လွန်ခဲ့သော နှစ်များစွာက နာမည်ကျော် လူကြိုက်များခဲ့သော တေး သီချင်းများကို ပြန်လည်သီဆိုမည့် “တစ်ခါတုန်းကတက္ကသိုလ်” ဂီတ ဖျော်ဖြေပွဲကို မတ်လ ၃ ရက် ညနေ ၆ နာရီတွင် မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။
၁၉၅၈-၈၈ ခုနှစ်တွင် နာ မည်ကျော် လူကြိုက်များခဲ့ပြီး အဆောင်သူများ၏ တောင်းဆိုမှု အများဆုံးရခဲ့သော တေးသီချင်း အပုဒ် ၅၀ ကျော်ကို မြန်မာသံ အဆိုရှင်များနှင့် ဗစ်တာခင်ညို၊ ကိုင်ဇာ၊ ခိုင်ထူး၊ ဇော်ဝင်းထွဋ်၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ မျိုး ကျော့မြိုင်၊ အောင်နိုင်၊ L လွန်းဝါ၊ L ခွန်းရီ၊ နော်လီဇာ၊ မေဆွိ၊ မေခလာ၊ L ဆိုင်းဇီ၊ ဖြူဖြူကျော် သိန်းစသည့် အနုပညာရှင် ၂၀ ကျော်တို့က သီဆိုမည်ဖြစ်သည်။ စနားလှအေး၊ Emperor , Plus Three တီးဝိုင်းတို့က တီးခတ်ပေး သွားမည်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၏ အထင်ရှားဆုံး ဖြစ်ခဲ့သော ဘွဲ့နှင်းသဘင်ခန်းမကို နောက်ခံထား၍ ဂျပ်ဆင်၊ သစ်ပုပ်ပင်နှင့် လျှောက်လမ်းကိုလည်း အဓိပတိလမ်းမပုံစံပြုလုပ်ပြီး ရန်ကုန်တက္ကသိုလ်မှာ နာမည်ရခဲ့သောဆိုင်များကိုလည်း အမှတ်တရအနေဖြင့် ထားရှိရမည်ဖြစ်ကြောင်း ဦးကျော် ကျော်(စိတ်ပညာ)က ပြောသည်။
ယခုပြုလုပ်မည့် ပွဲသည် ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အကြို မြန်မာနိုင်ငံ စိတ်ပညာရှင်အသင်း ရန်ပုံငွေပွဲအဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ၀င်ကြေးကို ကျပ်နှစ်သောင်း၊ကျပ်တစ်သောင်း၊ ကျပ်ငါးထောင်သတ်မှတ်ထားသည်။
ရန်ကုန်မြို့တွင် ဖျော်ဖြေမည့်ပွဲများ
စဉ် နေ့စွဲ ပွဲအမည် အဆိုတော် အချိန် နေရာ ၀င်ကြေးး
၁။ ၂၅.၂.၁၂ Super Five ဖြူဖြူကျော်သိန်း၊ L ဆိုင်းဇီ၊ ချစ်သုဝေ၊ ည၇ နာရီ အမျိုးသားဇာတ်ရုံ ၃၀၀၀၀၊ ၂၀၀၀၀၊ ၁၅၀၀၀၊ ၇၀၀၀
Ladies Show ချမ်းချမ်း၊ အေသင်ချိုဆွေ။
၂။ ၂၅.၂.၁၂ မနောအလှ ဂီတည Lခွန်းရီ၊ ကေဂျာနူး၊ ကော့မိုင်၊ ညနေ၅နာရီ မျှော်စင်ကျွန်း ၅၅၀၀
Lလွန်းဝါ၊ နောနော်၊ ဒေါင်းလွဏ်း၊
ဂျက်ဆန်ထွန်း၊ အောင်းလာ၊ AH ယော်၊
အန်းနော်၊ နော်ဒင့်၊ အော်ရာလီ၊ အဇဲ၊
Tခမ်းဆိုင်၊ K ခေါန်နူး၊ L ဆိုင်းဇီ၊ ရေဗက္က၀င်း၊
Blue Berry, N ကိုင်ရာ၊ N ဆိုင်းလီ၊ M ဆိုင်းလာ။


