ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘော်ဒါကျောင်းတစ်ခုသည် ကိုယ်ပိုင်ကျောင်းအမည်အသုံးပြု၍ ကျောင်းကြော်ငြာဖြင့် ကျောင်းသားဈေးကွက်ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါ ဘော်ဒါကျောင်း သည် ကျောင်းနာမည်ဆိုင်းဘုတ် တပ်ဆင်ရာနှင့် ကြော်ငြာအသုံးပြု ရာတွင် တရားဝင်ဖွင့်လှစ်တည် ထောင်ခွင့်ပြုထားသကဲ့သို့ ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်းသိရ သည်။ ပြည်ထောင်စုလွှတ်တော်က ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေ ပြဋ္ဌာန်းလိုက်ပြီးနောက် မှတ်ပုံတင်နည်းဥပဒေထွက်ရှိလာရန် စောင့်ဆိုင်း နေရဆဲဖြစ်ပြီး နည်းဥပဒေထွက်ရှိလာမှသာ မှတ်ပုံတင်စာရင်းသွင်းနိုင်မည်ဖြစ်သည်။ “နည်းဥပဒေက ဒီလကုန် ထွက်လာမယ်လို့ ကြားတယ်။နည်းဥပဒေထွက်လာပြီးရင် ကျောင်းတွေ မှတ်ပုံတင်၊ သက်ဆိုင်ရာက စိစစ်တာနဲ့ဆို မေလ လောက်ဆို ဘယ်ဘော်ဒါကျောင်း တွေ ကိုယ်ပိုင်ကျောင်း တည် ထောင်ခွင့်ရမှာပါ”ဟု ကိုယ်ပိုင်ကျောင်း စမ်းသပ်ဖွင့်လှစ်ခွင့်ရရှိထားသော ဘော်ဒါကျောင်းပိုင်ရှင်တစ်ဦးက ပြောသည်။


