ဒီတစ်ပတ်တော့ဝိုက်ဖီက ခပ်ရိုးရိုးဟင်းလေးတစ်ခွက်ကို ပြင်ဆင်ချက်ပြုတ်ထားပါတယ်။ ဒီဟင်းကပုံမှန်အားဖြင့်တော့ ခ၀ဲသီးသပ်သပ်ကိုပဲ ကြော်ချက်လုပ်စားကြတာပါ။ ၀ိုက်ဖီက အခုပြင်ဆင်ထားတာ ကြော်ချက်ဆိုပေမယ့် အရည်လေးနဲ့လည်း ဟင်းချိုအဖြစ် သုံးဆောင်နိုင်မှာပါ။
ဒီဟင်းချက်ဖို့ ခ၀ဲသီအနေတော် နှစ်တောင့်။ ကြာဆံအနည်းငယ်နှင့် ပုစွန်ခြောက်တို့ပဲလိုပါတယ်။ အပေါ်ယံအခွံခြစ်ထားပြီး လက်နှစ်သစ်စာလောက်စီ လှီးထားပါ။ စချက်တော့မယ်ဆိုရင် ကြက်သွန်
နီ ပါးပါးလှီးထားတာကို အရင်ဆီသတ်ပါမယ်။ ဆီသတ်ပြီးတာနဲ့ ရေစိမ်ထားတဲ့ပုစွန်ခြောက်ပျော့ပျော့လေးတွေ ထည့်ပါမယ်။ ပြီးရင် ခ၀ဲသီးထည့်ပြီး ဟင်းခပ်မှုန့် ငံပြာရည်တို့ထည့်ပါမယ်ကြာဆံထည့်ဖို့ရေနည်းနည်းထည့် ပြီးမှ ကြာဆံထည့်ပါ။ ကြာဆံနူးသွားပြီဆိုရင် ငရုတ်ကောင်းစေ့လေးတွေကို အစေ့ကွဲရုံထုထားတာလေး ထည့်အုပ်ပြီး ချလို့ရပါပြီ။
ကြော်ချက်ပဲဆိုရင်တော့ ရေစပ်စပ်လေးမှာချလို့ရပါပြီ။ ဟင်းချို ဆိုရင်တော့ ရေနဲ့ချရမှာပေါ့။ ဟင်းချိုချက်ဖို့ရည်ရွယ်ထားရင်တော့ ကြက်သားပြုတ်ရည်လေးနဲ့ဆိုရင် ပိုအရသာရှိစေမှာပါ။


