May 20, 2012

ဆီယာရာလီယွန် နိုင်ငံ သမ္မတ အားနက်စ်ဘိုင်ကိုရိုမာ

Photo

အားနက်စ်ဘိုင်ကိုရိုမာသည် အနောက်အာဖရိကရှိ ဆီယာ ရာလီယွန်နိုင်ငံ၏ စတုတ္ထမြောက် သမ္မတဖြစ်သည်။ ဆီရီယာရာလီ ယွန်၏ သမ္မတအဖြစ် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက် နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

ကိုရိုမာကို ၁၉၅၃ အောက် တိုဘာ ၂ ရက်နေ့တွင် ဆီ ယာရာလီယွန်နိုင်ငံ မြောက်ပိုင်း ဘွန်ဆာလီခရိုင် မာကီနီဒေ သတွင် မွေးဖွားခဲ့သည်။ နိုင်ငံ မြောက်ပိုင်း မွတ်ဆလင်အများစု နေထိုင်ရာဒေသတွင် မွတ်ဆလင် မျိုးရိုးမှ ဆင်းသက်လာသော်လည်းကိုရိုမာ ကိုယ်တိုင်မှာ ခရစ် ယာန်ဘာသာ သက်ဝင်ယုံကြည် သူတစ်ဦးဖြစ်သည်။ မွေးချင်းခုနစ် ယောက်အနက် အကြီးဆုံးဖြစ် သည်။ ဖခင်မှာ နိုင်ငံရေးတွင် တက်တက်ကြကြပါဝင်သူတစ်ဦး ဖြစ်ပြီး မိခင်မှာ မူလတန်းကျောင်း ဆရာမတစ်ဦးဖြစ်သည်။

ကိုရိုမာသည် မွေးရပ်မြေမာ ကီနီဒေသမှာပင် မူလတန်း တက် ရောက်သင်ကြားခဲ့ပြီး အထက်တန်း ပညာရေးကို အစိုးရယောက်ျား လေးအထက်တန်းကျောင်းတွင် သင်ယူခဲ့သည်။ ၎င်းင်းနောက် ဆီယာ ရာလီယွန်နိုင်ငံမြို့တော် ဖရီးတောင်းတွင် ကောလိပ်တက်ရောက်ခဲ့ပြီး ၁၉၇၆ တွင် ၀ိဇာဘွဲ့ရရှိခဲ့သည်။

ဖိုရာဘေးကောလိပ်မှ ကျောင်း ပြီးချိန်မှာပင် ကိုရိုမာသည် ၎င်းင်း၏ မွေးရပ်မြေမာကီနီရှိ စိန့်ဖရန့် စစ်အထက်တန်းကျောင်းတွင် ကျောင်းဆရာအဖြစ် ခန့်အပ်ခြင်း ခံရသည်။ ကျောင်းဆရာအဖြစ်   ၂ နှစ် လုပ်ကိုင်ပြီးနောက် ၁၉၇၈ တွင်ဆီယာရာလီယွန်နိုင်ငံအမျိုးသား အာမခံ ကုမ္ပဏီ တွင် ၀င် ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၈၅ တွင် ကိုရိုမာသည် အမျိုးသားအာမခံကုမ္ပဏီမှ Reliance အာမခံကော်ပိုရေး ရှင်းသို့ ပြောင်းရွှေ့လုပ် ကိုင်ခဲ့ပြီး ၎င်းင်းကော်ပိုရေးရှင်း၏ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်လာ ခဲ့သည်။ ဦးဆောင်ညွှန်ကြားရေး မှူးတာဝန်ကို ၁၄ နှစ်ကြာ လုပ်ကိုင်ခဲ့သည်။

အားနက်စ်ဘိုင်ကိုရိုမာသည် ဆီယာရာလီယွန်နိုင်ငံရေးတွင် ၂၀၀၂ တွင်မှ ထဲထဲဝင်ဝင် ပါဝင် ပတ်သက်လာခဲ့ပြီး ပြည်သူတစ်ရပ် လုံးဆိုင်ရာကွန်ဂရက်ပါတီ APC၏ ခေါင်းဆောင်နေရာအတွက် အမည်စာရင်းတင်သွင်းခဲ့သည်။ APC ပါတီခေါင်းဆောင်နေရာအ တွက် ယှဉ်ပြိုင်သူ ၇ ဦးရှိပြီး ရွေးချယ်ခံရရန် ရေပန်းစားသူမှာ ၀ါရင့် APC ခေါင်းဆောင် အက် ဒ၀ပ်တူရေးဖြစ်သည်။ ကိုရိုမာ ကမူ အက်ဒ၀ပ်တူရေး၏ ခေါင်း ဆောင်မှုအောက်တွင် တစ်ချိန်က ၎င်းင်း၏ဖခင် ထောက်ခံလှုပ်ရှား ပေးခဲ့သောပါတီသည် ပါလီမန် အမတ်နေရာ အများအပြားဆုံး ရှုံးခဲ့ပြီး ပြည်သူများ၏ယုံကြည် မှုလည်း မရရှိတော့ဟု အလေးအ နက်ပြောကြားပြီး တစ်ချိန်က ပါ တီ၏ အမာခံနယ်မြေဖြစ်ခဲ့သည့် နိုင်ငံမြောက်ပိုင်းမှာပင် ထောက်ခံ မှုကျဆင်းနေသည်ဟုပြောကြား သည်။ ပြည်သူများ၏ အကျိုးစီး ပွားအတွက် APC ပါတီကို လား ရာအသစ်ဖြင့် ခရီးဆက်ရမည်ဟု ကိုရိုမာကပြောကြားသည်။ ပါတီ ခေါင်းဆောင်ရွေးချယ်သောအခါ ကိုရိုမာကို ပါတီကိုယ်စားလှယ် များက တစ်ခဲနက်ထောက်ခံခဲ့ သည်။

APC ပါတီ၏ ခေါင်းဆောင် အဖြစ် ၂၀၀၂  ဆီယာရာလီယွန် သမ္မတရွေးကောက်ပွဲတွင် ကိုရို ၀င်ရောက်ရောက်ယှဉ်ပြိုင်ခဲ့သော် လည်း ဆီယာရာလီယွန် ပြည် သူ့ပါတီ SLPP မှ လက်ရှိသမ္မတ အာမက်တီဂျန်ကက်ဘားအား အပြတ်အသတ်ရှုံးနိမ့်ခဲ့သည်။ သို့ သော် ကိုရိုမာမှာ ဆီယာရာလီ ယွန်ပါလီမန်သို့ ရွေးချယ်ခံခဲ့ရ သည်။

APC ပါတီတွင်း၌လည်း ခေါင်းဆောင်ဟောင်းအက်ဒ၀ပ် တူရေး၏အုပ်စုနှင့် အငြင်းပွားမှု များရှိခဲ့ပြီး ကိုရိုမာမှာ ၂၀၀၅ တွင် ပါတီခေါင်းဆောင်အဖြစ်မှ ဖယ်ရှားခံရသည်။ သို့သော် ၂၀၀၇ အထွေထွေရွေးကောက်ပွဲ နီးလာသောအခါ APC ပါတီ အတွင်း ၎င်းင်းနှင့် သဘောထား မတိုက်ဆိုင်သူများက ကိုရို မာအား ပါတီ၏ ခေါင်းဆောင်အ ဖြစ် ပြန်လည်အသိအမှတ်ပြုခဲ့ သည်။

၂၀၀၇ သမ္မတရွေးကောက် ပွဲပထမအကြိမ်တွင် မစ္စတာ ကိုရိုမာက ပြိုင်ဘက် လက်ရှိ ဒုတိယသမ္မတဆော်လမွန်ဘီရီဝါ ပေါ်တွင် မဲအများစုဖြင့် အသာ ရရှိခဲ့သော်လည်း မဲအရေအတွက် ထက်ဝက်ကျော်မရရှိခဲ့ပေ။ သို့ ဖြင့် ဒုတိယအကြိမ် ထိပ်တိုက်မဲခွဲ ခြင်း ပြုလုပ်သောအခါ မစ္စတာကို ရိုမာက မဲအရေအတွက် ၅၄ ဒသ မ ၆ ရာခိုင်နှုန်းရရှိပြီး ပြိုင်ဘက် ဆော်လမွန်ဘီရီဝါက ၄၅ ဒသမ ၄ ရာခိုင်နှုန်း မဲရရှိခဲ့သည်။ အမျိုး သားရွေးကောက်ပွဲကော်မရှင်က မစ္စတာကိုရိုမာအား ရွေးကောက် ပွဲအနိုင်ရရှိသူအဖြစ် ကြေညာခဲ့ပြီး ယင်းနေ့မှာပင် ဆီယာရာလီယွန် နိုင်ငံ၏ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

ကိုရိုမာ၏ဇနီး ညာမာကိုရို မာသည် ဇီဝဓာတုဘာသာရပ်ဖြင့် မာစတာဘွဲ့ရရှိထားသူဖြစ်ပြီး ၎င်းင်းတို့တွင် သမီးနှစ်ဦး ထွန်း ကားခဲ့ရာ နှစ်ဦးစလုံးမှာဆီယာ ရာလီယွန်၏ အဓိကအလှူရှင် နိုင်ငံ ဗြိတိန်တွင် တက္ကသိုလ်ပညာ သင်ကြားလျက်ရှိသည်။       

—Ref: Wikipedia