တရုတ်တိုင်ပေ ရွေးကောက်ပွဲဝင် သမ္မတလောင်းနှစ်ဦးနှင့်တွေ့ဆုံခြင်း
တရုတ်တိုင်ပေ သမ္မတရွေးကောက်ပွဲကို ဇန်န၀ါရီ ၁၄ မှာ ပြုလုပ်မှာဖြစ်တာကြောင့် ဆောင်းပါးရေးချိန်မှာ မလုပ်ရသေးပေမယ့် ဒီဂျာနယ်ထွက်ချိန်မှာ အဖြေ ပေါ်ဖို့ သေချာသလောက်ရှိနေပါတယ်။ ဒီရွေးကောက် ပွဲဟာ လက်ရှိသမ္မတ မာယင်ဂျောင်းနဲ့ ၎င်းင်းကို အဓိကစိန်ခေါ်သူ မစ္စဆိုင်အင်း ၀မ်တို့ကြားကအားပြိုင်ပွဲတစ်ရပ်လို့ လည်းပြောကြပါတယ်။ တရုတ်တိုင်ပေဟာ အမေရိကန်နဲ့ စစ်ရေးအရ ဆက်ဆံမှုအနီးကပ်ဆုံးဖြစ်တာကြောင့် တရုတ်နဲ့ တရုတ်တိုင်ပေအကြား ရေလက်ကြားဖြတ် ကျော်ဆက်ဆံရေးဟာ အာရှလုံခြုံရေးနဲ့ တည်ငြိမ်ရေးမှာ အရေးကြီးတဲ့အခန်းကဏ္ဍကလည်း ပါဝင်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဆီမှာလည်း ကြားဖြတ်ရွေး ကောက်ပွဲတစ်ခုကျင်းပဖို့ လအနည်းငယ် အလိုမှာ တိုက်ဆိုင်စွာပဲ တရုတ်တိုင်ပေသမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် နိုင်ငံရေးပြိုင်ဘက်နှစ်ဦးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ မဟာဗျူဟာရေးအမြင်တွေကို တိုင်းမ်မဂ္ဂဇင်းက အပြိုင်အင်တာဗျူးလုပ် တင်ပြထားတာတစ်ခုကို ချိတ်ဆက်ဖော်ပြပေးလိုက်ပါတယ်။
သမ္မတ မာယင်ဂျောင်းနှင့်မေးမြန်းခြင်းဘာကြောင့် သမ္မတကြီးကို ပြန်လည်ရွေးကောက်တင်မြှောက်သင့်တာပါလဲ။
ဘာကြောင့်လဲဆိုတော့ တိုင် ပေကို ကျွန်တော်တို့ ပြောင်းလဲခဲ့လို့ပါ။ ကျွန်တော်တို့ တိုင်ပေကို အဆင့်မြှင့်တာနဲ့ အသွင်ပြောင်းတာမှာ အောင်မြင်ခဲ့တယ်။
(တရုတ်နဲ့)ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေးက တိုင်ပေအတွက် ကူးသန်းရောင်းဝယ် ရေးအခြေအနေဖြစ်ထွန်းအောင်ကူညီပေမယ့် တစ်ချိန်တည်းမှာ ပဲ တိုင်ပေရဲ့ တည်ရှိမှုအမှတ် အသားကို အားနည်းရာရောက် စေတယ်လို့ပြောတဲ့ တိုင်ပေသားတချို့ကို သမ္မတကြီး ဘာများပြောချင်ပါသလဲ။
ဒီလိုအမြင်ရှိတဲ့သူတွေဟာ လူနည်းစုပါ။ တိုင်ပေရဲ့ ပြည်မကြီးရေးရာကောင်စီက ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ရပ်အရတော့ တရုတ်ပြည်မကြီးနဲ့ ကျွန်တော်တို့ အကြား သဘောတူစာချုပ်တွေ ချုပ်ဆိုတာ အကျိုးရှိတယ်လို့ ယူဆသူ ၆၁ ရာခိုင်နှုန်းရှိပြီး အဲဒီ လို မထင်သူက ၂၉ ရာခိုင်နှုန်းပါ။
အဲဒီ့လူနည်းစုကို သမ္မတကြီးဘယ်လိုကျေနပ်အောင်လုပ်မလဲ။
ကျွန်တော် ရာထူးမယူခင်က တော့ ပြည်မကြီးနဲ့ နှစ်စဉ် ကုန် သွယ်ရေးဟာ ကန်ဒေါ်လာ ၁၀၀ ဘီလီယံဖိုးရှိတယ်။ ပြည်မကြီးဟာ ကျွန်တော်တို့ရဲ့ အကြီးဆုံးကုန်
သွယ်ဖက်၊ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုပန်းတိုင်၊ ကုန်သွယ်ရေးပိုငွေရရှိရာ အကြီးဆုံးရင်းမြစ်လည်းဖြစ်ပါတယ်။ ဒါတွေက ရှောင်လွှဲလို့ မရတဲ့အချက်တွေပါ။ ဒါကြောင့် အဲဒီလို မယုံသူတွေကို ကျွန်တော်တို့ပြောမှာကတော့ ပြည်မကြီးနဲ့ ဆက်ဆံရေးတွေဟာ အန္တရာယ်ရှိပေမယ့် အဲဒီ့အန္တရာယ်တွေကို ကျွန်တော်တို့ သေးငယ်အောင်လုပ်ပြီး အကျိုး အမြတ်တွေကြီးမား အောင်လုပ်ရပါမယ်။ ကျွန်တော်တို့ မူဝါဒတွေမှာလည်း အဲဒီလိုလုပ်ပြီးပါပြီ။ ဒါကြောင့် သံသယ ၀င်သူတွေကို ကျွန်တော်တို့ဟာ တိုင်ပေရဲ့အကျိုး စီးပွားအတွက်ပဲ လုပ်နေတာလို့ သိနားလည်သွားအောင်ကူညီပေးရပါမယ်။တိုင်ပေအတွက် အမေရိကန်ရဲ့ ထောက်ခံမှုဟာ အရင်ကထက် ပိုနည်းလာတာကို သမ္မတကြီး စိုးရိမ်နေခဲ့သလား။ အိုဘားမား အစိုးရကလည်း နိုင်ငံရေးအရ အားနည်းသလို အမေရိကန် စီးပွားရေးနဲ့ ပထ၀ီနိုင်ငံရေးဆိုင်ရာ အခန်းကဏ္ဍကလည်း အရင်ကလောက် မခိုင်မာတော့ပါဘူး။ ဒီအချက်က တိုင်ပေအရေးနဲ့ပတ် သက်လို့ တရုတ်နဲ့ဆက်ဆံရာမှာ ၀ါရှင်တန်ရဲ့သြဇာကို အကျိုးသက် ရောက်မှုရှိနိုင်ပါတယ်။ အမေရိကန်ပညာရှင်အ သိုင်းအ၀ိုင်းမှာ လူနည်းစုကပဲ တိုင်ပေကို စွန့်ပစ်ရေးကိစ္စ အဆိုပြု နေခဲ့တာပါ။ ဒါဟာ အများစု လက်ခံတဲ့အမြင်မဟုတ်ပါဘူး။ အစိုးရထဲကနဲ့ ပညာရှင်ထဲက အများစုကတော့ အမေရိကန်ဟာ တိုင်ပေနဲ့ ခိုင်မာတဲ့ဆက်ဆံရေး တွေ ဆက်လက်ထိန်းသိမ်းထား သင့်တယ်လို့ယုံကြည်ကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကလည်း မကြာမီက ဟာဝိုင်ယီမှာ တိုင်ပေဟာ အမေရိကန်အတွက် လုံခြုံရေးနဲ့ စီးပွားရေးပါတနာလို့ဖော်ပြခဲ့ပါတယ်။
သမ္မတကြီးပြန်လည်ရွေးကောက်ခံရရင် သမ္မတရာထူး ဒုတိယသက်တမ်းမှာ ပြည်မကြီးကို သွားလည်ဖို့ ကြိုးစားမှာလား။
ဖြစ်နိုင်ခြေကိုတော့ ကျွန် တော်တို့ လုံးဝဖယ်ထုတ်မထားပါ ဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ အတိအကျ အချိန်ဇယားလည်းမရှိပါဘူး။ ခက်ခဲတာတွေမတိုင်ခင် လွယ်တာတွေဖြေရှင်းပါ့မယ်။ နိုင်ငံရေးမတိုင်ခင် စီးပွားရေးကိစ္စရှင်းပါ့မယ်။
သမ္မတကြီးရဲ့ နာမည်ဂုဏ်သတင်းကို ဘယ်လိုထားခဲ့ချင်ပါသလဲ။
ပထမ ရာထူးလေးနှစ်အ တွင်း တိုင်ပေအတွက် ကျွန်တော့် စီမံကိန်းက အုပ်ချုပ်ရေးကောင်း မွန်ရေး၊ ကမ္ဘာ့အဆင့်အတန်းမီ ရေးပါ။ လာမယ့်လေးနှစ်မှာတော့ ကိုယ့်ကိုယ်ကိုယ် ပြန်တီထွင်ဖန်တီးပြီး အကောင်းဆုံးကိုရှာပါမယ်။ ကျွန်တော့်ရဲ့ အဓိကအစီ အစဉ်အများအပြားကလည်း အခြေစိုက်မိဖို့ ကာလရှည်တစ်ရပ်လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော့် နာမည်ဂုဏ်သတင်း ကိစ္စနဲ့ပတ်သက်လို့ကတော့ နောက်လေးနှစ်မှ ကျွန်တော့်ကို တစ်ကြိမ် ထပ်မေးပါ။
ဆိုင်အင်းဝမ်နှင့် မေးမြန်းခြင်း ဘာကြောင့်လူကြီးမင်းကို ရွေးကောက်တင်မြှောက်သင့်တာပါလဲ။
ဘာကြောင့်လဲဆိုတော့ ကျွန်မက ပိုကောင်းတဲ့ခေါင်းဆောင်ဖြစ်လို့ပေါ့။ ကွဲပြားခြားနားအောင် ကျွန်မလုပ်ဆောင်ချင်နေပါတယ်။ အစိုးရရဲ့ အလုပ်လုပ်နေပုံကို ပြောင်းလဲပစ်ရပါမယ်။ ခေါင်းဆောင်ဆိုတာ စိတ်ပိုင်းဖြတ်ပြဋ္ဌာန်းထားမှုတစ်မျိုးမျိုး ရှိရပါမယ်။ လက်ရှိသမ္မတမှာ အဲဒီလို စိတ်ပိုင်းဖြတ်မှုမျိုး ကျွန်မတို့ မမြင်မိဘူး။
တိုင်ပေဟာ သဘာဝကပ်ဘေးဆိုး ကြီးကြီးမားမား မခံစားခဲ့ရဖူးပါ ဘူး။ လက်ရှိသမ္မတဟာ ဒီတော့သာမန်အားဖြင့် အားသာနိုင်ပါတယ်။ ဒါပေမဲ့ လူထုသဘောထား စစ်တမ်းတွေမှာ လူကြီးမင်းတို့ ပြိုင်ဘက်နှစ်ဦး ရလဒ်မကွာဘဲ သိပ်နီးကပ်နေတယ်။ ဘာကြောင့်ပါလဲ။
လူတွေက အစိုးရရဲ့ ရင်းမြစ် တွေခွဲဝေဖြန့်ဖြူးပုံကို မကျေနပ် ကြပါဘူး။ သူတို့က ပိုမျှတတဲ့ အစိုးရကိုလိုချင်တယ်။ အစိုးရ ရင်းမြစ်တွေကို ပြန်ခွဲဝေရာမှာ လည်း ပိုမျှတတဲ့ သမ္မတတစ်ဦးကို လိုချင်နေတယ်။ လူတွေ ရင်ဆိုင် နေရတဲ့ နံပါတ်တစ်ပြဿနာက သူတို့ ကြိုက်နှစ်သက်တဲ့အလုပ်ကို ရှာနေရတဲ့ပြဿနာပါ။ သမ္မတဟာ ရေ လက်ကြားကိစ္စနဲ့ပတ် သက်လို့ သိပ်ဂုဏ်ယူနေတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ သူလုပ်ပုံကို မကြိုက်ကြတဲ့လူတွေလည်း အများကြီးရှိပါတယ်။
တိုင်ပေအတွက် ပြည်မကြီးနဲ့ထိတွေ့ဆက်ဆံရေးဟာ တခြား ဘယ်နေရာမှာမဆို ရှိနေတဲ့ အစိုးရတွေ၊ စီးပွားရေးတွေ၊ လူ့အဖွဲ့အစည်း တွေအတွက်လိုမျိုးပဲ မရှိမဖြစ်ဆိုတာ လက်ခံပါသလား။
သူတို့နဲ့ ကျွန်မတို့ ပုံမှန်ဆက် ဆံရေးပဲ ထားသင့်ပါတယ်။ ပုံမှန်ဆိုတဲ့ စကားလုံးကို ကျွန်မ ဆိုလို တာက နိုင်ငံတကာဥပဒေတွေကို လိုက်နာပြီး ကျွန်မတို့ရဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ ဘက်စုံပူးပေါင်းဆောင်ရွက်မှုမူဘောင်တွေ အသုံးပြုဖို့ပါ။
လူကြီးမင်းဟာ တိုင်ပေရဲ့ ပြည်မကြီးရေးရာကောင်စီအကြီးအကဲဖြစ်ခဲ့ဖူးတယ်။ ပြည်မကြီးဟာ လူကြီးမင်းကို သိသလို သူတို့ကို လည်း လူကြီးမင်းကသိတယ်။ တရုတ်ဟာ အရင်ကထက်စာရင် တိုင်ပေမှာ အခုရှိနေတဲ့ ရှုပ်ထွေးမှုတွေကို ပိုပြီးကျကျနန နားလည်မှုရှိနေပါပြီလား။
ကျွန်မတို့ ဘာဖြစ်နေတယ်။ နောက်ပြီးဘာဖြစ်မယ်ဆိုတာတွေကို သူတို့ကောင်းကောင်း နားလည်ပါတယ်။ ဒါပေမဲ့ အဲဒါ မလုံလောက်သေးဘူးပေါ့။ တစ်ခါတလေ သူတို့မှာ ဒီကကိစ္စတွေကို မှန်မှန်ကန်ကန်အဓိပ္ပာယ်မကောက်နိုင်ဘူး။ တစ်ခါတလေလည်း ကေအမ်တီရဲ့ နိုင်ငံရေး သမားတွေ၊ ထောက်ခံသူတွေရဲ့ အဓိပ္ပာယ်အကောက် အယူကိုပဲ အသုံးပြု(အကဲဖြတ်)ချင်နေကြတယ်။
အမေရိကန်နဲ့ ဆက်ဆံရေးဟာ လူကြီးမင်းတို့အဖို့ ဘယ်လောက်အရေးကြီးပါသလဲ။
အဲဒါ သိပ်သိပ်ပြီး အရေးကြီးတဲ့အချက်ပါ။ ကျွန်မတို့မှာ ဈေးကွက် အဲဒီမှာလိုတယ်။ နည်း ပညာ၊ စီးပွားရေးကွန်ရက်တွေလို တယ်။ နိုင်ငံရေးအရဆိုရင်လည်း သူ့စနစ်တွေထဲ အားနည်းချက် တွေရှိနေပေမယ့် ဒီမိုကရေစီနိုင်ငံ ဖြစ်ဆဲပဲ။ ဒီမိုကရေစီနိုင်ငံတွေနဲ့ ကျွန်မတို့ တွဲလုပ်ချင်ပါတယ်။ ပြီးတော့ မဟာဗျူဟာအရလည်း အမေရိ ကန်ဟာ တရုတ်ကို ပြန် လည်ထိန်းညှိမှု( Counter-Balance ) တစ်ရပ်ဖြစ်ပါတယ်။ ကျွန်မတို့ဟာ တရုတ်ကို တစ်ဦးတည်း မျက်နှာချင်းဆိုင်နေတာ မဟုတ်ပါဘူး။ ဒေသ တွင်းက လူတွေအများကြီးနဲ့အတူ တရုတ်ကို မျက်နှာချင်းဆိုင်နေတာဖြစ်ပါတယ်။
—Ref: Time meets Taiwan Presidential Hopefuls Ma Ying-jeou and Tsai Ing-wen.Jan 5, 2012.
- Login to post comments