၁၉၉၀ မှစ၍ ပြီးခဲ့သည့်နှစ်အထိ ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲများတွင် မသမာမှုများရှိခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ်အဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံပညာရေး သုတေသန ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးအုန်းမြင့်က ဇန်န၀ါရီ ၂၃ ရက်တွင် သံတွဲမြို့မ အလယ်တန်းကျောင်း၌ ပြုလုပ်သော မြို့ပေါ်ကျောင်းများမှ ကျောင်းအုပ်များ ဆရာ၊ဆရာမများနှင့် တွေ့ဆုံပွဲ တွင်ပြောကြားသည်။
မြန်မာနိုင်ငံ၏ ပညာရေးအ သုံးစရိတ်မှာ GDP (အမျိုးသား ထုတ်ကုန်)၏ ၀ ဒသမ ၇၇ သာရှိပြီး ထိုင်းနိုင်ငံတွင် ၁၀ နှင့် လာအိုနိုင်ငံတွင် ၂ ရှိသည်ဟု ပြောကြောင်း
ကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောသည်။ ယူနက်စကို၏ ထုတ်ပြန်ချက်အရ ဂျီဒီပီ၏ ၇ ရှိရမည် ဖြစ်သည်။ အငြိမ်းစားလက်ထောက်ပြည်နယ်ပညာရေးမှူးတစ်ဦးက
“တာဝန်ထမ်းဆောင်တဲ့ကာလတစ်လျှောက်မှာ စာမေးပွဲဖြေဆိုရာမှာ မသမာမှုလုပ်ဖို့ကြိုးစားကြတဲ့ ကျောင်းသားတွေ၊ ဆရာတွေအများကြီးတွေ့ခဲ့ရတယ်။ ပညာသင် ကြားရေးစနစ်ကော၊ စာမေးပွဲစစ်ဆေးမှုစနစ်ကိုပါပြောင်းလဲဖို့ လိုအပ်နေပါပြီ”ဟု ပြောကြားသည်။
ဦးအုန်းမြင့်က မြန်မာနိုင်ငံ ပညာရေးနိမ့်ကျနေသည်ဟု နိုင်ငံတကာကပြောကြောင်း၊ နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီ များကလည်း ပြောကြောင်း၊ ထို့ ကြောင့် ပညာရေးနိမ့်ကျနေသည်မှာ လူတိုင်းလက်ခံရမည့် ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့သည်။ တက္ကသိုလ်ဝင် စာမေးပွဲ သည် နိုင်ငံတော်အဆင့် စာမေး ပွဲဖြစ်၍ နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ဆက်စပ်နေကြောင်း၊ စာမေးပွဲ အဆင့်ရှိမှ နိုင်ငံ့ဂုဏ်သိက္ခာရှိမည် ဖြစ်ကြောင်း ၎င်းင်းကပြောကြားခဲ့ သည်ဆို၏။
“ကျောင်းတိုင်း၊ ဆရာတိုင်း၊ကျောင်းသားတိုင်း မသမာမှုလုပ်နေကြတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ရှိနေတယ်။ ရှိလို့ပဲ စာစစ်အဖွဲ့ဥက္ကဋ္ဌကိုယ်တိုင် ပြောခဲ့တာပေါ့။
စာမေးပွဲဖြေဆိုခွင့်ပိတ်ခံရတဲ့ကျောင်းသားတွေရှိတယ်။ ပင်စင်ပေးခံရတဲ့၊ ရာထူးချခံရတဲ့ ဆရာတွေရှိနေတယ်။ ဒါဟာ သံတွဲခရိုင်အတွင်းမှာကိုရှိနေတာ”ဟု သံတွဲ
မြို့အထက ၂ မှ ဆရာတစ်ဦးကပြောကြားသည်။ မြန်မာနိုင်ငံ စာစစ်အဖွဲ့ဥက္ကဋ္ဌ ဦးအုန်းမြင့်သည် သံတွဲခရိုင်တွင် အသစ်ဖွင့်လှစ်မည့် စာစစ်ဌာနများအား လာရောက် စစ်ဆေးစဉ် သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်များ၌ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


