May 20, 2012

ဆီးဂိမ်းအုပ်စုပွဲစဉ် မပြီးခင် မြန်မာအသင်း အကြိုဗိုလ်လုပွဲရောက်

ရန်ကုန်၊ နိုဝင်ဘာ- ၁၃

 

(၂၆) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အမျိုးသားဘောလုံးပွဲ စဉ်များတွင် မြန်မာယူ-၂၃ အသင်းသည် အုပ်စုပွဲစဉ် များမပြီးခင် အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။ 

အုပ်စု (ခ)တွင် ပါဝင်သော မြန်မာအသင်းသည် ပွဲဦးထွက်ပွဲစဉ်၌ လာအိုအသင်းအား (၃-၂)ဂိုး၊ ဗီယက်နမ်အသင်းအား ဂိုးမရှိ သရေ၊ ဘရူနိုင်းအသင်းအား (၄-၀)ဂိုး၊ ဖိလစ်ပိုင်အသင်းအား (၅-၀)ဂိုးဖြင့် အနိုင်ရ ရှိပြီးနောက် ရမှတ် ၁၀ မှတ်ဖြင့် ဗီယက်နမ်အသင်းနှင့် အတူ ပွဲစဉ်မကုန်မီ အကြိုဗိုလ်လုပွဲသို့တက်ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်နှင့် မြန်မာအသင်းတို့မှာ တစ်ပွဲစီကစား ရန်ကျန်ရှိချိန်တွင် ရမှတ် ၁၀ မှတ်စီရရှိထားပြီး အုပ်စု တတိယနေရာမှ တီမောအသင်းမှာ ၆ မှတ်သာရရှိသေး၍ ရမှတ် ၄ မှတ်အထိပြတ်သွားကာ ပွဲစဉ်မကုန်မီ အကြိုဗိုလ်လုပွဲသို့တက်သွားခြင်းဖြစ်သည်။

ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲစဉ်များကို နိုဝင်ဘာလ ၁၉ ရက်နှင့်  ဗိုလ်လုပွဲစဉ်ကို နိုဝင်ဘာ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။