May 20, 2012

ဆက်သွယ်ရေးဆိုင်ရာဥပဒေမူကြမ်း ဒုတိယအကြိမ်ပြင်ဆင်ဖြည့်စွက်၍ ရှေ့နေချုပ်ရုံးသို့ တင်ပြထား

ရန်ကုန်၊ ဇန်န၀ါရီ-၂၉

အသစ်ပြန်လည်ပြဋ္ဌာန်းမည့် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေမူ ကြမ်းအားယခုကာလတွင်ဝန်ကြီး ဌာနမှ ဒုတိယအကြိမ် ပြင်ဆင် ဖြည့်စွက်ထားပြီး ရှေ့နေချုပ်ရုံးသို့ စိစစ်အတည်ပြုရန် ထပ်မံတင် ပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ပထမအကြိမ် ရှေ့နေချုပ် ရုံးကို တင်ပြထားတဲ့ မူကြမ်းက ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာ ကျွန်တော် တို့ကို ပထမဆုံးအကြိမ် ပြန်ကြားပေးတဲ့အတွက် ကျွန်တော်တို့အ နေနဲ့ပြင်ဆင်ဖြည့်စွက်ပြီး ရှေ့အပတ်ထဲမှာ ပြန်ပို့ပါမယ်။ တကယ်လို့ ဒီမူကြမ်းကို ရှေ့နေချုပ်ရုံးက ပြင်ဆင်ဖြည့်စွက်တာ မရှိတော့ဘူးဆိုရင်တော့ အဆင့်ဆင့်နဲ့ လွှတ်
တော်အထိ တင်သွားမှာပေါ့”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဣတိလှက ရွှေပြည်တံခွန်နှင့် တွေ့ဆုံရှင်းလင်းပွဲတွင် သတင်းထောက်
များအား ပြောကြားသည်။

အဆိုပါ ဥပဒေမူကြမ်းမှာ ၂၀၀၉ ခုနှစ် ဇူလိုင်အတွင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပထမဦးဆုံးအကြိမ် သဘောထားမှတ်ချက်တောင်းခံတင်ပြထားခြင်းဖြစ်ပြီး ယခုရေးဆွဲလျက်ရှိသည့် ဥပဒေမူကြမ်းတွင် ဆက်သွယ်ရေးကဏ္ဍတွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံခွင့်နှင့် ပတ်သက်သည့် အချက်အလက် များပါဝင်ကြောင်း သိရသည်။   ပုဂ္ဂလိကကဏ္ဍတွင် ယခုရွှေပြည်တံခွန်မှတင်သင်းသည့် အဆိုကဲ့သို့ ပုဂ္ဂလိက  ဆက်သွယ်ရေးဝန် ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခွင့်များ ပါဝင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။