Feb 23, 2012

ဇန်န၀ါရီမိုးစက်များအောက်မှ ရှင်သန်လာသောမျှော်လင့်ချက်

နံနက် ၁ နာရီထိုးရန် ၁၀ မိနစ်ခန့်အလို။ မိုးစက်များက ဖွဲဖွဲကျနေသည်။ တောင်ငူထောင် အ၀မှ လိုက်ထရပ် အဖြူရောင်တစ်စီးထွက်လာသည်။            
လူအုပ်ကြီးက ကားဆီသို့ ပြေးသွားကြသည်။ “ဘယ်မှာလဲ ဘယ်မှာလဲ”မေးသံများဖြင့် ဆူညံသွားသည်။ ကားရှေ့ခန်းမှ ရှမ်းဘောင်းဘီ မီးခိုးရောင်နှင့် အကျ
အဖြူ၊ ဦးထုပ်အသေးလေး တစ်လုံး ဆောင်းထားသော အသက် ၇၀ အရွယ် ရှမ်းအမျိုးသားကြီးတစ်ဦး ဆင်းလာသည်။  လူအုပ်ကြီး၏ မေးမြန်းမှုကို “all right” ဟု
ပြန်ပြောရင်း “ဒီနေရာက လမ်းကျဉ်းတယ်၊ လာဟိုဘက်သွားမယ်”ဟုဆိုကာ ထောင်မှအထွက် အပြင်လောကသို့ရောက်လျှင် ရောက်ချင်း သူ၏ရင်ထဲမှ စကားများကို
ဖွင့်ဟသည်။

“ကျွန်တော် နိုင်ငံတော်ပုန် ကန်ခဲ့တယ်လို့ ကျွန်တော်လုပ်ခဲ့တယ်လို့ သက်သေရှိရင် ဘာမှ စစ်မေးမနေနဲ့၊ တစ်ခါတည်း ပစ်သတ်လိုက် ကျွန်တော်ခံနိုင်တယ်”သူ၏ အသံသည် ပြင်းထန်သော စိတ်ဓာတ်ကြောင့် ပျော်ရွှင်တတ် သော လူတစ်ယောက်၏အသံအဖြစ်မှ ပြောင်းလဲသွားသည်။သူသည် ၁၉၉၀ရွေးကောက် ပွဲတွင် ကိုယ်စားလှယ်လောင်း အရေအတွက် ဒုတိယအများဆုံး ဖြင့် အနိုင်ရရှိခဲ့သော ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌဖြစ်သည်။ သီပေါမြို့ ဇာတိဖြစ်သော ဦးခွန်ထွန်းဦးသည်  ၂၀၀၅ ခုနှစ်တွင် ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် ၉၃ နှစ် ကျခံခဲ့ရခြင်းဖြစ်သည်။ထောင်မှအထွက် သတင်းထောက်များနှင့်တွေ့ဆုံပြီး ခဏအကြာတွင် ရှမ်းရိုးရာဝတ်စုံကို ၀တ်ဆင်ထားသော အမျိုးသမီး သုံးဦး ရောက်ရှိလာသည်။ ထို့နောက် မကြာခင်ပင် ရှမ်းဝတ်စုံ ပြည့်များဝတ်ဆင်ထားသော ရှမ်း အမျိုးသားကြီးတစ်ဦး အပါအ၀င် ရှမ်းလူငယ်များ စီးလာသော လူ ငယ်ပါတီဝင်များ၏  ကားတစ်စီး ဆိုက်လာသည်။

တစ်ဦးချင်းစီ ရှမ်းဘာသာဖြင့် နှုတ်ဆက်သံများ ညံစီသွား သည် ရန်ကုန်မြို့မှ မိုင် ၁၅၀ ခန့်ဝေးသောတောင်ငူ မြို့သို့လာရောက်၍ သူတို့၏ ခေါင်းဆောင်ကို ပျော် ရွှင်စွာလာကြိုသည့်မြင်ကွင်းသည် မြင်ရသူများ၏ စိတ်ကို အပျော် များ၊ တက်ကြွမှုများ ကူးစက်လာစေသည်။ မြစ်ကြီးနားမှနေ၍ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုအ လုပ်အမှုဆောင် ကော်မတီဝင် ဦးစိုင်းလိတ်ကလည်းလာရောက်ကြိုဆိုခဲ့သည်။

ဦးခွန်ထွန်းဦးက လာမည့်ကြားဖြတ်ရွေးကောက်ပွဲဝင် ပြိုင်ရန်ရှိ၊ မရှိနှင့်ပတ်သက်၍ မေးမြန်းမှုကို “ပါတီကို ပြန်မေးပြီး စုပေါင်းဆုံးဖြတ်ချက်နဲ့သာ လုပ်ပါမယ်။ တစ်သီးပုဂ္ဂလအနေနဲ့လည်း လွှတ်တော်ထဲသို့ သွားရန် ရည်ရွယ်ချက်မရှိ” ဟု ဖြေကြားသည်။ ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်တို့ပါဝင်သော ပါတီဝင် ခြောက်ဦးသည် အကျဉ်းထောင်အသီးသီးတွင် နှစ်ရှည်ထောင်ဒဏ်များ ကျခံခဲ့ရပြီး ယခု လွတ်ငြိမ်းချမ်းသာခွင့်တွင်မှ လွတ်မြောက်လာခြင်းဖြစ်သည်။

ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ယခု ပါတီခေါင်းဆောင်ပိုင်းများ လွတ်လာပြီးသည့်နောက်တွင် ဗဟိုကော်မတီအစည်းအဝေးခေါ်ယူကာပါ တီပြန်လည်တည်ထောင်ရေးကို ဆွေးနွေးမည်ဖြစ်သည်။ထိုအစည်းအဝေးနှင့်ပတ်သက်၍  ၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ပြီး ရွေးကောက်ပွဲတွင်
လည်း ကိုယ်စားလှယ်အရေအတွက် ဒုတိယအများဆုံး ရရှိခဲ့သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ(SNDP)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက
“ကျွန်တော်က SNDP ထောင်တုန်းကလည်း မမီလိုက်ပါဘူး။ ၉၀ မှ တောထဲက ပြန်လာတဲ့အတွက်ပါ။ ဒါပေမဲ့ ရှမ်းပါတီကို စည်းစည်းလုံးလုံးနဲ့ တစ်ပါတီတည်း ရှိစေချင်
တယ်။အခု  SNDP ကို တည်ထောင်ထားတဲ့ပုဂ္ဂိုလ်တွေကလည်း အရင်တုန်းက SNLD ပါ။ ကွန်စတီ ကျူးရှင်းအရ ပြည်သူလူထုအ တွက် ရသင့်တဲ့ အခွင့်အရေးတွေ ရအောင် လုပ်ပေးဖို့အတွက် သူတို့ ဒီပါတီကို တည်ထောင်တာပါ။ ဒါကြောင့် တိုင်းရင်းသားတွေ အတွက် အခွင့်အရေးတွေရအောင်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ ပါတီ
နှစ်ခုကြားမှာ ဘာမှ ခြားနားမယ် မထင်ပါဘူး။ ကျွန်တော့်တစ်ဦးတည်းအမြင်ကတော့ ရှေ့ရေးအတွက်နှစ်ဖက်ခေါင်းဆောင်တွေ အားလုံးပါတဲ့ ဆွေးနွေးမှုမျိုးဖြစ်နိုင်ရင် ပိုကောင်း မယ်လို့ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် အမည်နာမနှင့် တည်ထောင်ချိန်များသာ ကွဲပြားသော်လည်း ကာ
လအသီးသီးတွင်ပြည်နယ် မဲဆန္ဒအောင်မြင်မှုအပြည့်ရရှိခဲ့သောပါတီများဖြစ်သည်။ SNLD    ပါတီသည် ခေါင်းဆောင်များ လွတ်မြောက်လာမှုကြောင့် ပါတီ ပြန်လည်တည်ထောင်မည်ဆိုပါက ရှမ်းတိုင်းရင်းသားများကို ကိုယ်စားပြုသော ပါတီနှစ်ပါတီ ဖြစ်လာမည်ဖြစ်သဖြင့် ဒေသခံ များအကြားတွင် စည်းလုံးမှုနှင့် ဝေခွဲနိုင်မှုများ ခက်ခဲလာနိုင်သည်ဟု ရှမ်းပြည်နယ် လားရှိုးမြို့တွင် နေထိုင်သူတစ်ဦးက သူ၏အမြင်ကိုပြောသည်။    SNLD ပါတီသည် ပြန်လည် မှတ်ပုံတင်မည့် အလားအလာရှိနေပြီး အတိအကျထုတ်ပြန်ရန်အတွက် စီအီးစီအဖွဲ့၏ လက်မှတ်ထိုး အတည်ပြုချက်ကို စောင့်နေခြင်းဖြစ်သည်ဟု ပါတီဗဟိုအလုပ်အမှုဆောင်ကပြောသည်။

SNLD ပါတီ ပြန်လည်တည်ထောင်ပါက ရှမ်းတိုင်းရင်းသားပါတီနှစ်ခု ဖြစ်သွားသည့်ပေါ်တွင် ပါတီရပ်တည်ချက် သဘောထား တွေကို ကြည့်ခြင်းအားဖြင့် မည့် သူ့ကိုရွေးချယ်ရမည်ကို ပြည်သူက သိနိုင်မည်ဟုထင်ကြောင်း SNLD ပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးစိုင်းလိတ်ကပြောကြားသည်။“ပါတီတွေက တစ်ခုပဲရှိရှိ၊ နှစ်ခု၊သုံးခုပဲရှိရှိ၊ ဒီကိစ္စကအရေး မကြီးပါဘူး။ ပြည်သူအတွက် အကျိုးရှိရာကို လုပ်ကြမယ်။ စေတနာနဲ့ရည်ရွယ်ချက်မှန်ကန် မယ်ဆိုရင်ဘာဖြစ်လဲဗျာ။ ဒါဒီမိုကရေစီလမ်းကြောင်းအရ သွားတာပဲ။ အကောင်းမမြင်နိုင်စရာ အကြောင်းမရှိပါဘူး”ဟု ဦးစိုင်းလိတ်ကပြောကြားခဲ့သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၏ ဦးစိုင်းအိုက်ပေါင်းက “ကျွန်တော်တို့ ဦးခွန်ထွန်းဦးကို ယခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ သူတို့  
SNLD   က ပါတီမှတ်ပုံတင်ဖို့ မမီတော့တဲ့အတွက်   SNDP   ကနေ ၀င်ပြိုင်ပါလို့ ဖိတ်ခေါ်ပါတယ်။ သူတို့ကလည်း ၀မ်းသာပေမယ့် လက်မခံပါဘူးလို့ ပြောတယ်။ ကျွန်
တော်တို့အနေနဲ့   SNLD    ပြန်ပြီးမှတ်ပုံတင်လို့   SNDP   ကို ဖျက်သိမ်း မှာမဟုတ်ပါဘူး”ဟု ပြောသည်။