ပြည်တွင်းရေကြောင်းပို့ဆောင် ရေးလုပ်ငန်းမှ ပုဂ္ဂလိကသို့ လွှဲ ပြောင်းလုပ်ကိုင်ခွင့်ပေးခဲ့သည့် ပြည်တွင်းသင်္ဘောလိုင်းများအနက် စစ်တွေ-ကျောက်ဖြူ-တောင်ကုတ်
ခရီးစဉ်ကို လုပ်ကိုင်ခွင့်ရရှိခဲ့သည့် ဦးကျောက်တောင် ကုမ္ပဏီမှ ပြေးဆွဲနေသည့် အောင်တံခွန်ပြည် တွင်းသင်္ဘောများကို ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးလုပ်ငန်း ထံ ပြန်လည်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ပုဂ္ဂလိကကုမ္ပဏီမှ သင်္ဘောများကို ပြည်တွင်းရေကြောင်းပို့ ဆောင်ရေးဌာနသို့ ပြန်လည် လွှဲ ပြောင်းပေးလိုက်ခြင်းမှာ တွက်ခြေ မကိုက်သည့်အတွက် လွှဲပြောင်းပေး လိုက်ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက်က ဖြစ်ပေါ်ခဲ့သည့် အောင်တံခွန်သင်္ဘော ၂ ကျောက် ဆောင်ဖြင့်တိုက်မိခဲ့သည့်ကိစ္စနှင့် မသက်ဆိုင်ကြောင်းသိရသည်။ ယခုအခါ စစ်တွေ- ကျောက်ဖြူ-တောင်ကုတ် ခရီးစဉ်ကို ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းမှ ဆက်လက်ပြေးဆွဲပေးနေပြီး အပတ်စဉ် အင်္ဂါနေ့နှင့်သောကြာနေ့များတွင် ပြေးဆွဲပေးနေပြီး အခြားရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ပုဂ္ဂလိကသင်္ဘော လိုင်းများမှ ဆက်လက်ပြေးဆွဲနေကြောင်း သိရသည်။


