နာရီခန့်တွင် ခရီးသည် ၃၀ဦးတင်ဆောင်၍ ယာဉ်မှူးအေး မောင်(ခ)ကရင်ကြီး (၄၀)နှစ် မောင်းနှင်ပြီး မိတ္ထီလာမြို့သို့ထွက်ခွာလာရာ သာစည်မြို့နယ် တောင်ကြပ်စခန်းရွာနှင့်ပြည်ညောင်ရွာအကြား မိုင်တိုင် ၄၇/၃ နှင့် ၄၇/၄ အကြား
မြစ်ဆုံကွေ့၌အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျခဲ့ခြင်းဖြစ်သည်။
ယာဉ်ပေါ်ပါရှိသော မြင်းခြံမြို့နယ် သင်္ဘောပင်ကျေးရွာနေ မစန်းစန်းအေး (၃၅)နှစ် (ဘ) ဦးသိန်းမောင်၊ ရွှေညောင်မြို့ အမှတ်(၁) ရပ်ကွက်နေ ဒေါ်ညွှန့်ရီ (၅၆ နှစ်)
(ဘ)ဦးဘို၊ မိတ္ထီလာမြို့နယ် ပျဉ်သာကျေးရွာနေ စပယ်ယာ မောင်ဇော် (၂၇)နှစ် (ဘ) ဦးဝင်းမြင့် မိတ္ထီလာမြို့နယ် ရှားပင်ကျေးရွာနေကိုအောင်စိုး (၃၀)နှစ် (ဘ)ဦးထွန်းမြိုင်တို့ပွဲချင်းပြီးသေဆုံးပြီး ကျား(၈)ဦးနှင့် မ(၈)ဦး စုစု ပေါင်း ၁၆ ဦး၊ အပြင်းအထန်ဒဏ်ရာရရှိသွားပြီး ဒဏ်ရာရရှိသူများအား ယင်းမာပင်နှင့် သာစည်
မြို့နယ် ဆေးရုံများသို့ အရေးပေါ်တင်ပို့ကုသထားရှိကာ ယာဉ်မှူးအေးမောင်(ခ)ကရင်ကြီး(၄၀နှစ်)အား ယင်းမာပင်ရဲစခန်းက (ပ)၁၈/၂၀၁၂ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၀၄ (က)/၃၃၈/၃၃၇ တို့အရ အရေးယူဆောင်ရွက်ထားသည်။


