May 20, 2012

ချင်းတွင်းမြစ်ရေ အရည်အသွေးသုံးစွဲရန်သင့်လျော်ဆဲ

Photo
ရန်ကုန်၊ ဇန်န၀ါရီ-၂၆

ချင်းတွင်းမြစ်အတွင်းရှိ ရေအရည်အသွေးသည်  ၂ နှစ်အတွင်းတိုင်းတာခဲ့သော ရလဒ်များအရ သံဓာတ်နှင့် နောက်ကျိမှုနှုန်းတက်လာသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်သော ကောင်းမွန်သည့်ရေအရည်အသွေးစံနှုန်းများနှင့်ကိုက်ညီနေသေးကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ချင်းတွင်းမြစ်ရေ၏ ရေအရည်အသွေးတိုင်းတာရာတွင် ထိုသတ်မှတ်ချက်များနှင့် ကိုက်ညီနေဆဲဖြစ်သည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားသော သုံးစွဲရန်
သင့်တော်သည့်ရေမှာ  သံဓာတ် ၀ ဒသမ ၃ နှင့် ၁ အကြားနှင့် ကလိုရင်း ၂ နှင့် ၁၀ ကြား ရေအရည်အသွေး(PH) ၆ ဒသမ ၅ မှ ၉ ဒသမ ၂ အတွင်းရှိရန်၊ နောက်ကျိမှု ၂၀ ntu ထက်မနည်းရန်ဖြစ်သည်။

ချင်းတွင်းမြစ်တစ်လျှောက် ၂၃ နေရာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားသော စံနှုန်းသတ်မှတ်ချက်များအတိုင်း တိုင်းတာခဲ့သည်။  “အားလုံးကို ခြုံပြီးပြောရရင် သောက်လို့ရသေးတယ်။ သုံးသပ်ပြောရရင် ပြောခဲ့တဲ့ ဓာတ်သုံးမျိုးက တက်လာတယ်။ ကျန်တဲ့ကလို ရိုက်နဲ့ ရေသွက်ရေစေး။ အမိုးနီးယားနဲ့ နိုက်ထရိုက်တို့က နည်းလာ တယ်။ ဖလူရိုက်၊ နိုက်ထရက်အက်ဆစ်သတ္တိနဲ့ ဖလူရိုက်တို့ PH တို့ကတော့ အရင်တိုင်းပဲ”ဟု အ ထက်ပါပုဂ္ဂိုလ်ကပြောသည်။

ချင်းတွင်းမြစ်၏ ရေမျက်နှာပြင်နှင့် ရေအနက်  ၀ ဒသမ ၆ တို့တွင် တိုင်းတာထားခြင်းဖြစ်သည်။ သံဓာတ်ပါဝင်မှုများပါက စိုက်ပျိုးရေးလုပ်ငန်းပစ္စည်းများသံချေးတက်ခြင်းတို့ ဖြစ်ပွားတတ် ပြီး  ကလိုရင်းဓာတ်များသော ရေကို ၁၅ နှစ်ကျော်သောက်သူ များသည် ကင်ဆာဖြစ်ပွားနှုန်းကို ပိုများစေသည်။နောက်ကျိမှုများခြင်းသည် ရေတွင် ပျော်ဝင်သော အောက်ဆီဂျင်ဓာတ်ကို လျော့ကျစေခြင်းကြောင့်ဂေဟဗေဒစနစ်ကို ထိခိုက်စေသည်။

ချင်းတွင်းမြစ်သို့ စီးဝင်သော ဥရုမြစ်ကြောင်းသည် ကျောက်တူးဖော်မှုနှင့် ရွှေတူးဖော်မှုများကြောင့် နောက်ကျိမှုများသည်။ ထို့ကြောင့် ချင်းတွင်းမြစ် နှင့် ဥရုမြစ်ဆုံစည်းရာ ဟုမ္မလင်းမြို့ အောက်ဘက်တွင် ချင်းတွင်းမြစ်၏ နောက်ကျိမှုပိုများသည်။ချင်းတွင်းမြစ်နှင့် ဥရုမြစ်မှ စီးဆင်းလာသော ရေကြည်တစ်ဝက်နှင့် ရေနောက်တစ်ဝက်သည် ပေပေါင်း ၁၀၀ မှ ပေါင်းစည်းပြီးထိုပေါင်းစည်ပြီးသော ချင်းတွင်းမြစ်ရေသည် ပိုနောက်ကျိကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။