မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေး ယူမှုများရုပ်သိမ်းပေးရန် အာဆီယံအဖွဲ့ကြီးက တောင်းဆိုလိုက်သလို ပြည်တွင်းရှိတိုင်းရင်းသားပါတီ ငါးခုကလည်းတောင်းဆိုမှုပြုလုပ်ခဲ့ရာ ရက်ပိုင်းအတွင်း ရှေ့ဆင့် နောက်ဆင့်ကိုထွက်ပေါ်ခဲ့သည်။
ရွေးကောက်ပွဲအနိုင်ရတိုင်းရင်းသားပါတီငါးခုကလည်းကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့သည်
ရန်ကုန်၊ ဒီဇင်ဘာ-၁၂
နိုင်ငံတော်အစိုးရမှ ပြည်တွင်းရွှေဈေးကွက်အတွင်းသို့ ရွှေများထုတ်ရောင်းနေပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးလျက်ရှိကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
ရန်ကုန်၊ ဇန်န၀ါရီ - ၅
အမေရိကန်ဒေါ်လာနှင့် အက်ဖ်အီးစီတန်ဖိုးများ ကျဆင်းနေမှုကြောင့် ရန်ကုန်မြို့ရှိ ဟိုတယ်ကြီးများအပါအ၀င် အခြားသောခရီးသွားဒေသမှ ဟိုတယ်များ၏ အခန်းခများအား ယခုနှစ်ဆန်းပိုင်းမှစ၍ တိုးမြှင့်လိုက်ကြောင်း သတင်းရရှိသည်။
ရန်ကုန်၊ ဇန်န၀ါရီ - ၃
ပီလောပီနံမှ မွေးမြူရေးလုပ်ငန်း အခြေခံအစားထိုးအစာထုတ် လုပ်ရန် စီစဉ်နေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။
ရန်ကုန်၊ ဇန်န၀ါရီ- ၎
ထွက်ခွာမည့်နေ့မတိုင်မီ ၁၀ ရက်စော၍ အဲပုဂံလေကြောင်းလိုင်းမှ အစုအဖွဲ့အတွက်မှာယူထားသော လေယာဉ်ခရီးစဉ်များအား အတည်ပြုပေးရန် အဲပုဂံလေကြောင်းလိုင်းက သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်န၀ါရီ-၁၀
ကုန်တင်ယာဉ်များကို ဇန်န၀ါရီ ၈ ရက်မှစ၍ အာဆီယံသတ်မှတ် ချက်အတိုင်း တင်ဆောင်ရန် စတင်ဆောင်ရွက်ပြီဖြစ်ရာ ကုန် ကားများအား သတ်မှတ်ချက်အ တိုင်း တင်မတင် စစ်ဆေးရာတွင် ကုန်တင်ယဉ်အများစုမှာ တန်ပို တင်ဆောင်ထားကြသော ကား များဖြင့် ကုန်ပြန်ချရသည့် ဖြစ်ရပ်များရှိခဲ့ကြောင်း သတင်း ရရှိသည်။
ရန်ကုန်၊ ဇန်န၀ါရီ-၆
မြို့ပြရဲ့ မွန်းကျပ်မှုနဲ့ အလုပ်များ ဖြင့်ဖိစီးပြီး ထွက်ပေါက်ရှာ အပန်း ဖြေသူတွေအတွက် အေးချမ်းသာ ယာလှပတဲ့ ကချင်ပြည်နယ် မြစ် ကြီးနားမြို့ကို လမ်းညွှန်လိုက်ပါ တယ်။ အေးချမ်းလှတဲ့ ဆောင်း ရာသီမှာ စိတ်ပင်ပန်းမှုကို ဖြေ ဖျောက်ဖို့ ခရီးရက်ရှည်ထွက်ရင်း အပန်းဖြေလိုသူများအတွက် မြစ် ကြီးနားမြို့ကို သွားလည်မယ်ဆိုပါ က မန္တလေးမြို့မှတစ်ဆင့် ကြိုက် နှစ်သက်ရာခရီးစဉ်ကို ရွေးချယ် သွားလာနိုင်ပါတယ်။
ကျိုက်ထို၊ ဇန်န၀ါရီ - ၎
ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ဘုရား ဖူးအများအပြားလာရောက်သော ကာလများ၌ ရင်ပြင်တော်ပေါ်ရှိ တည်းခိုခန်းဈေးနှုန်းများသည် ရန်ကုန်မြို့ရှိ အဆင့်မြင့်ဟိုတယ်အချို့၏ တည်းခိုခထက်ပင် ပိုမိုမြင့်မားနေလျက်ရှိကြောင်း သိရ သည်။
ရန်ကုန်၊ ဇန်န၀ါရီ-၆
ယခုနှစ်ခရီးသွားရာသီအမီ နိုင်ငံခြားသားခရီးသည်များ အဆင်ပြေပြေသွားလာနိုင်ရန်ရည်ရွယ်၍ ဗန္ဓုလသယ်ပို့ဆောင်ရေးလီမိတက် လက်အောက်ရှိ ယာဉ်မောင်းနှင့်
ယာဉ်အကူများအား အင်္ဂလိပ်ဘာသာစကားများ စတင်သင်ကြားပေးလျက်ရှိကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေးလီမိတက်မှတာဝန်ရှိသူတစ်ဦးကပြောသည်။
မှန်ဆိုလျှင် ကလေးငယ်များ၏ အော်ဟစ်သံ၊ ငြင်းခုံသံ၊ဆော့ကစားသံတို့ဖြင့် ဆူညံနေသောဂွတ်ရွတ်ယန်ကျေးရွာတွင် ကြမ်းပြင်ပေါ်သို့ အပ်တစ်ချာင်းကျသံကြားနိုင်လောက်အောင်ပင် တိတ်ဆိတ်နေသည်။အိမ်တိုင်းလိုလို တံခါးပိတ်ထားသည်။ ကျေးရွာအနီးရှိ ဘုရားကျောင်းအတွင်းနှင့် လမ်းမထက်တွင်သစ်လွင်တောက်ပစွာ ၀တ်ဆင်ထားသောအရွယ်စုံလူစုကို တွေ့ရသည်။ တစ်နှစ်မှတစ်ခါကြုံရသော ပွဲတော်နေ့(ခရစ်တော်မွေးနေ့၊ ခရစ္စမတ်)ဖြစ်သောကြောင့် အရွယ်စုံ လူတို့သည်ဘုရားကျောင်းရှိရာသို့ တူရှုသွားလာနေကြသည်။
ကမ္ဘာကြီးပေါ်တွင် အမျိုးမျိုးသော ပိုးမွှားအသစ်များကြောင့် ရောဂါအသစ်အဆန်းအမျိုးမျိုးပေါ်ပေါက် လာပြီး ထိုရောဂါများက လူသားတို့၏အသက်အန္တရာယ်ကို ခြိမ်းခြောက်လာသဖြင့် တစ်ကမ္ဘာလုံးအထိတ်တလန့်ဖြစ်လာရသည်။
ရန်ကုန်၊ ဇန်န၀ါရီ-၆
ဗန္ဓုလသယ်ယူပို့ဆောင်ရေးလီမိတက်မှပြေးဆွဲလျက်ရှိသော ပါရမီ တက္ကစီများကို ယာဉ်မောင်းများအား ပြန်လည်ရောင်းချပေးရာတွင် သတ်မှတ်ဈေးနှုန်းထက် ကျပ်သိန်း ၅၀ နီးပါးလျှော့၍ရောင်းချခဲ့ရာ ယာဉ်စီးရေအားလုံး ရောင်းကုန်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနား၊ ဒီဇင်ဘာ-၂၅
မေခမြစ်နှင့် မလိခမြစ်တို့ စတင်ဆုံစည်းရာ ဧရာဝတီမြစ်ဆုံဒေသတွင် ၂၀၁၀နှစ်ကုန်ပိုင်း၌ ရွှေလုပ်ကွက်များ တူးဖော်လုပ်ကိုင်မှု များပြားလာပြီး မေခနှင့်
မလိခမြစ်နှစ်စင်းတွင် ရွှေတူးဖော်သည့် လုပ်ကွက်ပေါင်းမှာ အကြမ်းဖျင်းအားဖြင့် ၅၀၀ ၀န်းကျင်ရှိကြောင်း မေခမြစ်တွင် ရွှေတွင်းတူးဖော်ခြင်း လုပ်ကိုင်နေသူများထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ဇန်န၀ါရီ - ၈
ပြည်တွင်းရွှေဈေး ကွက်တွင် ၂၀၁၁ နှစ်ဆန်းပိုင်းတွင် ရွှေဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေခြင်းကြောင့် ယခုတစ်ပတ်အတွင်း ရွှေ ရောင်းအားမြင့်တက်နေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များကပြော သည်။
ရန်ကုန်၊ ဇန်န၀ါရီ - ၉
အခင်းဖြစ်ပွားရာအနီးမှာပင် အဆောက်အအုံပြိုကျ၍ ဆယ်လအတွင်း သေဆုံးသူ နှစ်ဦးရှိသွားပြီဖြစ်သည်
ရန်ကုန်မြို့လယ် ၂၉ လမ်းရှိ ဘုံ ဘေဘားမားစာပုံနှိပ်တိုက်ဘေး ကပ်လျက်ရှိ အဆောက်အအုံအ စွန်းပြိုကျသွားသောကြောင့် လက် ဖက်ရည်ထိုင်သောက်နေသူ အမျိုး သမီးကြီးတစ်ဦး သေဆုံးသွား ကြောင်း သတင်းရရှိသည်။
ရန်ကုန်၊ ဇန်န၀ါရီ - ၇
ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအ ရောင်းအ၀ယ်ဈေးကွက်တွင် ယခုရက်ပိုင်း၌ ပဲစင်းငုံဈေးကောင်း လာကြောင်း ကုန်စည်ဒိုင်အ ရောင်းအ၀ယ်ဈေးကွက်မှ စုံစမ်း သိရသည်။
ရန်ကုန်၊ ဇန်န၀ါရီ - ၈
စားအုန်းဆီဈေးနှုန်းများမှာ ယခုနှစ်ဆန်းပိုင်းတွင် ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေကြောင်း ပြင်ပစားအုန်း ဆီဈေးကွက်မှ စုံစမ်းသိရသည်။
ရန်ကုန်၊ ဇန်န၀ါရီ - ၃
မြန်မာ့ဘဲဥများ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေး စီစဉ်နေကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ရတနာပုံ၊ ဇန်န၀ါရီ - ၉
စီဒီအမ်အေ ၈၀၀ မဂါဟဇ်ဖုန်း များတွင် အင်တာနက်အသုံးပြုနိုင် သောဝန်ဆောင်မှုကို မြန်မာအိုင် စီတီရက်သတ္တပတ်ပွဲတော်တွင် စတင်ရောင်းချခဲ့သည်။
ရတနာပုံ၊ ဇန်န၀ါရီ - ၉
န၀မအကြိမ်မြောက် မြန်မာအိုင်စီ တီရက်သတ္တပတ်ပွဲတော်သည် ပြည်တွင်းထုတ် နည်းပညာ၊ ထုတ် ကုန်များနှင့် ပြည်တွင်းမှာပင် ပြု လုပ်သည့်ဝန်ဆောင်မှုများအား ပြည်သူများထံသို့ တိုက်ရိုက်ဝန် ဆောင်ပေးသောပြပွဲဖြစ်ခြင်း ကြောင့် ယခင်ပြပွဲများထက် ထူး ခြားသောနှစ်တစ်နှစ်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေး နန်းဝန်ကြီးဌာန ၀န်ကြီးဦးသိန်း ဇော်ကပြောကြားသွားခဲ့သည်။
မန္တလေး၊ ဇန်န၀ါရီ - ၁၀
မြန်မာကျပ်ငွေ သိန်းရာဂဏန်း နှင့် ၀ယ်ယူခဲ့သော ကျောက်စိမ်း တုံးသည် ကျပ်သိန်းပေါင်းသောင်း ဂဏန်းတန်အဖြစ် အောင်မြင်ခဲ့ ကြောင်း သတင်းတစ်ရပ်ပျံ့နှံ့ခဲ့ သော်လည်း သိန်းထောင်ဂဏန်း အထိသာရနိုင်ပါကြောင်း အဆိုပါကျောက်မျက်၏ အစုစပ်ပိုင်ရှင်များက ပြန်လည်ပြောကြားခဲ့သည်။
မန္တလေး၊ ဇန်န၀ါရီ- ၅
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်းရှိ တောင်တွင်းကြီးကျောင်းတိုက်တွင် တိုင်းရင်းသားကလေးငယ် ၈၀ ကျော်ကို သာသနာ့ဘောင်သို့ သွတ်သွင်းကာ ထိန်းသိမ်းစောင့်ရှောက်ထား ကြောင်း သတင်းရရှိသည်။
ရန်ကုန်၊ ဇန်န၀ါရီ-၆
ရန်ကုန်မြို့အတွင်း ရောင်းချပေးနေသော ဈေးဆိုင်များတွင် ပေါက်သောဈေးနှုန်းများနှင့် ဈေးဝယ်စင်တာကြီး များရှိ ဆိုင်များတွင် ရောင်းချပေးနေသော ဈေးနှုန်းများအား တစ်ပတ်တစ်ကြိမ် သက်ဆိုင်ရာက လိုက်လံစစ်ဆေး တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရတနာပုံ၊ ဇန်န၀ါရီ - ၈
မြို့ကြီး သုံးမြို့တွင် သုံးစွဲခွင့်ပေးမည့် ကျပ်ငါးသိန်းတန် အင်တာနက်ဖုန်းအမျိုးအစား Mc Will ဖုန်းလျှောက်လွှာများအား ရတနာပုံအိုင်စီတီပြပွဲတွင် စတင်ရောင်းချပေးခဲ့သော်လည်း လျှောက်လွှာတင်ပြီး နှစ်ပတ်ခန့်အကြာမှ ဖုန်းလိုင်းများ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်၊ မတ်-၁၅
ကရာတေးခါးစည်းနက်များအသင်း(ရန်ကုန်)က ၁၇နှစ်တွင်းပထမဆုံးအကြိမ် ကရာတေး အလဲထိုး၊ အလဲကန်ပြိုင်ပွဲကို ယခုလ၂၅ ရက်တွင် အောင်ဆန်း အားကစားပြိုင်ဝင်း၌ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ မတ်- ၁၆
အစိုးရသစ်လက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၅ ရက် က ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော် မရှင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ
အရ ဗဟိုအဖွဲ့အစည်းအဖြစ် အတည်မပြုရသေးသောကြောင့် လာမည့် ၂၀၁၂- ၁၃ ဘဏ္ဍာရေးနှစ်အတွက် တင်ပြသော ရသုံးမှန်းခြေငွေစာရင်းများ ပယ်ဖျက်ခဲ့
ကြောင်း မတ်လ၁၆ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
ရန်ကုန်၊ မတ်-၁၈
“မြန်မာ့အလုပ်အကိုင် အခွင့်အလမ်းများပြပွဲ”တွင် သက်ဆိုင်ရာ ကုမ္ပဏီများက လိုအပ်သည့် အလုပ်လိုအပ်ချက်ထက် အလုပ်လာလျှောက်သူဦးရေ မြင့်မားနေကြောင်း ၎င်းပြပွဲတွင် လာရောက်ပြသသည့် ကုမ္ပဏီများထံမှ သတင်းရရှိသည်။
ရန်ကုန်၊ မတ် - ၁၉
မြစ်ဆုံစီမံကိန်းနှင့်ဘေးချင်းကပ်လျက်ရှိသော တန်ဖဲရွာမှ ရွာသစ်သို့ ပြောင်းရွှေ့ခံရသော ဒေသခံများက ရွာဟောင်းနေရာတွင် ပြန်လည်လုပ်ကိုင်စားသောက်ခွင့်ပေးရန် သမ္မတထံလိပ်မူကာ အသနားခံစာကို မတ်လ ၁၆ ရက်က ပေးပို့ခဲ့ကြောင်း တန်ဖဲရွာဒေသခံများကပြောကြားသည်။
ရန်ကုန်၊ မတ်-၁၉
ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားသော တောင်ငူမြို့ ကျွန်းကုန်းကျေးရွာရှိ ရွှေဝါဥစားကြက်ခြံ၏ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ငွေ သိန်း ၂၀၀ ကျော်ကြောင်း ခြံပိုင်ရှင် ဦး
ရဲဝင်းက 7DAY NEWS အား ပြောသည်။
ရန်ကုန်၊ မတ်-၁၉
ပြည်သိမ်း၊ သန်းဌေး၊ ကိုကိုကြီး
အစိုးရ၀န်ထမ်းများကို အပိုထောက်ပံ့ကြေးတိုးမြှင့်ပေးသော သတင်းကြေညာပြီးသော်လည်း လတ်တလောတွင် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း
အများစု ဈေးနှုန်းတည်ငြိမ်နေကြောင်း သတင်းရရှိသည်။


