May 20, 2012

စစ်တွေအခြေစိုက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအဖွဲ့ ဖွဲ့စည်း

Photo
7Day News Journal
စစ်တွေ၊ ဖေဖော်ဝါရီ-၈

မင်းသိန်းအောင်

ရခိုင်ပြည်နယ်ကိုယ်စားပြု စစ်တွေမြို့အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအဖွဲ့တစ်ခုကို ဇန်န၀ါရီလ ၂၉ ရက်က စစ်တွေမြို့ အရှေ့ဘက်ကမ်းနားလမ်းဧစေတီ၌ ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

တက်ရောက်လာကြသော မြို့ပေါ် လူထုများဖြင့် အဆိုပါအဖွဲ့အစည်းအားဖွဲ့စည်းခဲ့ကြခြင်းဖြစ်ပြီး ရခိုင်ဒေသတွင်း၌ ဖြစ်ပျက်နေသော အကြောင်းအရာများကို အစိုးရနှင့် သက်ဆိုင်ရာများသို့ တိုက်ရိုက်တင်ပြတောင်းဆိုမှုများ ပြုလုပ်သွားရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။