May 20, 2012

ဆင်းရဲနွမ်းပါးမှုလျော့ချရေး ICT ကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်

ရန်ကုန်၊ ဖေဖော်ဝါရီ-၂၁

နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေးစီမံချက်တွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာကဏ္ဍမှပါဝင်ဆောင်ရွက်ရန်အတွက် အမျိုးသား အဆင့်အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ကို နေပြည်တော်ရှိ မြန်မာကွန် ဗင်းရှင်းဗဟိုဌာနတွင် ဖေဖော်ဝါ ရီလ ၂၇၊ ၂၈ တွင်ကျင်းပတော့မည်ဖြစ်ကြောင်း   သတင်းရရှိသည်။

“ဒီအလုပ်ရုံဆွေးနွေးပွဲက   ICT Development  အတွက်အား စိုက်ပြီးပြောကြမယ့်ပွဲမဟုတ်ပါဘူး။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုဘယ်လိုလုပ်မလဲ၊ အဲ့ဒီလိုလုပ်တဲ့ အခါမှာအိုင်စီတီကဘယ်လောက်အရေးပါသလဲ။ အိုင်စီတီက ဘယ် လောက်အထိလုပ်ပေးနိုင်သလဲဆိုတာကို ဆွေးနွေးကြမယ့် work shop ဖြစ်တယ်” ဟု တာဝန်ရှိ သူတစ်ဦးက အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သတ်ပြီးပြောသည်။

ကျေးလက်နေပြည်သူများ၏ အခြေအနေများတိုးတက်လာစေရေးအတွက် သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန်အတွက် စီးပွားရေးနှင့် သက်ဆိုင်ရာနယ်ပယ် များမှ ကျွမ်းကျင်ပညာရှင်များ၊ အိမ်နီးချင်းနှင့် အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်သည့် စင်ကာပူ၊ အိန္ဒိယစသည့်နိုင်ငံများမှ ကျွမ်းကျင်သူများအားဖိတ်ခေါ် ရန် လျာထားကြောင်းသိရသည်။

“လူမှုစီးပွားဖွံ့ဖြိုးတိုးတက် မြင့်မားရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပမည့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်ရေးကို မြန်မာနိုင်ငံကွန်ပျူတာပညာဖွံ့ဖြိုး ရေးကောင်စီက လမ်းညွှန်ထားပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများက  ပူးပေါင်းကျင်းပသွားမည်ဟု ဖေဖော်ဝါရီ၂၁ရက်ကပြုလုပ်သော  သတင်းစာရှင်းလင်းပွဲမှသိရသည်။