Feb 23, 2012

စာကြည့်တိုက်ဖောင်ဒေးရှင်း ရန်ပုံငွေကျပ်သိန်းပေါင်း တစ်သိန်းခွဲကျော် ရရှိထား

ရန်ကုန်၊ ဇန်န၀ါရီ-၂၂

မြန်မာနိုင်ငံ စာကြည့်တိုက် ဖောင်ဒေးရှင်းတွင် ရန်ပုံငွေ သိန်းပေါင်းတစ်သိန်းခွဲကျော် ရရှိနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်
ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။

“ကျေးရွာတိုင်းမှာ စာကြည့် တိုက်များ ရှိလာပါပြီ။ နိုင်ငံတော် ရဲ့အားက ကျပ်ငွေ ၀မ်းဘီလီယံလောက်ရှိပါတယ်၊ စေတနာရှင် ပြည်သူများရဲ့အားနဲ့ ဒေသခံပြည် သူများရဲ့အားက ဆယ့်လေး ဒသမငါးဘီလီယံကျပ်ငွေ (သိန်းပေါင်းတစ်သိန်းခွဲကျပ်) ပါဝင်ပါတယ်”ဟု  ဇန်န၀ါရီ ၂၂ ရက်က ကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုး
တိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ၎င်းကပြောသည်။ အဆိုပါအားများဖြင့် နိုင်ငံ တစ်ဝန်းလုံးရှိ ကျေးရွာတိုင်းတွင် စာကြည့်တိုက်များ တည်ထောင် ဖွင့်လှစ်ပေးထားကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

လူတိုင်းစာဖတ်စေရန် စာဖတ်ရှိန်မြှင့်တင်ပေးပြီး စာငှားကတ်စနစ်ကျင့်သုံးကာ အဆောက်အအုံ၊ ပရိဘောဂနှင့် စာကြည့်တိုက်မှူးထားရှိနိုင်အောင် စာ ကြည့်တိုက်ဖောင်ဒေးရှင်း၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် အများ ပြည်သူများက ၀ိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။