ရေနံတင်ပို့သူနိုင်ငံများ(OPEC)ကဲ့သို့ ဆန်တင်ပို့သူနိုင်ငံများအဖွဲ့ OREC- Organization of Rice ExportCountries ဖွဲ့စည်းရန် ဆန်အများဆုံးတင်ပို့နေသော ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြန်မာနိုင်ငံဆန်စပါး အသင်းနှင့် လာရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ထိုင်းဆန်တင်ပို့သူများအဖွဲ့၏ တာဝန်ရှိသူများနှင့်
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူများဖေဖော်ဝါရီ၂၀ရက်တွင် ပါ့ခ်ရွိုင်ရယ်ဟိုတယ်၌ တွေ့ဆုံစဉ်ဆန်တင်ပို့သူများအဖွဲ့ဖွဲ့ရန် ကမ်းလှမ်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“သူတို့ဘက်ကလာတဲ့ အထဲမှာ အစိုးရအဖွဲ့နဲ့လာတာ။ကျွန်တော်တို့က အရပ်ဘက်အဖွဲ့အစည်းဖြစ်နေတော့ ၀န်ကြီးဌာနကိုတင်ပြရအောင် ချက်ချင်းကြီးတော့
မဖြစ်နိုင်ဘူး”ဟု မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းဗဟိုအလုပ်အမှုဆောင်ဒေါက်တာစိုးထွန်းက ပြောသည်။ အဆိုပါအဖွဲ့တွင် ထိုင်း၊ ဗီယက်နမ်အပါအ
ဝင် အရှေ့တောင်အာရှရှိ ဆန်အဓိကတင်ပို့သောသောနိုင်ငံများပါဝင်သည်။ ဆွေးနွေးမှုတွင် နှစ်နိုင်ငံမှ တာဝန်ရှိသူများက ဆန်စပါးလုပ်ငန်းနှင့်ပတ်သက်၍ လုပ်
ဆောင်နေမှုများအား အပြန်အလှန်နှီးနှောဖလှယ်ကြပြီး သိလိုသည်များကို မေးမြန်းခဲ့ကြသည်။ထိုအဖွဲ့ဖွဲ့စည်းဖြစ်ပါက စားနပ်ရိက္ခာဈေးနှုန်းမြင့်တက်ခြင်း၊တောင်သူများ အသီးအနှံဈေးနှုန်းကျသဖြင့် တွက်ခြေမကိုက်မှုဖြစ်ခြင်းနှင့် ရာသီဥတုဘေးအန္တရာယ်ကြောင့် ကြုံတွေ့လာရသော အခက်အခဲများအား ပူးပေါင်းဖြေရှင်းနိုင်မည်ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတချို့က သုံးသပ်ကြသည်။


