Feb 23, 2012

တရုတ်ကွန်တိန်နာကားများကို ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် ရောင်းမည်

ရန်ကုန်၊ ဇန်န၀ါရီ-၁၂

တရုတ်နိုင်ငံထုတ်ကွန်တိန်နာ ကားများကို ကမ္ဘော ဇဘဏ်နှင့် ချိတ်ဆက်၍အရစ်ကျစနစ်ဖြင့် စတင် ရောင်းချမည်ဖြစ်ကြောင်း E.F.R ကုမ္ပဏီမှ ဒုတိယအထွေ ထွေမန်နေဂျာ စ၀်နောင်ကျော်က ပြောကြားသည်။

အဆိုပါ ကွန်တိန်နာကား များသည် တရုတ်နိုင်ငံထုတ် JAC အမှတ်တံဆိပ်ကားများဖြစ်သည်။ ကားတစ်စီး၏ တန်ဖိုးမှာ နောက် တွဲပါအပါ တစ်စီးလျှင်ကျပ်သိန်း ၈၅၀ ဖြစ်သည်။ အရစ်ကျစနစ်ဖြင့် ၀ယ်ယူမည်ဆိုပါက ပထမဦးစွာကားတန်ဖိုး ၃၀ ရာခိုင်နှုန်းပေးသွင်းပြီးကျန် ၇၀ ရာခိုင်နှုန်းကို ၁ နှစ်မှ ၃ နှစ်အတွင်း အရစ်ကျ ပေးသွင်းရမည်ဖြစ်သည်။

“သုံးနှစ်အရစ်ကျနဲ့ဝယ်ရင် တစ်လကို တစ်ဆယ့်ခြောက်သိန်းခွဲပဲကျပါတယ်”ဟု အထက်ပါ ပုဂိုလ်က  ရှင်းပြသည်။ အရစ်ကျစနစ်ဖြင့် ၀ယ်ယူရာတွင် ဘဏ်နှင့် ရေရှည်ဆက်ဆံနေသည့်   လုပ်ငန်းရှင်နှစ်ဦးက ထောက်ခံပေးရန် လိုအပ်ကြောင်းကိုလည်းသိရသည်။ယခုနှစ်ပိုင်းအတွင်း ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်၍ အ ရစ်ကျစနစ်ဖြင့် ရောင်းချသော လုပ်ငန်းအချို့ပေါ်ပေါက်လာသည်။ သို့သော်ငါးသိန်းတန်မို ဘိုင်းဖုန်း အရစ်ကျစနစ်ဖြင့် ရောင်းချမှုတွင် ၀ယ်သူများအတွက် အဆင်မပြေကြောင်းသတင်းရရှိသည်။