May 20, 2012

တူနီးရှားရွေးကောက်ပွဲအနိုင်ရ အင်နာဒါပါတီခေါင်းဆောင် ရာရှစ်အယ်ဂန်နော်ချီနှင့်တွေ့ဆုံခြင်း

Photo

အာရပ်နွေဦးပေါ်ပေါက်ရာ နိုင်ငံတွေထဲက တစ်နိုင်ငံ အပါအ၀င်ဖြစ်တဲ့ တူနီးရှားဟာ ယခုအခါ စံပယ်တော်လှန်ရေး( Jasmine Revolution )  ပြီးနောက် တစ်ပါတီအာဏာ ရှင်စနစ်ကိုဖျက်သိမ်းကာ နိုင်ငံရဲ့ ဒီမိုကရေ စီရွေးကောက်ပွဲကိုကျင်းပပြီးစီးခဲ့ပါပြီ။ ယင်းရွေးကောက်ပွဲမှာ အနိုင်ရခဲ့ တာကတော့ အင်နာဒါပါတီဖြစ်ပါတယ်။  အင်နာဒါ ပါတီဟာ လတ်တလောမှာတော့ တူနီးရှားရဲ့ အကြီးမားဆုံးပါတီကြီးတစ်ရပ်ဖြစ်ကာ ဒီပါတီ ကိုတည်ထောင်သူတွေထဲက တစ်ဦးဖြစ်တဲ့ ရာရှစ်အယ်ဂန်နော်ချီကို ပါတီ
ရဲ့ တတ်သိပညာရှင်ခေါင်းဆောင်တစ်ဦးအဖြစ်သတ်မှတ်ကြပါတယ်။ မစ္စတာရာရှစ်ဟာ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်တက္ကသိုလ်မှာ ဒဿန ဗေဒပညာသင်ကြားနေစဉ် ၁၉၆၈ ခုနှစ်ခန့်က ဆိုရှယ်လစ်ပါတီဝင်ဖူးသူ တစ်ဦးဖြစ်ပေမယ့် နောက်ပိုင်းမှာ ဘာသာရေးအခြေခံအမြင်နဲ့ပြုပြင်ပြောင်းလဲရေးသမားအစ္စလာမ်ဝါဒီတစ်ဦးဖြစ်လာပါ တယ်။ ၎င်းဟာ တစ်ပါတီတည်း ကြီးစိုးတဲ့ နိုင်ငံရေးစနစ်အဆုံးသတ်ဖို့နဲ့ ဒီမိုကရေစီထွန်းကားဖို့ ကြိုးပမ်းခဲ့ပြီး ထောင်ဒဏ် ၁၁ နှစ် တစ်ကြိမ်၊ တစ်သက် တစ်ကျွန်း တစ်ကြိမ် ကျခံခဲ့ရဖူးသူလည်းဖြစ်ပါတယ်။ ၎င်းင်းဟာ ပထမ ပြစ်ဒဏ်ကို ၁၉၈၁ ကနေ၁၉၈၄ ခုနှစ်အထိ သုံးနှစ်ခံခဲ့ရပြီး နိုင်ငံရေးနဲ့ ဘာသာရေးအဖွဲ့တွေရဲ့တောင်းဆိုမှု ကြောင့် လွှတ်ပေးခံခဲ့ရတယ်။ ဒုတိယပြစ်ဒဏ်ကို ၁၉၈၇ မှာရခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ လွှတ်ပေးခံခဲ့ရပါ တယ်။ အဲဒီ့နောက်ပိုင်းတော့ ၎င်းင်းဟာ လန်ဒန်မှာပဲ ပြည်ပြေးတစ်ဦး အနေနဲ့ ဆယ်စုနှစ်နှစ်ခုကြာနေထိုင်ခဲ့ပါတယ်။ ဒါဟာ သူ့ရုပ်ပုံလွှာ အကျဉ်းမျှပါပဲ။ ယခု တင်ဆက်မှာကတော့သူနဲ့ယူရိုသတင်းဌာနရဲ့အင်တာဗျူးကောက်နုတ်ချက်များ ဖြစ်ပြီး ဒီကောက် နုတ်ချက်များမှာ လက်ရှိတူနီးရှားရဲ့တော်လှန်ရေးအလွန် နိုင်ငံရေး ကိုလည်းမြင်တွေ့နိုင်ပါမယ်။

- အင်နာဒါရဲ့ လက်ရှိမူဝါဒတွေကို တူနီးရှားနဲ့ ပြင်ပကလူများစုက (ဘာသာရေးမဆန်တဲ့) လောကီရေးအသားပေးအယူအဆ ( Secularism ) ကို ခြိမ်းခြောက်မှုတစ်ခုလို့ မှတ်ယူနေကြတယ်။ ဘာသာရေးမဆန်တာကလည်း တူနီးရှားနိုင်ငံရေးရဲ့ အသွင်တစ်ခုဖြစ်ပါတယ်။ ဒီတော့ အဲဒီလိုမျိုး ခြိမ်းခြောက်မှုရှိပါတယ်လို့ ထင်နေသူတွေကို လူကြီးမင်းအနေနဲ့ ဘယ်လို အာမခံချက်တွေပေးနိုင်ပါသလဲ။

တူနီးရှားက လောကီရေး (သက်သက်)တိုင်းပြည်တစ်ခုမဟုတ်ပါဘူး။ တူနီးရှားမှာ သုံးတဲ့ ဘာသာစကားက အာရဗီဖြစ်ပြီး ဘာသာရေးက အစ္စလာမ်ပါ။ ဒါပေမဲ့ တူနီးရှား နိုင်ငံသားအားလုံးကို လောကီရေးသမားပဲဖြစ်ဖြစ် အစ္စလာမ်ဝါဒီပဲဖြစ်ဖြစ် အာမခံချက်တွေ ကျွန်တော်တို့ပေး ထားတယ်။ ကွဲပြားမှုတွေ၊ သဘောထားအမြင်တွေရှိနေပေ မယ့်လည်း တူနီးရှားမှာ အမျိုးသားနဲ့ အမျိုးသမီးအားလုံးဟာ အခွင့်အရေးညီတူညီမျှ ခံစားသင့်ပါတယ်။ သူတို့ရဲ့ ယုံကြည်မှုတွေကို ဘေးဖယ်ထားပြီးဆိုရရင် ဥပဒေ ရှေ့မှာ အားလုံးသာတူညီမျှပါပဲ။

- လူတော်တော်များများက တော်လှန်ရေးကို ဖိနှိပ်ခဲ့တဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ အမှန်တရားပေါ်ထွက်လာဖို့ စောင့်နေပါတယ်။ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုရလဒ်တွေကို ဘယ်အချိန်ထုတ် ပြန်ဖြစ်မယ်လို့ထင်ပါသလဲ။
တရားရုံးတွေအတွက်က သူတို့လက်ရှိမှာ အစီရင်ခံစာကို သုံးသပ်ဆဲဖြစ်ပြီး ဒီကိစ္စက အချိန်ယူရမှာပါ။ စုံစမ်းစစ်ဆေးမှုကို လျင်မြန်စွာ နိဂုံးချုပ်ဖို့ လိုအပ်ပါတယ်။တစ်နှစ် ကုန်သွားပြီး ဘာရလဒ်မှ မရှိသေးဘူး။ တရားရုံးတွေကလည်း ခိုးမှုနဲ့အလွဲသုံးစားမှုတချို့ကို စီရင်ပြီးဖြစ်ပေမယ့် သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေကို စီရင်တာနည်း သေးတယ်။ နှေး နေတယ်။ ဒါပေမဲ့ အမှုတွေအားလုံး ရုံးတွေမှာ စစ်ဆေးနေပါပြီ။ ဒီကိစ္စကို ဖြစ်နိုင်သမျှ မကြာခင်မှာပဲ တရားနည်းလမ်းကျကျမျှတတဲ့နည်းနဲ့ ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

- တူနီးရှားဟာ တိုးတက်မှုနိမ့်ပြီး စီးပွားရေးကျဆင်းနေတယ်။ စီးပွားရေး ရဲ့ အဓိကကျောရိုးဖြစ်တဲ့ ခရီးသွားလုပ်ငန်းက နှေးကွေးနေပြီး အလုပ် လက်မဲ့ဦးရေက ၈၀၀၀၀၀ လောက်ရှိတယ်။ ဒီကိစ္စတွေကို ကိုင်တွယ်ဖို့ လူကြီးမင်းရဲ့ စီမံကိန်းတွေက ဘာများပါလဲ။
မျက်လှည့်ဆန်တဲ့ ဖြေရှင်းချက်မျိုးတော့ မရှိဘူးပေါ့။ ကျွန်တော်တို့ ဆန္ဒရှိသလို အလုပ်လက်မဲ့ပြဿနာနဲ့ စီးပွားရေးတိုးတက်နှုန်းသုညကနေရှစ်ရာခိုင်နှုန်းဖြစ် လာဖို့အတွက် ဖြေရှင်းချက်မျိုး ဒီနေ့ရှိထားပြီလို့ မပြောနိုင်ပါဘူး။ ဒီအချက်က တောင်းဆိုတာက တူနီးရှားနိုင်ငံသား အားလုံး အစိုးရနဲ့အတိုက်အခံ၊ လူတန်းစားအားလုံးဟာ အခြေအနေ ကိုတိုးတက်အောင်အတူတကွအလုပ်လုပ်ရပါမယ်။ အစိုးရနဲ့ ၎င်းင်းရဲ့ အဖွဲ့ အစည်းတွေကို ထောက်ခံပြီး ပြည်တွင်းနဲ့ နိုင်ငံခြားအရင်းအနှီးရှာ ရပါမယ်။ တူနီးရှားမှာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းနဲ့ အလားအလာ တွေအများကြီးရှိပါတယ်။

- ရင်းနှီးမြှုပ်နှံမှုအကြောင်းပြောတော့ လူကြီးမင်းတို့ကို ကျောထောက် နောက်ခံ ပေးထားတဲ့ လူပုဂ္ဂိုလ်၊ နိုင်ငံ၊ အဖွဲ့အစည်း တစ်ခုခုများရှိမလား။
ကမ္ဘာကြီးက တူနီးရှားတော်လှန်ရေးကို ကြိုဆိုခဲ့ကြတယ်။ ဥရောပဟာ ကျွန်တော်တို့ရဲ့ ပထမဆုံးမိတ်ဖက်ပါ။ ဒီဆက်ဆံရေးဖွံ့ဖြိုးဖို့ ကျွန်တော် တို့ သန္နိဋ္ဌာန်ချထားတယ်။ တူနီးရှားဟာ အခုတော့ လာလည်ပတ်စရာနေရာတစ်ခုဖြစ်နေပြီ။ ပြင်သစ်၊ အီတလီနဲ့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးအားလုံး ဒီကိုလာလည်ပြီးသွားပါပြီ။

- ဥရောပသမဂ္ဂက ဘာတွေကတိပြုခဲ့ပါသလဲ။
သူတို့ ရင်းနှီးမြှုပ်နှံမှု၊ ချေးငွေနဲ့ အကူအညီတွေပေးဖို့ တူနီးရှားနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ ကတိပြုထားတယ်။ အမေရိကန်က လည်း တူနီးရှားမှာ ရင်းနှီး မြှုပ်နှံချင်နေတယ်။ ခရီးသွားလုပ်ငန်း မြှင့်တင် ချင်လို့ပါ။ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အယ်ဂျီးရီးယား၊ လစ်ဗျား၊ မော်ရိုကို၊ အာရပ်ကမ္ဘာတို့ဟာလည်း တူနီးရှားမှာ အဓိကရင်းနှီးမြှုပ်နှံသူတွေပါ။

- တူရကီက အစ္စလာမ်မစ်ပါတီ အေကေပီကတော့ စီးပွားရေးအရ၊ နိုင်ငံရေး အရ အောင်မြင်ကြောင်း သက်သေပြပြီးပါပြီ။ ဒါပေမဲ့ တခြားသော အစ္စ လာမ်မစ်ပါတီတွေရဲ့ အတွေ့အကြုံကရော ဘယ်လိုလဲ။ အယ်ဂျီးရီးယား မှာ ၉၀ နှစ်များ အစောပိုင်းကလိုပေါ့။ ဆိုမာလီယာမှာရော ဘယ့်နှယ့်လဲ။ အင်နာဒါ ဟာ ဘယ်လိုပုံစံမော်ဒယ်မျိုးကို လိုက်လုပ်ဖို့ ရည်ရွယ်ထားပါသလဲ။

အေကေပီပါတီကတော့ ကျွန်တော်တို့နဲ့ အနီးကပ်ဆုံးပါ။ တူရကီနဲ့ တူနီးရှားအခြေအနေက တစ်ပုံစံတည်းတူညီမှုရှိတယ်။ မကြာမီကရတဲ့ သမိုင်းအတွေ့အကြုံတွေ၊ အနောက်အုပ်စုနဲ့ နီးကပ်မှုရှိတာတွေရယ် တောင်မှ အတူတူပါပဲ။ ဒီအချက်တွေအားလုံးတူညီပြီး အေကေပီနဲ့ ကျွန်တော်တို့ဆက်ဆံရေးကလည်း ပိုနက်ရှိုင်းနေပါတယ်။ ကျွန်တော် တို့ဟာအစွန်းမရောက်တဲ့ အလယ်အလတ် အစ္စလာမ်မစ်ပါတီတွေ ဖြစ်တယ်။ အေကေပီကို နမူနာယူပြီး တူရကီရဲ့ စီးပွားရေးအောင်မြင်မှု၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအောင်မြင်မှုတွေကနေ ကျွန်တော်တို့ အကျိုးအမြတ်ရနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံတစ်ခုချင်းမှာ ကိုယ့်ကိုယ်ပိုင်အခြေအနေနဲ့ကိုယ်ဖြစ်ပါတယ်။

- စာနယ်ဇင်းသမားတော်တော် များများက မီဒီယာကဏ္ဍမှာ အငြင်းပွားဖွယ် ရာထူးနေရာသစ်တွေ ခန့်အပ်လိုက်လို့ ဒေါသထွက်နေကြပါတယ်။ ဒီလို ဆုံးဖြတ်ချက်မျိုးတွေ နဲ့ အင်နာဒါပါတီက မီဒီယာကို ထိန်းချုပ်ဖို့ ကြိုးစားတာဟာ လွတ်လပ်တဲ့စာနယ်ဇင်းနဲ့ လွတ်လပ်စွာဖော်ပြခွင့်ကို ပျက်စီးစေ နိုင်ပါတယ်။ အစိုးရဟာ သူလုပ်ပိုင်ခွင့် သြဇာအာဏာကို ကျင့်သုံးဆောင်ရွက် ရမှာပဲ။ မီဒီယာကို ကြီးကြပ်မယ့်သူတွေကို မကြာခင်က ရွေးချယ်ခန့်အပ် တာတွေ သူတို့လုပ်ခဲ့ပါတယ်။

- လူကြီးမင်းဟာ တူနီးရှားမီဒီယာကိုဝေဖန်ခဲ့တယ်နော်။
တူနီးရှားမီဒီယာအားလုံးတော့မဟုတ်ပါဘူး။ မှန်မှန်ကန်ကန်လုပ် တဲ့ မီဒီယာတွေကို ကျွန်တော်တို့ မဝေဖန်ခဲ့ပါဘူး။ ပရော်ဖက်ရှင်နယ်မဆန်တဲ့ မီဒီယာတွေကိုပဲ ဝေဖန်တာပါ။

- အင်နာဒါပါတီဟာ တူနီးရှားကို အုပ်ချုပ်နေတာလား။
တူနီးရှားကို အင်နာဒါပါတီ ဦးဆောင်တဲ့ အမျိုးသားတပ်ပေါင်းစုအဖွဲ့က အုပ်ချုပ်နေတာပါ။
—Ref: Post Revolution Politics in Tunisia, Euronews. 13 Jan.