မူဆယ်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့သော၂၅ မှတ်ဆန်မှာ ဖေဖော်ဝါရီလလယ်မှစ၍ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၇၇ အထိ ဈေးတက် လာကြောင်းသတင်းရရှိသည်။
“ဒီနှစ်လပိုင်း လဆန်းလောက်ထိ တစ်တန်ကို ၄၂၇ ဒေါ်လာပဲရတာ။ အခုရက်ပိုင်း အ၀ယ်လိုက်တာနဲ့ ဈေးနည်းနည်းတက်သွားတာ”ဟု မူဆယ်မှ တရုတ်နိုင်ငံ
သို့ ဆန်ပို့နေသော ကုန်သည်တစ်ဦးကပြောသည်။ ဇန်န၀ါရီလတွင် မူဆယ်ဂိတ် မှ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၀၆၆၉ ဒသမ ၉ နှင့် ဖေဖော်ဝါရီ ၁၅ ရက်ထိ တန်ချိန် ၂၃၂၀၉ ဒသမ၄၅ တန် တင်ပို့ပြီးဖြစ်၍ တစ်လခွဲအတွင်း တန်ချိန် ၄၆၀၀၀ ကျော်တင်ပို့ထားကြောင်း သက်ဆိုင်ရာကပြုစုထားသောစာရင်းများအရ သိရသည်။
ဆန်တစ်တန်လျှင် ၄၆၀ ဒေါ်လာရရှိသော်လည်း ရန်ကုန်မှ မူဆယ်သို့ ကားဖြင့် တင်ပို့သော ဆန်တစ်တန် ကုန်ကျစရိတ်မှာ ၁၅၀ ဒေါ်လာခန့်ရှိပြီး မန္တလေးမှ တင်ပို့ပါ
က တစ်တန်လျှင် ၉၄ ဒေါ်လာ ကျသင့်သည်ဟု ဆန်တင်ပို့သူတစ်ဦးကပြောသည်။ မန္တလေးမှ မူဆယ်အကွာအ ဝေးမှာ ၄၅၆ ကီလိုမီတာသာရှိပြီး ရွှေလီမှ ကူမင်းအကွာ အဝေးမှာ ၇၂၀ ကီလိုမီတာရှိရာ ဆန်တစ် တန်လျှင် သယ်ယူပို့ဆောင်ခမှာ ၃၈ ဒေါ်လာသာ ကျသင့်သည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက ယခုနှစ် စပါးပေါ်ချိန်တွင် ဈေးမကောင်းသဖြင့် နယ်စပ်ကုန် သွယ်ရေးဇုန်များမှတစ်ဆင့် ဆန်တင်ပို့ခွင့်အား ပြန်လည်ခွင့်ပြုပေးခဲ့သည်။


