ဒေသခံများနှင့် လူမှုရေးအဖွဲ့အစည်းတို့ ပူးပေါင်းလေ့လာထားသော ထားဝယ်ရေနက်ဆိပ်ကမ်းအထူးစီးပွားရေးဇုန်ကြောင့် ဖြစ်လာသော (SIA) လူမှုစီးပွားထိခိုက်မှု အစီရင်ခံစာပြီးစီးပါက လူထုအား သတင်းဖြန့်ဝေမည်ဖြစ်ကြောင်း လောကအလင်းလူမှုရေးအဖွဲ့မှ ဦးဇော်ဦးက ပြောသည်။
ခြောက်လကြာ ပြုလုပ်မည် ဖြစ်သော SIA သည် ပြီးစီးရန် တစ်လသာ ကျန်ရှိတော့ကြောင်း၊ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မည့် နဘုလယ်ဒေသအတွင်း လူဦးရေနှစ်သောင်းသုံး ထောင်ကျော်ကို စစ်တမ်းကောက် မေးမြန်းထားကြောင်း၊ ယင်းအစီရင်ခံစာသည် စာမျက်နှာ ၅၀၀ ကျော် ပါရှိမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။
SIA အစီရင်ခံစာတွင် ထား ၀ယ်ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန်ကြောင့် ပြောင်းလဲ လာသော လူမှုစီးပွားရေးနှင့်ပတ် သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုး များကို ကောက်ယူထားကြောင်း အထက်ပါပုဂိုလ်ကပြောသည်။“သတင်းစာ ရှင်းလင်းပွဲတစ်ခုလုပ်သွားဖို့ ရှိပါတယ်။ ပြည်တွင်း၊ ပြည်ပရောသိအောင် သတင်းဖြန့်ဝေပေးမှာပါ” ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။ယင်းအစီရင်ခံစာကို ထားဝယ်ဖွံ့ဖြိုးရေးအသင်း၊ လောကအလင်းလူမှုရေးအဖွဲ့နှင့် ဒေသခံများစုပေါင်း၍ ကောက်ယူထား ခြင်းဖြစ်သည်။ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်မည့် သတင်းများကြောင့် ရေဖြူမြို့နယ် ဘ၀ါကမ်းခြေအနီး ဘ၀ါမြို့သစ်နှင့် ပြောင်းမည့် မြေနေရာများသည် တစ်ဧကလျှင် ကျပ်သိန်း ၃၀ မှ ၅၀ အကြား ပေါက်ဈေးရှိခဲ့ကြောင်း ထားဝယ်မြို့ အိမ်ခြံမြေဈေးကွက်ကျွမ်းကျင်သူ ဦးစိုးသိန်းကပြောသည်။


