ဝက်သားကိုအမယ်မျိုးစုံးနဲ့ရောနှောချက်ပြုတ်ရာမှာ ၀က်ပုန်းကတော့ နာမည်ကြီးဟင်းလျာတစ်ခုပါပဲ။ ၀ိုက်ဖီက ၀က်သားကိုသရက်
သီးခြောက်နဲ့ ရောနှောချက်ပြုတ်မှာဖြစ်ပါတယ်။ အအီပြေလည်းဖြစ်၊ အရသာကလည်း ၀က်သားအရသာမပျက်ဘဲ ချဉ်စပ်စပ်ဖြစ် အောင်ချက်ပြုတ်ထားတာပါ။
လိုအပ်တဲ့ပစ္စည်းတွေကတော့ ၀က်ပေါင်သား ၁၅ကျပ်သား၊ သရက်သီးအခြောက်လက် တစ်ဆုပ်စာနဲ့ငရုတ်သီးခြောက်အပွတို့ပဲဖြစ်ပါတယ်။ သရက်သီး
ခြောက်ကတော့ ဈေးမှာရှားရှား ပါးပါးရှာဝယ်ရမှာပါ။ အိမ်မှာ အခြောက်လှမ်းထားပြီးသားရှိတဲ့ မိတ်ဆွေဆီကလည်းတောင်း ယူနိုင်ပါတယ်။အရင်ဆုံးသရက်သီးခြောက်
ကိုရေစိမ်ထားလိုက်ပါ။ ၀က်ပေါင်သားကို အနေတော်အသားပြားလေးတွေဖြစ်အောင်လှီးပြီးဆား၊ နနွင်းနဲ့ ကြက်သားမှုန့်တို့နဲ့နယ်ပါမယ်။ ကြက်သွန်ဖြူနီနဲ့ချင်းကို ငရုတ်သီးအပွခြောက်လေးတောင့် လောက်နဲ့ ထောင်းပါမယ်။
ဆီသတ်ပြီးဝက်သားကို အလျင်ဆုံးထည့်လုံးပါ။ ရေမထည့်ခင်ငံပြာရည်အနည်းငယ်ကိုလည်း ထည့်ပေးပါ။ ခါတိုင်းဝက်သားဟင်းချက်သလို
ပါပဲ။ ၀က်သားနူးပြီဆိုမှ ရေစိမ်ထားတဲ့ သရက်သီးခြောက်တွေကို ဆယ်ပြီးထည့်ပါမယ်။ သရက်သီးခြောက်လေးတွေဆီက အချဉ်ထွက်လာပြီး ၀က်သား
နဲ့အတူ နူးအိလာအောင် ရေထည့်ပြီး တည်ပေးပါ။ ပြီးမှ ဆီပြန်အောင်စောင့်ပြီးချက်လိုက်ရုံပါပဲ။ ဒီဝက်သား သရက်သီးခြောက်ဟင်းက သရက်သီးခြောက်လေးတွေကိုလည်း အရသာခံပြီးစားနိုင်တာမို့ အအီလည်းပြေ၊ အစပ်အရသာလေးလည်းပါတာကြောင့် အချဉ်အရသာနဲ့လည်း ပိုမိုလိုက်ဖက်စွာ စားသုံးနိုင်မှာပါ။


