May 20, 2012

တာကာငွေဈေးများကျသဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး သိသိသာသာအေးနေ

မောင်တော၊ ဖေဖော်ဝါရီ-၉

ဘင်္ဂလားဒေ့ရှ်တာကာငွေဈေးများအတက်မရှိဘဲ ယခင်အတိုင်းကျ ဈေးနှင့်အကျဘက်သို့သာ ထပ်မံ ဦးတည်နေသည့်အတွက် မြန်မာ- ဘင်္ဂလားဒေ့ရှ် မောင်တောနယ်စပ် ကုန်သွယ်မှုမှာ သိသိသာသာ အေးနေကြောင်း သတင်းရရှိသည်။

“တာကာငွေဈေးတွေက အတက်ထက် အကျဘက်ကိုပဲ ဦးတည်ရွေ့လျားနေတော့ ပို့ကုန်တွေတင်ပို့ရတာ ဘယ်လိုမှ အဆင်မပြေဖြစ်နေပါတယ်။ ပြီးတော့ ဒီအချိန်
က  ရေငန်ပုစွန်တွေ အထွက်နည်းသွားပြီဖြစ်တဲ့အတွက် တခြားပို့ကုန်တွေက ရေငန်ပုစွန်တွေလောက်မများတော့ပိုပြီးအေးနေတာလည်း ဖြစ်နိုင်ပါတယ်။ သွင်းကုန်ပိုင်းက
လည်း အရင်နှစ်တွေထက် နည်းနေတာတွေ့ရပါတယ်” ဟု နယ်စပ်ကုန်သွယ်သူတစ်ဦးက ပြောသည်။ တာကာငွေတန်ဖိုးများကျဆင်းနေမှုကြောင့် နယ်စပ်
ကုန်သွယ်မှုလုပ်ငန်း လုပ်ကိုင်သူဦးရေမှာလည်း တဖြည်းဖြည်းလျော့နည်းလာကြောင်း သိရသည်။ လက်ရှိ မောင်တောနယ်စပ် တာကာငွေလဲလှယ်မှုဈေးကွက်တွင် ဘင်္ဂလားဒေ့ရှ် တာကာတစ်ရာလျှင် မြန်မာငွေ ၉၄၀ ကျပ်ဈေးရှိနေကြောင်း သိရသည်။