ပီလောပီနံမှ မွေးမြူရေးလုပ်ငန်း အခြေခံအစားထိုးအစာထုတ် လုပ်ရန် စီစဉ်နေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။
““ပီလောပီနံ အခြေခံတဲ့ အစားထိုးအစာထုတ်လုပ်ဖို့ တန် ထောင်ချီရှိနေတော့ ပီလောပီနံအခြေခံ ငါးစာထုတ်လုပ်ဖို့ အဆင်ပြေမယ်””ဟု ၎င်းင်းက ပြောကြားသည်။
ယုဇနကုမ္ပဏီမှ စိုက်ပျိုးထားသည့် ပီလောပီနံခင်းများမှာ ဧကထောင်ချီရှိပြီး တစ်နေ့လျှင် တန်ထောင်ဂဏန်းအထိ ဘေးထွက်စွန့်ပစ်ပစ္စည်းများစွာ ထွက်ရှိနေကြောင်း သတင်းရရှိသည်။ ထိုစွန့်ပစ်ပစ္စည်းများကို မွေးမြူရေးအစားအစာအဖြစ် တောင်းယူပါက နှစ်ဖက်အကျိုးရှိနိုင်၍ မွေးမြူရေးသမားများ စီစဉ်လုပ်ကိုင်စေလိုကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီးဦးမောင်မောင်သိမ်းကလည်း ပြောကြားသည်။
““ဦးဌေးမြင့်ရဲ့ ပီလောပီနံ ဘေးထွက်ပစ္စည်းတွေက တစ်နေ့ထောင်ဂဏန်းရှိတော့ တောင်းရင်အလကားပေးမှာပါ။ သူလည်း အမှိုက်ပုံကြီးဖြစ်နေလို့ ငါး၊ ၀က်၊ ကြက်မွေးမယ့်သူတွေ အစာအလကားရမှာမို့ အစာထုတ်လုပ်စေချင်တယ်””ဟု ဦးမောင်မောင်သိမ်းက ဒီဇင်ဘာ၁၉ရက်ကကျင်းပသော မြန်မာနိုင်ငံငါးလုပ်ငန်း
အဖွဲ့ချုပ် ညီနောင်အသင်းကိုးသင်း၏ နှစ်ပတ်လည်အခမ်းအနား တွင်ပြောကြားသည်။
ရေလုပ်ငန်းကဏ္ဍအများစုမှာ ပုဂလိကများ လက်ထဲတွင်ရောက်ရှိနေပြီး ယခုအခါ မွေးမြူရေးအစာရှားပါးပြီး ဈေးနှုန်းများ ကြီးမြင့်နေသောကြောင့် ယခုကဲ့သို့ စီစဉ်သည်ကို ကြိုဆိုကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။


