အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများက မကြာမီရောင်းချမည့် ကျပ်သုံး သိန်းအောက်တန်ဖိုးရှိ ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝါတိုင်
ပေါင်း ခုနစ်ရာကျော်ကို စိုက်ထူထားပြီးဖြစ်ကြောင်း ယင်းလုပ်ငန်းမှ စုံစမ်းသိရှိရသည်။
ပထမနှစ်စီမံကိန်းတွင် တန်ဖိုးနည်းဂျီအက်စ်အမ်မိုဘိုင်းဖုန်း လေးသန်းကိုစတင်ရောင်းချပေးမည်ဖြစ်ပြီး ကနဦးစီမံကိန်းအတွက် တာဝါတိုင်ပေါင်း တစ်ထောင့် လေးရာကျော် စိုက်ထူသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း က ပြီးခဲ့သည့်လများအတွင်းက ပြည်တွင်းမီဒီယာများသို့ ပြောကြားခဲ့သည်။လက်ရှိ စိုက်ထူထားပြီးဖြစ် သည့် တာဝါတိုင်ပေါင်း ခုနစ်ရာ ကျော်မှာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပါအ၀င် အခြားမြို့များတွင်ဖြစ်ကြောင်း စိုက်ထူ ရန် ကျန်ရှိနေသေးသည့် တာဝါ တိုင် ခြောက်ရာကျော်ကို ပထမ နှစ်စီမံကိန်းကာလအတွင်း ဆက်လက်တည်ဆောက်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မိုဘိုင်းဖုန်း ဆက်သွယ်မှုကွန်ရက်စနစ်မှာ ထပ်မံချထားပေးမည့် တန်ဖိုးနည်းဂျီအက်စ်အမ် ဖုန်းအင်အားအတွက်သာမက လက်ရှိအသုံးပြုနေသည့် မိုဘိုင်း
ဖုန်းလိုင်းများအတွက်ပင် လုံလောက်မှုမရှိခြင်းကြောင့် ထိုကဲ့သို့ တာဝါတိုင်အရေအတွက်ကို ထပ်မံတိုးချဲ့ရခြင်းဖြစ်သည်ဟု သိရသည်။ထို့ကြောင့် ယခုအချိန်အထိ တည်ဆောက်ပြီးစီးထားပြီဖြစ် သည့် တာဝါတိုင်အရေအတွက် သည် မကြာမီတွင် အသုံးပြုနိုင်တော့မည့် ကျပ်သုံးသိန်းဝန်းကျင် ဖုန်းများအတွက်သာမက လက်ရှိ
အသုံးပြုနေသည့် ဂျီအက်စ်အမ် ဖုန်းလိုင်းများ၏ ဆက်သွယ်မှုစနစ်များကိုပါ ပိုမိုကောင်းမွန်သွား မည်ဖြစ်ကြောင်း အထက်ပါလုပ်ငန်းမှ တာဝန်ရှိသူထံမှသိရသည်။
မြန်မာ့ဆက်သွယ်ရေး လုပ် ငန်းအနေဖြင့် ယင်းတာဝါတိုင် တည်ဆောက်မှုစီမံကိန်းကို ပြီးခဲ့သည့်နှစ် ဇူလိုင်လ၀န်းကျင်ခန့်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။


