May 20, 2012

တ၀ီဝီလိုရာ ပျံသန်းလို့

Photo

သင့်ကိုယ်ပိုင် ပထမတန်းစားပုံစံပဲဖြစ်ပါစေ။ တခြားတစ်စုံတစ်ယောက်ရဲ့ ဒုတိယတန်းစားပုံစံဘယ်တော့မှအဖြစ်မခံပါနဲ့။ တနင်္ဂနွေနေ့ရောက်ပြီဆိုတာနဲ့သမီးရဲ့ခန္ဓာ ကိုယ်ထဲမှာ ကြောက်စိတ်တွေက တဖွားဖွားထွက်လာ တော့တယ်။ မျက်ရည်တွေဆိုတာ လည်း သမီးလည်ချောင်းထဲမှာအ စိုင်အခဲနဲ့ အသင့်စောင့်နေသလိုပဲ လေ။ တနင်္ဂနွေညဆိုတာ နောက် တစ်နေ့မှာ ကျောင်းတက်ရတော့ မယ်ဆိုတဲ့ သဘောပဲပေါ့။ တနင်္လာ နေ့ကို မနက်စောစောကျက်သရေ မရှိလှတဲ့ နှိုးစက်သံစူးစူးရှရှနဲ့ စ တင်တယ်။ နေရောင်ခြည်တွေက သမီးအိပ်ခန်းရဲ့ ခန်းဆီးလိုက်ကာ တွေကို ဖောက်ထွင်းဝင်ရောက်မလာသေးခင်မှာပဲ နေ့တစ်နေ့ကို စရတယ်လေ။ အဲဒီနောက်တော့ စိတ် ညစ်ညူးဖွယ်အ၀ါရောင်တောက် တောက်ကျောင်းကားကို လမ်းတစ် လျှောက်မောင်းလာတာကို အိမ် တွေကြားထဲကနေ လှမ်းမြင်နေရ မယ်။ တကယ်တော့ ဒီကျောင်း ကားဝါကြီးဟာ သမီးကို ရန်သူ့ နယ်မြေဆီကို အတင်းအကျပ်သယ်ဆောင်သွားမယ့်မိစာကောင် ကြီးပဲလေ။

တကယ်တော့ ကျောင်းကို သမီးရဲ့ ရန်သူလို့တော့ ဆိုချင်တာ မဟုတ်ပါဘူး။ ရန်သူတွေက သမီး ကို တစ်စက်ကလေးမှဂရုမစိုက်ကြ တဲ့ တခြားကလေးတွေ၊ သူများ တွေကို လိုက်ကြည့်နေရလို့ သမီး အတွက်အချိန်မပေးနိုင်ကြတဲ့ ဆရာမတွေနဲ့ သူတို့ကစားတိုင်းသ မီးကို ပေးမပါဘဲ ချန်ထားတဲ့သူတွေပေါ့။ အဲဒီနှစ်အကုန်မှာတော့ အား ကစားချိန်မှာ ဆရာကဂိမ်းတစ်မျိုး ကိုကစားခိုင်းတယ်လေ။ အဲဒီဂိမ်း မှာ သမီးတို့အားလုံးက အခန်းထဲ ကတခြားအခန်းဖော်တစ်ယောက် စီအကြောင်းကောင်းတဲ့အချက်
တွေကို စာနဲ့ရေးပြီး ကျောကုန်းမှာ တိပ်နဲ့လိုက်ကပ်ပေးရတဲ့ ကစားနည်းပဲ။ ပြေးပြေးလွှားလွှားလည်း လုပ်ရလို့ပျော်စရာတော့အကောင်း သားလို့ထင်မိတယ်။ နောက်ဆုံး ကိုယ့်ကို တခြားလူတွေဘာပေးသ လဲဆိုတာကိုကြည့်တော့ “တော် တယ်” “လိမ္မာတယ်” ဆိုတာမျိုး တွေပဲ ရေးပေးလိုက်ကြတာတွေ့ ရတယ်။ ထူးထူးခြားခြား “ရီရတယ်” လို့ရေးပေးတဲ့သူက သုံးယောက်ပဲရှိပြီး နောက်တစ်ယောက်ကတော့  “စမတ်ကျတယ်” လို့ ရေး ပေးထားတယ်။ သမီးကို စမတ်ကျ တယ်လို့ ပြောပေးတဲ့သူက သမီး လိုပဲ လူရာသိပ်မ၀င်တဲ့လူတစ် ယောက်လည်း ဖြစ်နိုင်တယ်။  နောက်ပြီးဆရာမကရေးပေးလိုက် တာလည်း ဖြစ်နိုင်တယ်လေ။ အဲဒီအချိန်ကစပြီး သမီးဟာ ကိုယ့်ကိုယ်ကိုယ် ကြောက်တတ်ပြီး လူတောမတိုးရဲတဲ့သူတစ်ယောက် အဖြစ်လက်ခံသတ်မှတ်ထားလိုက် တယ်လေ။ သမီးအနားကိုရောက် လာတဲ့သူတွေအားလုံးကလည်းသမီးရှိနေတာ ကို ထွေထွေထူးထူး သတိထားမိပုံမပေါ်ဘဲ ဒီလိုပဲဘာသိဘာသာဖြတ်သန်းသွားခဲ့ကြတာ ပါပဲ။ သမီးရဲ့ ဒက်ဒီက သမီးကို ပြောဖူးတယ်။ “သမီးကို တခြားလူ တွေက ဘယ်လိုဆက်ဆံတယ်၊ သမီးအကြောင်းဘယ်လိုပြောကြ တယ်ဆိုတာ တကယ်တော့ သမီး ဘယ်လိုလူလဲဆိုတာထက် သူတို့ ဘယ်လိုလူလဲဆိုတာကို ပိုပြီးသက် သေပြနေကြတာပဲ” တဲ့။ ဒီစကား ကို သမီးသိပ်သဘောကျတယ်။ ဒါနဲ့ ဒီစကားကို သမီးနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေကို တိုက်ဆိုင်ရင် ပြောပြမိတယ်။ သူတို့တစ်တွေလူ တွေရဲ့ ဝေဖန်ပြစ်တင်စကားတွေ ကြောင့် စိတ်သောကရောက်တဲ့ အခါမျိုးတွေမှာ သမီးရဲ့စကားတွေ ကြောင့် စိတ်သက်သာရာရကြ လိမ့်မယ်လို့ သမီးထင်တယ်လေ။
သမီးအဖေရဲ့ စကားကို ကိုး ကားတဲ့အကြိမ်များလာလေ၊ ဒီစ ကားရဲ့ တကယ့်အဓိပ္ပာယ်ကို ပိုပြီး သဘောပေါက်လာလေပဲ။ ကျောင်းက ကလေးတွေသမီးကို ရုပ်ဆိုးမလို့ခေါ်ချင်ခေါ်မယ်၊ ဒါမ မဟုတ် သမီးကို လျစ်လျူရှုချင်ရှုမယ်၊ သမီးကို သူတို့အကျိုးအ တွက် အသုံးချချင်လည်းချမယ်။ ဒါပေမဲ့ သူတို့ရဲ့ သမီးအပေါ် ထားတဲ့ သဘောထားတွေကြောင့် သမီးကို သမီးမဟုတ်တဲ့ အခြားလူတစ်ယောက်ဖြစ်သွားအောင်တော့ ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်ဘူး လေ။ သမီးသူတို့ကို ဒေါသထွက် ရင်ထွက်မယ်၊ ကိုယ့်ဘာသာလည်း ၀မ်းနည်းရင်နည်းမယ်။ ဒါပေမဲ့သူတို့ရဲ့ အခုလိုသူတစ်ပါးကို ချိုးနှိမ်ဆက်ဆံပုံဟာ ဒီလိုဆက်ဆံမှသာ သူတို့စိတ်ချမ်းသာရာရမယ့်ပုံမျိုး ဖြစ်နေလို့ သူတို့ကို ခွင့်လွှတ်နိုင် ရင်ခွင့်လွှတ်၊ ခွင့်မလွှတ်နိုင်ရင် လည်းလျစ်လျူရှုလိုက်ဖို့ပဲရှိတော့ တယ်။

နောက်ပြီးတော့ သမီးသူတို့ကို သနားရကောင်းမှန်းလည်း သိလာတယ်။ ဘာဖြစ်လို့လဲဆို တော့ သူတစ်ပါးကို အနိုင်ကျင့်တဲ့ သူ၊ ရိုင်းစိုင်းတဲ့သူတွေဟာ သူတို့ ရဲ့ ဗီဇစိတ်အခြေခံထဲမှာ သူတို့ ကိုယ်သူတို့ မလုံခြုံစိတ်ရှိနေလို့ပဲ ဆိုတာ နားလည်လာလို့လေ။ သူ တို့ သမီးကိုနာကျင်အောင်လုပ် တိုင်း ဒီလိုလုပ်တာဟာ သူတို့ရင် ထဲက ဒဏ်ရာကိုသမီးဆီကို လွှဲပို့ နေတာလို့ သိနားလည်ထားတဲ့အ တွက် သူတို့ကိုပြန်သနားနိုင်တဲ့ နားလည်မှုမျိုးရှိလာတယ်လေ။ ကိုယ့်ကိုရန်လုပ်တဲ့သူတွေကို ချစ်
ခင်ဖို့ဆိုတာ ခက်ခဲလှတဲ့အလုပ် တော့မှန်ပါတယ်။ ဒါပေမဲ့ ဒါဟာမှန်ကန်တဲ့အလုပ်တစ်ခုလို့တော့သမီးအသေအချာသိတယ်။ တစ်ခါတုန်းက အဖေနဲ့သမီးတို့ကားမောင်း သွားရင်းနဲ့ သမီးကကျောင်းမှာ နောက်ဆုံးဖြစ်ပျက်ခဲ့ တာတွေကို အဖေ့ကိုပြောပြမိ တယ်။ ကျောင်းမှာသမီးကိုခင်တဲ့ လူတစ်ယောက်မှမရှိဘူးလို့ အဖေ့ ကိုညည်းပြမိ တယ်။ လူတွေက သမီး အကြောင်းကိုလည်းတကယ်တမ်း ဘယ်သူမှမသိကြဘူးလို့ထင်နေ တယ်။ တကယ်တော့သမီးရဲ့ ပင် ကိုသဘာဝက လွတ်လွတ်လပ် လပ်
ပျော်ပျော်ရွှင်ရွှင်နဲ့ နေတတ်တဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျောင်းမှာ တိတ်တဆိတ်အသံမထွက်ဘဲနေတာက အကျင့်ပါနေပြီလေ။

အဖေက သမီးပြောတာကို အာရုံစိုက်နားထောင်နေတယ်။ ပြီးမှသမီးရဲ့ ကိုယ်ပေါ်ကို ကိုင်း ညွှတ်ပြီးတော့ “သမီးလေး၊ ဒစ်စ နေက အာလာဒင်နဲ့ ဆီမီးခွက် ကားကို မှတ်မိတယ်မဟုတ်လား။ အဲဒီမှာအာလာဒင်နဲ့ ဂျက်စမင်တို့ လေသာဆောင်မှာ စကားတွေ ပြောနေကြတုန်းမှာ ဂျင်နီက မီး ခွက်ထဲကနေထွက်လာပြီး ပျား ယောင်ဖန်ဆင်းလို့ အာလာဒင်ရဲ့ နားနားမှာ သွားပြီး တ၀ီဝီလုပ်နေ တယ်လေ။ ဒီတော့အာလာဒင်က ဘာပြောလိုက်လဲ သမီးလေးမှတ် မိသေးလား” လို့မေးတယ်လေ။ သမီးကလည်း မှတ်မိတာပေါ့။ သူ ကဂျင်နီကို “နင့်ဖာသာ တ၀ီဝီလုပ် မှာသာ လုပ်စမ်းပါကွာ” လို့ပြော လိုက်တာလေ။ သမီးအဖေ့ရဲ့ မေး ခွန်းကို ကြားတော့မှ သဘောကျ ပြီး အသံထွက်အောင်ရယ်မိသေး တယ်။ သမီးလည်း အဲဒီပျားက လေးလို တဒီးဒီမြည်ပြီး လွတ်လွတ်လပ်လပ် ပျံသန်းချင်လိုက်တာ။ ဒါပေမဲ့ ဒီလိုဖြစ်အောင် ဘယ် လိုနေရမယ်ဆိုတာကို မသိသေး ဘူးလေ။ သမီးရဲ့ တကယ့်အစစ် အမှန်ကဘာလဲ။ သမီးက အလေ့ ကျပေါက်တဲ့ တိုက်ကပ်ပန်းက လေးလား၊ ဒါမှမဟုတ် လူတိုင်း တန်ဖိုးထားကြတဲ့ နှင်းဆီပန်းက လေးလား။ သမီးက ဘယ်လိုပန်းကလေးလဲဆိုတာကို ဘယ်သူတွေ က အဆုံးအဖြတ် ပေးရမှာလဲ။ကျောင်းမှာကြုံခဲ့ရတဲ့ အဆင်မပြေမှု တွေက သမီးရဲ့ ဘ၀ကို သတ် မှတ်ပြဋ္ဌာန်းတာကို ခံရမှာလား။ စာသင်ကျောင်းမှာကြုံရတဲ့ အခက်အခဲတွေစိန်ခေါ်မှုတွေက သမီးရဲ့ ခရီးစဉ်တစ်ခုပဲဖြစ်ရမှာ ပေါ့။ ဒီခရီးစဉ်ရဲ့ ပန်းတိုင်ကတော့ သမီးရဲ့ အစစ်အမှန်ကိုပြန်လည် ရှာဖွေတွေ့ရှိဖို့ပဲ ဖြစ်တယ်လေ။ သမီးဟာ အလေ့ကျပန်းကလေးတစ်ပွင့်မဟုတ်တာကိုတော့ သမီး ဘာသာအသေအချာသိတယ်။ အားလုံးက သဘောကောင်းပြီး အေးတဲ့ကောင်မလေးလို့ပြောကြတာလည်း ပြဿနာမရှိပါဘူး။ သမီးမှာ လှပတဲ့ပန်းကလေးတစ်ပွင့် အဖြစ် ဝေဆာဖူးပွင့်စရာ ဗီဇကပါလာပြီးသားပဲလေ။ ပျားကလေးလို ကိုယ့်အသံကိုယ်မြည်ပြီး ကိုယ် ပျံလိုရာကို တ၀ီဝီပျံသန်းသွားဖို့ပဲ လိုတယ်မဟုတ်လား။    ။
Ref: 'Not Just an Ordinary Flower' by Stephanie Warner