သမထ၀ိပဿနာဆိုတဲ့ တရားအားထုတ်ခြင်းအလုပ်ဟာ သတင်းအဓမ္မလုပ်ရတဲ့အလုပ်မဟုတ်ပါဘူး။တရားအားထုတ်ခြင်းကြောင့်စိတ်ချမ်းသာမှုနဲ့စိတ်အားထက်သန်မှုကိုရစေ နိုင်ပါတယ်။ မိမိတို့ကိုယ်ကိုအတင်းတွန်းထိုးပြီး ဇွတ်ခိုင်းနေတယ်ဆိုရင် အဲဒါတရားအားထုတ်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတာကိုပြတယ်။ တရားအားထုတ်ခြင်းဆိုတာ စိတ်သက်သာ၊ ကိုယ်သက်သာနဲ့ အပန်းပြေအလိုက်သင့်လုပ်ရမှာမို့ ကိုယ့်အတ္တကို အတင်းဆုပ်ကိုင်ပြီး ကိုယ့်စိတ်ကို ကိုယ်အတင်းချုပ်ပြီး အဓမ္မလုပ်တာမျိုးမလုပ်သင့်ပါဘူး။ အဲဒီလိုလုပ်ရင် တရားအားထုတ်တာဟာ ဘ၀ရည်မှန်းချက်နဲ့လုပ်တဲ့ ပြိုင်ပွဲတစ်ခုလို ပုဂိုလ်ရေးအောင်မြင်မှုရအောင်၊ ကိုယ့်ကိုယ်ကိုယ်ကြီးကျယ်အောင်လုပ်တာမျိုးဖြစ်သွား မယ်။
ဗုဒ္ဓဘာသာရဲ့ သမထ၀ိပဿနာတရားအားထုတ်တာဟာ မိမိစိတ်ကိုပစ္စုပ္ပန်တည့်အောင်၊ ပစ္စုပ္ပန်တည့်တည့်မှာ ပြန်ထားတာပဲဖြစ်တယ်။ အမြဲသတိကပ်ပြီး သိပြီးရင်းသိနေအောင်လုပ်တာဟာ ၀ိပဿနာအားထုတ်နေတာပဲဖြစ်တယ်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ အထွတ်အထိပ်ဖြစ်တဲ့ သဗညုတဉာဏ်ကိုရတာဟာလည်း သူ့စိတ်ကိုသူဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်ခဲ့လို့ ဖြစ်တယ်။ မြတ်ဗုဒ္ဓကိုယ်တိုင်တရားအားထုတ်ခြင်းကြောင့် သဗညုတဉာဏ်တော်ကို ရတော်မူခဲ့ခြင်းဖြစ်ပါတယ်။


