ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်များ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာ ခြင်းတွင် လူမှုရေးနှင့် စီးပွားရေး ဆိုင်ရာ တိုင်းပြုပြည်ပြုအဖွဲ့အ စည်းကြီးများ လိုက်ပါတိုးတက် ခြင်းကို မမြင်တွေ့ရပေ။
ယင်းအ ဖွဲ့အစည်းကြီးများ တစ်ပြိုင်နက် ဖွံ့ဖြိုးတိုးတက်လာမှသာ မျှခြေညီ သည့်၊ အားလုံး ပါဝင်ခံစားနိုင် သော ရေရှည်ထိန်းသိမ်းထားနိုင် မည့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်နိုင် သည်။
သမိုင်း၏နိဂုံးကို ကျွန်ုပ်တို့ မရောက်ရှိသေးသော်ငြားလည်း ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ် သည် လက်ရှိကျွန်ုပ်တို့ နေထိုင် သော ပထ၀ီဝင်ဒေသ၏အဆုံးနား ဆီသို့ ချဉ်းကပ်လာပြီဖြစ်သည်။ အကြမ်းအားဖြင့် ၁၉၈၀ ခုနှစ် ခန့်မှစတင်ခဲ့သော တတိယစက်မှု တော်လှန်ရေးသည် နိုင်ငံတကာ အသိုင်း အ၀ိုင်းတွင် ကျွန်ုပ်တို့၏ အပြန်အလှန်ဆက်ဆံရေးများကို ပြောင်းလဲစေခဲ့ပြီး အချိန်နှင့်နေရာ ကျဉ်းကျုံ့မှုများဖြစ်ပေါ်လာစေခဲ့ သည်။
ကုန်စည်များ၊ ၀န်ဆောင်မှု များ၊ ငွေကြေးအရင်းအနှီး၊ နည်း ပညာအိုင်ဒီယာများ၊ သတင်းအ ချက်အလက်များ၊ တရားဥပဒေ စနစ်များ၊ လူများ အရှိန်အဟုန် ဖြင့် နယ်စပ်ဖြတ်ကျော် အပြန်အ လှန်စီးဆင်းမှုသည် နိုင်ငံအများ အပြားအတွက် လိုလားအပ်သော အရာဖြစ်သလို ပြန်လည် ပြောင်း ပြန်လှန်၍ ရသည့်အခြင်းအရာ လည်း မဟုတ်ပေ။ ဂလိုဘယ် လိုက်ဇေးရှင်းဖြစ်စဉ်ကြောင့်ပင် ယင်းနိုင်ငံများ၏ လူနေမှုအဆင့်အတန်းလည်း မြင့်မားလာခဲ့ပြီဖြစ် သည်။ အချို့နိုင်ငံများကမူ အထိန်း အကွပ်မဲ့စားသုံးမှုဝါဒထွန်းကား လာသည်ကို အခွင့်ကောင်းယူ၍ အမြတ်ကြီးစားမှုများ ဖြစ်ပေါ် လာရာ ၎င်းင်းတို့အနေဖြင့် ကော်ပိုရေးရှင်းကြီးများ၏ နယ်ချဲ့ဝါဒပျံ့နှံ့လာသည်ဟု ခံစားရ၍ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်မှ နောက်
တွန့်ဖွယ်ခွာနေကြသည်။
ဂလိုဘယ်လိုက်ဇေးရှင်းဖြစ် စဉ်မှာ အထိန်းအချုပ်မဲ့နေခြင်း မဟုတ်ပါ။ လူများ၏ ရွေ့လျားမှု မှာ တင်းတင်းကျပ်ကျပ်ကန့်သတ် ခံထားရသည်။ ငွေကြေးအရင်းအ နှီးများ စီးဆင်းမှုမှာ အချိုးညီညီ ဖြစ်ပေါ်မှုမရှိ။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း ချမ်းသာသော နိုင်ငံများမှ ဆင်းရဲသောနိုင်ငံများ သို့ နိုင်ငံရပ်ခြားဖွံ့ဖြိုးတိုးတက် ရေးအကူအညီအဖြစ် ပေးအပ်
သည့်ငွေကြေးမှာ နှစ်စဉ် ကန်ဒေါ် လာ ၅၀ မှ ၈၀ ဘီလီယံကြားရှိ သည်။ ယင်းကာလအတွင်းမှာ ပင် ချမ်းသာသည့်နိုင်ငံကြီးများ သို့ ဆင်းရဲသည့်နိုင်ငံများမှ ငွေကြေးများ တရားမ၀င်စီးဆင်းသွား မှုမှာ နှစ်စဉ် ကန်ဒေါ်လာ ၅၀၀ မှ ၈၀၀ ဘီလီယံကြားရှိသည်။ သို့ဆိုလျှင် စားပွဲပေါ်မှအကူအညီငွေ တစ် ဒေါ်လာရောက်ရှိသွားလျှင် အနောက်နိုင်ငံများသည် စားပွဲအောက်မှနေ၍ ဆယ်ဒေါ်လာ ပြန်လည်ရယူသွားသည်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ လူမြင်ကောင်းစေရန် ကျန်သည့်နိုင်ငံများအပေါ် ခြစားခြင်းနှင့်ပတ် သက်၍ နိုင်ငံကြီးများက လက် ချာရိုက်လိုက်ပါသေးသည်။
နိုင်ငံတကာဈေးကွက်များ နှင့်ချိတ်ဆက်ထားခြင်းနှင့် အ ဆက်ဖြတ်ထားခြင်းအတွက် ကုန်ကျစရိတ်နှင့် အကျိုးအမြတ်များ ကိုလည်း မညီမမျှခွဲဝေထားသည်။ စက်မှုနိုင်ငံကြီးများမှာ အပြန်အလှန်မှီခိုနေကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ စီးပွားရေးဆက်ဆံမှုများ တွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန် အလှန်အမှီသဟဲပြုနေကြရသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများသည် စက်မှုနိုင်ငံကြီးများအပေါ်တွင် အကြီးအ ကျယ်မှီခိုမှုလည်းရှိနေရာ ဘရာဇီး၊ အိနိယနှင့် တရုတ်နိုင်ငံတို့က ယင်းညီမျှခြင်းကို ပြောင်းလဲရန် ကြိုးစားနေကြသည်။
ဝင်ငွေအဆင့်အတန်းတွင် လည်း ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူ များအကြား တဖြည်းဖြည်း ကြီး မားလာသောကွာဟမှုဖြစ်ပေါ်နေ ပြီး ယင်းမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အကြား ကွာဟမှုရှိသလို၊ နိုင်ငံ တစ်နိုင်ငံချင်းစီတွင်လည်း ကွာဟ မှုရှိနေသည်။ နိုင်ငံများကြားတွင် ငွေကြေးအရင်းအနှီးများ လွတ် လွတ်လပ်လပ်စီးဆင်းခွင့်ရှိသော် လည်း အလုပ်သမားများ လွတ် လွတ်လပ်လပ်ရွေ့လျားသွားလာ နိုင်ခြင်းမရှိပေ။
ဆင်းရဲမွဲတေမှု၊ မညီမမျှမှု များနက်ရှိုင်းလာမှု။ ဆိုလိုသည်မှာ လူအချို့အား ကြီးပွားတိုးတက်စေ သော်လည်း လူများစုဘေးရောက် နေမှုနှင့် ဘေးဖယ်ခံထားရမှုမှာ လူမှုရေးနှင့် နိုင်ငံရေးမတည်ငြိမ်မှု အရှုပ်အထွေးများ ဖြစ်ပေါ်လာစေ နိုင်သည်။ ယင်းမှာ နိုင်ငံအချင်း ချင်းကြားတွင် ဖြစ်ပေါ်နိုင်သကဲ့ သို့ နိုင်ငံတွင်း၌လည်း ဖြစ်ပေါ်လာ နိုင်သည်။ ကမ္ဘာ့ဈေးကွက်များ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာ သော်လည်း ၎င်းင်းနှင့်အတူ အခြား လူမှုရေး၊ စီးပွားရေးအဖွဲ့အစည်း ကြီးများမှာ လိုက်ပါဖွံ့ဖြိုးတိုးတက် မှုမရှိပေ။ အလုပ်သမားအခွင့်အ ရေးများအား ငွေကြေးအရင်းအနှီး နှင့် အဆောက်အဦပိုင်ဆိုင်မှုအ ခွင့်အရေးများလောက် သည်းသည်းထန်ထန်အကာအကွယ် ပေးမထား။ ကုန်သွယ်ရေးနှင့်
ဘဏ္ဍာရေး ကမ္ဘာလုံးဆိုင်ရာစည်း မျဉ်းစည်းကမ်းများမှာ သာတူညီမျှ မရှိ။ ယင်းအခြေအနေက ချမ်းသာသည့်နိုင်ငံများနှင့် ဆင်းရဲသည့်နိုင် ငံများအပေါ် ကွဲပြားခြားနားသည့် သက်ရောက်မှုများဖြစ်ပေါ်စေပါ သည်။
ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အကျပ်အတည်းမတိုင်မီကပင် ဖွံ့ ဖြိုးဆဲနိုင်ငံအများအပြားသည် နိုင် ငံစီးပွားရေးအပေါ် အချုပ်အခြာ အာဏာပိုင်ဆိုင်မှု၊ ယဉ်ကျေးမှု ခိုင်မြဲရေး၊ လူမှုတည်ငြိမ်ရေးများ အပေါ် ဂလိုဘယ်လိုက်ဇေးရှင်း၏ မလိုလားအပ်သော သက်ရောက် မှုများအပေါ် စိုးရိမ်နေခဲ့ကြသည်။ ဘက်မညီသောနိုင်ငံများ၏အပြန် အလှန်မှီခိုမှုဆိုသည်မှာ အချို့နိုင် ငံများအနေဖြင့် နိုင်ငံတကာဈေး ကွက်များကိုမှီခိုနေရသေးသည် ဟု အဓိပ္ပာယ်သက်ရောက်နေရာ နိုင်သူစားကြေးစနစ်ကျင့်သုံး သည့် နိုင်ငံတကာဈေးကွက်များ နှင့် ကင်းကွာနေ၍ မရသေးပေ။
ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အကျပ်အတည်းကလည်း ထိ ရောက်သည့် စည်းမျဉ်းစည်းကမ်း ပြဋ္ဌာန်းရေးအင်စတီကျူးရှင်းများ မရှိပါက ဈေးကွက်၊ နိုင်ငံနှင့် လူ့အ ဖွဲ့အစည်းများသည် အထိန်းအ ကွပ်မဲ့စွာ နိုင်ငံဖြတ်ကျော်လာ သည့်အင်အားစုများကို ကိုင်တွယ် နိုင်စွမ်းရှိမည်မဟုတ်ကြောင်း သက်သေပြခဲ့ပါသည်။
ဂလိုဘယ်လိုက်ဇေးရှင်းသည် လူမှုစည်းကမ်းများကို မလိုက်နာ သည့်လူ့အဖွဲ့အစည်းများကို လည်း ပေါ်ပေါက်လာစေခဲ့ပြီး၊ အကြမ်းဖက်ဝါဒ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး တရားမ၀င်ရောင်းဝယ်မှု၊ အဖွဲ့အစည်းဖြင့် ပြစ်မှု ကျူးလွန်မှု၊ ပင်လယ်ဓားပြမှုနှင့် ကူးစက်ရောဂါပြန့်ပွားမှုများ နိုင်ငံဖြတ်ကျော်စီးဆင်းမှုကို အရှိန် အဟုန်မြင့်တက်စေခဲ့သည်။ ယင်း နိုင်ငံဖြတ်ကျော်လုပ်ငန်းကွန် ရက်များကြီးထွားလာမှုသည် နိုင်ငံတော်အဖွဲ့အစည်းများနှင့် လူမှု စည်းကမ်း လိုက်နာသည့် လူ့အဖွဲ့အစည်းများကို ခြိမ်းခြောက်နေပါ သည်။
သို့ဆိုလျှင် ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း ၏ စိန်ခေါ်မှုများကို မည်သို့ကိုင် တွယ်ထိန်းကျောင်းမည်နည်း။ မည်သည့်နိုင်ငံမှ ဒုတိယ မြောက် ကိုရီးယားမဖြစ်လို။ ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်ခြင်းသည် နေ့စဉ်ထွက်လာသည့်နေ လုံးကြီးကို ဆန့်ကျင်ခြင်းနှင့်တူ သည်ဟု အဆိုရှိပါသည်။ သို့သော် တစ်ခုရှိသည်မှာ မည်သည့်နိုင်ငံမှ လည်း ဒုတိယအိုက်စလန်၊ ဒုတိယ ဂရိ၊ ဒုတိယအိုင်ယာလန်မဖြစ် လိုပါ။ အဆုံးမရှိ(ကုန်သွယ်ရေး) လွတ်လပ်ခွင့်ပေးခြင်း၊ စည်းမျဉ်းစည်းကမ်းများ ဖျက်သိမ်းပေး ခြင်း၊ ငွေကြေးအရင်းအနှီးများ လွတ်လပ်စွာစီးဆင်းခွင့်ပြုခြင်း နှင့် နယ်စပ်ထိန်းချုပ်မှုများအား လုံး (အလုပ်သမားရွေ့လျားမှု များမှလွဲ၍) လျှော့ပေါ့ပေးခြင်း သည် သူ့ဘာသာသူထိန်းကျောင်း သွားမည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပေါများကြယ်ဝမှုကို ဖြစ်ပေါ်စေ သည်ဆိုသည့်အယူအဆမှာလည်း လေထဲတွင် တိုက်အိမ်ဆောက် ခြင်းဖြစ်ကြောင်း သက်သေပြခဲ့ကြ ပြီ။
ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အရေးတကြီး လုပ်ဆောင်ရမည့် အရာမှာ ရွှေရောင်အလယ်အ လတ်လမ်းကြောင်းကို ရှာဖွေရေး ဖြစ်သည်။ စင်ကာပူနှင့် ချီလီနိုင်ငံ များကဲ့သို့ ကျယ်ပြန့်လာသည့် ကမ္ဘာ့စီးပွားရေးမှပေါ်ထွက်လာ သော များပြားလှသည့်အခွင့်အ ရေးများအား မိမိတို့ ပြည်သူများ ၏အကျိုးအတွက် ကဲ့ယူအသုံး ချ ရေးဖြစ်သည်။ ယင်းသို့ အသုံးမချ နိုင်သော ဗဟိုနှင့် အနောက်အာ ဖရိကနိုင်ငံများမှာ ဂလိုဘယ်လိုက် ဇေးရှင်းမြစ်ကမ်းဘေးတွင် သောင်တင်ကျန်ရစ်ခဲ့ကြပါသည်။
—Ref: The dark side of globalization


