ရန်ကုန်ဘုရင့်နောင် ကြက်သွန်နီ ဈေးကွက်တွင် နယ်စပ်ဝယ်လို အားကောင်းနေ၍ ယခုရက်ပိုင်း၌ ကြက်သွန်ဈေးနှုန်းများမြင့်တက်နေကြောင်း ဘုရင့်နောင်ဈေးကွက် မှ ကုန်သည်များကပြောသည်။ကြက်သွန်နီဈေးနှုန်းသည် နှစ်ရက်အတွင်း၌ပင် တစ်ပိဿာ ၁၂၅ ကျပ်(တစ်အိတ်လျှင် ၄၃၇၅ ကျပ်)ထိ ဈေးနှုန်းမြင့်တက်သွားသည်။
“ကြက်သွန်ကအ၀င်များပေမယ့် နယ်စပ်က အ၀ယ်များတော့ ဈေးကတက်သွားတယ်။ နယ်စပ်ထွက်တာကတော့ ပုံမှန်သွားတာရော၊ အောက်လိုင်းထွက်တာရော ရှိနေတယ်”ဟု ကြက်သွန်ကုန်သည်တစ်ဦးကပြော သည်။ လတ်တလောတွင် နယ်စပ်ဒေသများဖြစ်သော မြ၀တီ၊ ကော့ကရိတ်နှင့် ရခိုင်၊ မြိတ်ဒေသများ မှ ၀ယ်လိုအားကောင်းနေကြောင်း သိရသည်။ သို့သော် ဇန်န၀ါရီ၂၆ ရက်တွင် တစ်ပိဿာ ၅၀ကျပ်ဝန်း ကျင်စီ ကျဆင်းလာသည်။
ဈေးကွက်ဝယ်လိုအားကောင်းနေခြင်းကြောင့် ဇန်န၀ါရီ ၂၄ ရက်တွင် ကားအစီးရေ ၃၃ စီး ၀င် ရောက်သည့်တိုင် တစ်ပိဿာလျှင် ၁၀၀ ကျပ်နှုန်းမြင့်တက်ခဲ့သည်။
ထို့ကြောင့် ဘုရင့်နောင်ကြက်သွန်လက်ကားဈေးကွက်တွင် မြစ်သားမှာ တစ်ပိဿာလျှင် အနိမ့်ဆုံး ၄၇၅ ကျပ်မှ ၅၅၀ ကျပ်ထိရှိပြီး ဆိပ်ဖြူမှာ တစ်ပိဿာလျှင် ၂၇၅ ကျပ်မှ ၄၂၅ ကျပ်ထိရှိနေသည်။လက်လီဈေးကွက်တွင် ကြက်သွန်အရွယ်အစားပေါ်မူတည်၍ တစ်ပိဿာလျှင်ကျပ် ၈၀၀-၁၀၀၀ ထိပေးနေရကြောင်း သိရသည်။


