May 20, 2012

ဆိုင်ကယ်နှင့်အတူ ကလေးငယ်ကိုပါ ခိုးပြေး

မန္တလေး၊ ဖေဖော်ဝါရီ-၂၀

မန္တလေးမြို့ ချမ်းအေးသာစံမြို့ နယ် ယာဉ်ပျံရပ်နေသူ၏ ဆိုင်ကယ်အား ခိုးယူထွက်ပြေးရာတွင် အဆိုပါယာဉ်ပိုင်ရှင်၏ လေးနှစ်အရွယ်ကလေးငယ်ကို တစ်ပါတည်း
ခေါ်ယူသွားမှု ဖေဖော်ဝါရီလ ၁၂ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ လေးနှစ်အရွယ် ကလေးပျောက်ဆုံးမှုနှင့် ယာဉ်အမှတ် ၅ယ/၅၂၇၈ ရင်ဇင်းအမျိုးအစား စူပါကပ်ခဲရောင်ဆိုင်ကယ် ပျောက်ဆုံးမှုအတွက် အမှတ်(၁)ရဲစခန်းနှင့် လူကုန်ကူး တးဆီးနှိမ်နင်းရေးအဖွဲ့များထံသို့ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ကလေးငယ်၏ မိခင်က ပြန်လည်ပြောကြားသည်။ခေါင်ရည်သောက်ရင်း ရင်းနှီးသည့် အမည်သိ အမျိုးသားအား  ဆိုင်ကယ်ဖြင့်   လိုက်ပါပို့ဆောင်ပေးစဉ် ယခုကဲ့သို့ ဆိုင်ကယ်ရော ကလေးပါ တစ်ပါတည်း ခေါ်ဆောင်သွားမှုဖြစ်ပွားခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။