Feb 23, 2012

တရုတ်နိုင်ငံသို့ ငါးရှဥ့် တင်ပို့ရာတွင် သတိပြုကြရန်တာဝန်ရှိသူများအကြံပြု

Photo
ရန်ကုန်၊ ဇန်န၀ါရီ-၁၀

ငါးရှဥ့်များအား ယခုနှစ်ဆန်းမှ စတင်ကာ တရုတ်နိုင်ငံသို့ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြန်လည်ရရှိလာသောကြောင့် ငါးရှဥ့်လုပ်ငန်းရှင်များ လုပ်ကိုင်ပုံမှားယွင်းပါက အတိတ်ကာလကကဲ့သို့ဆုံးရှုံးနစ်နာမှုများကြုံတွေ့နိုင်ကြောင်းငါးရှဥ့်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဘသော်ကပြောသည်။

၁၉၉၂ မှစတင်ကာ မြန်မာ့ငါးရှဥ့်များကို တရုတ်နိုင်ငံသို့ မူ ဆယ်နယ်စပ်ဒေသမှ တစ်ဆင့်ရောင်းချခဲ့ကြသည်။ ၂၀၀၆ ခုနှစ်အထိ ငါးရှဥ့်ရောင်းဝယ်မှုအပေါ် ၀ယ်သူဘက်က ဈေးနှိမ်ဝယ်ယူခံရခြင်းနှင့် မရောင်းခဲ့လျှင် ငါးရှဥ့်များသေကာ အရင်းပြုတ်သည်အထိ နစ်နာမှုများကြုံတွေ့ခဲ့ကြရသည်။“အခုလို လွတ်လွတ်လပ်လပ် ရောင်း
ဝယ်ခွင့်ရတော့ အကောင်းလည်း ဖြစ်နိုင်သလိုအဆိုးလည်း ဖြစ်နိုင်တယ်။ ၁၉၉၀ ပြည့် လွန်နှစ်ကလို ပြန်ရောက်မှာစိုးလို့ ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပါ” ဟု ဦးဘသော်က သယံဇာတ ထိန်းသိမ်းခြင်းဖြင့် မိမွေဖမွေကိုထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်းပြောသည်။

“ငါးရှဥ့်က အခုဘဏ္ဍာနှစ်မှာ လျာထားချက်ကျော်ပြီး အမေရိကန်ဒေါ်လာ ၂၅ သန်းကျော်သွားပေမယ့် ငါးရှဥ့်လုပ်ငန်းလုပ်ခဲ့တဲ့လူဟောင်းတွေ ပြုတ်ကုန်ပြီ။မရှိကြတော့ဘူး”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ(၂)ဦးနှင်းဦးက ပြောသည်။၁၉၉၀ ၀န်းကျင်က လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရရှိသောကြောင့် မိမိတို့ဘက်မှ သုံး စင်တီမီတာအောက်အကောင်သေးလေးများ ရောနှောရောင်းချသောအခါ ၀ယ်သူဘက်မှ ဈေးနှိမ်ခြင်းနှင့် ညစ်နည်းမျိုးစုံ သုံးခြင်းများကြောင့် ရောင်းချ သောလုပ်ငန်းရှင်များ ဆုံးရှုံးမှုများကာလုပ်ငန်းရပ်နားခဲ့ကြရသည်။

၂၀၀-၂၀၀၇ ဘဏ္ဍာနှစ်မှစ၍ အမျိုးသားကြီးပွားတိုးတက် ရေးကုမ္ပဏီက အများပိုင်ကုမ္ပဏီအနေဖြင့် စတင်ကာ ကော်မရှင်ယူ၍ ငါးရှဥ့်ကုန်စည်ဒိုင်ဖွင့်ပြီး လေလံဈေးဖြင့် ရောင်းချပေးခဲ့သည်။ နှစ်ကာလကြာရှည်လာသောအခါ ငါးရှဥ့်ကုန်သည်များ အနေဖြင့် ၀န်ဆောင်ခပေးရခြင်းကြောင့် များစွာနစ်နာကြောင်း နိုင်ငံတော်အစိုးရထံတင်ပြခဲ့ သည်။မိမိတို့ဘာသာ ကုန်စည်ဒိုင်တွင် လေလံဆွဲဝယ်မှုအား တာဝန်ခံထူထောင်လိုကြကြောင်း တင်ပြမှုကြောင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်ကာလွတ်လပ်စွာ လုပ်ပိုင်ခွင့်ရရှိပြီး မည်သူ့ကိုမှ ၀န်ဆောင်ခပေးရန် မလိုတော့ကြောင်း သိရသည်။

“ငါးရှဥ့်ကတော့ လွတ်လပ်ရေးရသွားပြီ။ အသေး ၈၀ ရာခိုင်နှုန်း၊ အကြီး ၂၀ ရာခိုင်နှုန်းပဲဆို ဈေးကျမှာပဲ။ သယံဇာတ ထိန်းသိမ်းတဲ့လုပ်ငန်းပါ  ထိခိုက်ရင် ဥပဒေက အလကားဖြစ်နိုင်တယ်။ ဒါကြောင့် သက်ဆိုင်ရာတွေက ပညာပေး စည်းရုံးရေးလုပ်သင့်တယ်”ဟု ငါးရှဥ့်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဘသော်က သတိပေးစကားပြောကြားသည်။ ယခုရက်ပိုင်းအတွင်း ငါးရှဥ့်တစ်တန်လျှင် ကန်ဒေါ်လာ ၅၀၀၀ ကျော် ရရှိနေကြောင်း သတင်းရရှိသည်။