အကျပ်အတည်း တစ်ခုအား အခွင့် အရေးအဖြစ် အ လှည့်အပြောင်းဖြစ်စေခဲ့သော အီတလီဝန်ကြီးချုပ် မာရီယိုမွန်တီ၏ အရည်အချင်းမှာ နောင်တစ်ချိန်ကျလျှင် နိုင်ငံရေးနှင့်ဆက်စပ် သော စီးပွားရေးတစ်ရပ်ကိုလေ့ လာရန် နမူနာကောင်းဖြစ်နိုင်သည်။ ပညာရှင်ဆန်သော အီတလီ ၀န်ကြီး ချုပ်မွန်တီတစ်ယောက် လွန်ခဲ့သည့် နိုဝင်ဘာလ ဆီဗီယို ဘာလူစကိုနီထံမှ ရာထူးဆက်ခံ ခဲ့ချိန်တွင် နိုင်ငံ၏ ဆယ်နှစ်သက် တမ်း ငွေတိုက်စာချုပ်အတွက် ပေးရသည့် အတိုးနှုန်းမှာ ၇ ရာ ခိုင်နှုန်းရှိပြီး ယင်းမှာ ဂရိ၊ အိုင်ယာလန်နှင့် ပေါ်တူဂီနိုင်ငံတို့အား နိုင်ငံတကာငွေကြေးအဖွဲ့ များ၏ ကယ်ဆယ်ရေးအစီအစဉ် များဆီသို့ တွန်းပို့ခဲ့သောနှုန်းထားဖြစ်သည်။ သို့သော် ယခုအခါ အီတလီငွေတိုက်စာချုပ်အတိုးနှုန်းမှာ ၅ ဒသမ ၅ ရာခိုင်နှုန်းသို့ ရောက်ရှိလာပြီဖြစ်သည်။ အတိုးနှုန်းမြင့်နေသေးသော်လည်း လမ်းကြောင်း မှန်ပေါ်သို့ ရောက်ရှိလာ ခြင်းဖြစ်သည်။
အီတလီကဲ့သို့ ကြွေးမြီမြင့် မားသောနိုင်ငံများ (ဂျီဒီပီ၏ ၁၂၀ ရာခိုင်နှုန်း)တွင် အဆိုးဘက်ရော အကောင်းဘက်ပါ ဆွဲဆောင်၍ မိမိကိုယ်ကို အားရကျေနပ်မှုရရန် ဟော ကိန်းထုတ်သူများရှိပါသည်။ အစိုးရတစ်ရပ် အရင်းပြုတ်တော့မည်ဟု ရင်းနှီးမြှုပ်နှံသူများက ထင်မြင်ပါက ငွေချေးငှားစရိတ် မြင့်တက်လာပြီး ယင်းက တစ်ဖန်ဒေ၀ါလီ ခံရမည့်အခြေအနေကို ဖန်တီးပါသည်။ ငွေကြေးလည် ပတ်မှုကောင်းနေသည်ဟု ဈေး ကွက်များက ထင်မြင်ပါက ငွေ ချေးငှားစရိတ်များ ကျဆင်းလာပြီး ကျရှုံးရန် အလားအလာလည်း နည်းပါးလာပါသည်။ အီတလီနိုင်ငံတွင် ယင်းအ ခြေအနေများ အဆင့်လိုက်ထပ်ထားသည်ကိုမြင်တွေ့ရသည်။ ပထမတစ်ဆင့်မှာ ပြည်တွင်းနိုင်ငံ ရေးလမ်းကြောင်းမှဖြစ်သည်။ အီတလီနိုင်ငံတွင် မာရီယွန်မွန်တီ အပေါ် ယုံကြည်စိတ်ချမှုရှိလွန်းအားကြီး၍ မွန်တီသည် ပင်စင် စနစ်ကို ပြုပြင်ပြောင်းလဲနိုင်ခဲ့သလို တစ်ဦးတည်း လက်ဝါးကြီးအုပ်ထားသော စက်မှုလုပ်ငန်းများ ကိုဖွင့်ထုတ်နိုင်ခဲ့ကာ အခွန်တိမ်း ရှောင်ခြင်း တိုက်ဖျက်ရေးအစီ အစဉ်ကို စတင်နိုင်ခဲ့သည်။ ယင်းက ငွေတိုက်စာချုပ်အတိုးနှုန်းများကို လျော့ကျစေခဲ့ပြီး မွန်တီ့အပေါ် ယုံကြည်စိတ်ချမှုကိုလည်း ထပ်မံတိုးပွားလာစေခဲ့သည်။
နောက်တစ်ဆင့်မှာ နိုင်ငံတ ကာ နိုင်ငံရေးလမ်းကြောင်းမှဖြစ် သည်။ ၀န်ကြီးချုပ်မွန်တီအပေါ် ယုံကြည်စိတ်ချမှုမှာ ဥရောပဗဟို ဘဏ်က ယူရိုဇုန်ဘဏ်များအားခရစ္စမတ် မတိုင်မီ အီတလီနိုင်ငံသို့ ယူရိုငွေဘီလီယံ ၅၀၀ ချေးငှားစေ သည့်အဓိကအကြောင်းအရာဖြစ် သည်။ ယင်းမှနေ၍ အီတလီနိုင်ငံ အား များစွာအမြတ်ထွက်စေခဲ့သည်။ အီတလီဘဏ်များ ငွေ ကြေးအတွက် မရေမရာဖြစ်နေမှုမရှိတော့ချိန်တွင် နိုင်ငံ၏ စက်မှုလုပ်ငန်းများကို ခြိမ်းခြောက်နေ သည့်ငွေကြေးအကျပ်အတည်းမှာ ယခင်က လောက် မဆိုးရွားတော့။ ထို့အပြင် အချို့သောဥရောပဗဟိုဘဏ်ငွေများ အစိုးရ၏ ငွေတိုက်စာချုပ်ဈေးကွက်ဆီသို့ စီးဝင် လာခဲ့ရာ အီတလီအစိုးရအတွက်ငွေချေးငှားမှု ကုန်ကျစရိတ်များ ကျဆင်းလာသည်။
မစ္စတာမွန်တီ၏ ယုံကြည် စိတ်ချနိုင်မှုအရည်အချင်းကလည်း ဂျာမနီဝန်ကြီးချုပ် မာကယ်လ်၏ ခြိုးခြုံချွေတာရေး မန္တန်များကို လျော့ပါးစေခဲ့သည်။ ယင်းအကျိုးဆက်မှာ အီတလီနိုင်ငံအား ဂရိပုံစံ ခြိုးခြုံချွေတာရေး သံသရာထဲကျဆင်းမည့် အန္တရာယ်မှ ကာကွယ်ပေးခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဘားရက်အို ဘားမားကပင် ယခင် ရက်သတ္တ ပတ်အတွင်း မစ္စတာမွန်တီနှင့် တွေ့ဆုံစဉ် ချီးကျူးစကားဆိုခဲ့ပြီး မစ္စတာမွန်တီသည် အီတလီနိုင်ငံအပေါ် ယုံကြည်မှုပြန်လည်ရရှိ အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဥရောပကိုလည်း ပို၍ယုံကြည်မှုများလာစေခဲ့ကြောင်း ချီးမွမ်းခဲ့သည်။ ယင်းအခြေအနေမှာ ဘာလူစကိုနီလက်ထက်ကနှင့် များစွာ ကွာခြားပါသည်။ ထိုစဉ်က ၀န်ကြီးချုပ် မှာ ပြည်တွင်း၌ ၎င်းအပေါ် စိတ်ချယုံကြည်မှုမရှိ၍ ပြုပြင် ပြောင်းလဲမှုများမလုပ်နိုင်ခဲ့သလို နိုင်ငံတကာကလည်း ၎င်းင်းအား လူသွမ်းကလေးဟု ရှုမြင်ခဲ့ရာ အိုဘားမား အပါအ၀င် နိုင်ငံခေါင်း ဆောင်အများအပြားက ဆေး ဖော်ကြောဖက်မလုပ်ခဲ့။ သို့သော် မစ္စတာမွန်တီသည် အောင်ပွဲရပြီ ဟုမကြေညာနိုင်သေးပါ။ အီတလီနိုင်ငံစီးပွားရေး သည် ယခုနှစ်တွင် ၂ ဒသမ ၂ ရာခိုင်နှုန်းဆုတ်ယုတ် သွားမည်ဟု နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့က ခန့်မှန်းထားပါသည်။ ကြွေးမြီပြဿနာကလည်း ပျော်ကွယ်မသွား သေးပေ။ ထို့အ တွက် ဂရိနိုင်ငံကဲ့သို့ ပေါက်ကွဲနိုင် သောလှုပ်နှိုးမှုများအတွက် အန္တ ရာယ်ရှိပါသေးသည်။
ကာလတိုဖွံ့ဖြိုးတိုးတက်မှုအတွက် မစ္စတာမွန်တီဘာမှ မတတ်နိုင်သလောက်ဖြစ်နေသော်လည်း ငွေတိုက်စာချုပ်အတွက်ပေးရမည့် အတိုးနှုန်းများ ထပ်မံကျဆင်းနိုင်ရန် နည်းလမ်းသုံးသွယ်ဖြင့် လုပ်ဆောင်နိုင်ပါသည်။ အလုပ်သမားရေးရာ ပြုပြင်ပြောင်းလဲမှု၊ အခွန်ငွေကောက်ခံခြင်းနှင့် ငွေကြေးသုံးစွဲမှုအခြေခံ ပုံသဏ္ဍာန်ပြောင်းလဲခြင်း၊ နိုင်ငံပိုင်လုပ်ငန်း များကို ပုဂလိကသို့ လွှဲပြောင်း ပေးခြင်းတို့ဖြစ်ပါသည်။ ယင်းသို့ သော ပြုပြင်ပြောင်းလဲမှုများမှာ ကုန်ထုတ်လုပ်မှုအပေါ် လက်ငင်းအကျိုးသက်ရောက်မှု မရှိနိုင်ပါ။ သို့သော် ရေရှည်တွင် ယုံကြည်စိတ်ချမှုတိုးပွားလာစေပြီး ထို့အတွက် နိုင်ငံ၏ ငွေချေးငှားစရိတ်ကို လျော့ကျလာစေပြီး နိုင်ငံကို မင်္ဂလာစက်ဝန်းထဲပို့ဆောင်နိုင် သည်။ မစ္စတာမွန်တီသည် အလုပ် သမားဈေးကွက်ကို ကောင်းစွာ ကိုင်တွယ်နေပြီဖြစ်ရာ အလုပ်သမားငှားရမ်းရေး၊ ဖြုတ်ပစ်ရေး မှာ လွယ်ကူလာသည်။ ယင်းမှာ ၎င်းင်းအပေါ် မဲဆနရှင်များ၏ ယုံ ကြည်စိတ်ချမှုအလွန်မြင့်မား(၅၇ ရာခိုင်နှုန်း)နေ၍သာ မစ္စတာမွန်တီတစ်ယောက် ဤမျှ လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ သက်ပြည့်ပင်စင် အသက်ကိုတိုးမြှင့်ပြီး အကျိုးခံစားခွင့် များဖြတ်တောက်ခဲ့သည့် ပင်စင် ပြုပြင်ပြောင်းလဲမှုများမှာလည်း သုံးနာရီကြာ ဆန္ဒပြမှုနှင့် ပြီးပြတ်သွားခဲ့သည်။
မစ္စတာမွန်တီအနေဖြင့် အခြေခံအကျဆုံး ပြုပြင်ပြောင်း လဲပေးနိုင်သောကိစ္စမှာ အီတလီ ၏ ကိုယ်ကျိုးကိုသာကြည့်သော ယဉ်ကျေးမှုကို ပြုပြင်ရေးဖြစ်နိုင်ပါသည်။ ၎င်းယဉ်ကျေးမှုမှာ စည်းကမ်းကိုမလိုက်နာဘဲ လိမ်လည် လှည့်ဖြားခြင်းကို ခေါင်းတစ်ညိတ်၊ မျက်စိတစ်မှိတ်ဖြင့် ခွင့်ပြုထားခြင်းဖြစ်သည်။ ၎င်းင်းယဉ်ကျေးမှုကို ဘာလူစကိုနီက အခွန်ရှောင်ခြင်းအပေါ် ပေါ့ပေါ့လျော့လျော့ ထားခြင်း (အီတလီတွင် အခွန် ရှောင်ခြင်းမှာ နိုင်ငံအတွက် ယူရို ၁၂၀ ဘီလီယံခန့်ရှိပြီး ဂျီဒီပီ၏ ၈ ရာခိုင်နှုန်း ရှိခဲ့သည်)နှင့် ပါလီမန်အား ၎င်း၏ကိုယ်ပိုင်အကျိုးစီးပွားအတွက် အသုံးချခြင်းများ ဖြင့် ပို၍ဆိုးရွားစေခဲ့ပါသည်။ မစ္စတာမွန်တီလက်ထက် တွင်မူ နိုင်ငံရေးလမ်းကြောင်းကို စတင်ပြောင်းလဲလိုက်သည်။ မွန် တီမှာ ထောင်လွှားမှုကင်းမဲ့ကာ တည်တည်ကြည်ကြည်ရှိပြီး ရိုးသားသည်ဟု သတ်မှတ်ခံရပြီး အခွန်လိမ်လည်မှုများကို မွန်တီက စတင် နှိမ်နင်းသောအခါ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။ သို့သော် ရှေ့လာမည့် အထွေထွေရွေးကောက်ပွဲတွင် နုတ်ထွက်မည်ဟု မစ္စတာမွန်တီက ကတိက၀တ်ပြုထားရာ၎င်း အနေဖြင့် ယဉ်ကျေးမှုပြုပြင်ပြောင်းလဲမှုလုပ်ဆောင်ရန် အဖိုးတန်အချိန်အနည်းငယ်သာရှိသည်ဟု အဓိပ္ပာယ်ရပါသည်။
သတင်းကောင်းမှာမူ ပြည် သူများက လက်ရှိအသုတ် နိုင်ငံရေးသမားများကို လုံးဝစိတ်ကုန် နေကြခြင်းဖြစ်သည်။ စစ်တမ်း ကောက်ယူရေးအဖွဲ့( SWG ) ၏ ကိန်းဂဏန်း များအရ ၎င်းတို့အ ပေါ် ထောက်ခံမှုမှာ ၁၂ရာခိုင်နှုန်းသာရှိသည်။ ထို့အတွက် လစ်လပ် သောနေရာများကို ဖြည့်ဆည်း ရန် နိုင်ငံရေးသမားသစ်များအတွက် အခွင့်အရေး ရလာမည်ဆို သည့်အဓိပ္ပာယ်ပင်ဖြစ်သည်။ ပါလီမန်အမတ်များကို မဲဆန္ဒရှင်များ က ရွေးချယ်ခြင်းထက် ပါတီခေါင်းဆောင်များက ရွေးချယ်သော ချွတ်ခြုံကျနေသည့် ဆနမဲစနစ်ကိုလည်း ပြုပြင်သွားနိုင်ခြေရှိပါသည်။ သို့သော် ရှင်းရှင်းပြတ်ပြတ် အနိုင်ရမည်ဟု အာမမခံနိုင် ပေ။ မည်သို့ပင်ဖြစ်စေ မစ္စတာမွန်တီ၏ အုပ်ချုပ်ရေးအစကတော့ ကောင်းခဲ့ပါပြီ။
—Ref: Monti turnaround can go much further


