ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအ ရောင်းအ၀ယ်ဈေးကွက်တွင် ယခုရက်ပိုင်း၌ ပဲစင်းငုံဈေးကောင်း လာကြောင်း ကုန်စည်ဒိုင်အ ရောင်းအ၀ယ်ဈေးကွက်မှ စုံစမ်း သိရသည်။
ပဲစင်းငုံဈေးမှာ ရက်ပိုင်းအ တွင်း သိသိသာသာဈေးတက်လာ ပြီး မတ်ပဲမှာလည်း ဈေးအနည်း ငယ်တက်လာကြောင်း ပဲကုန်သည် အချို့ကပြောသည်။
ပဲစင်းငုံဈေးနှုန်းမှာ ယခုရက် ပိုင်းတွင် တစ်တန်လျှင် ကျပ်တစ် သိန်းဝန်းကျင်ထိ ဈေးနှုန်းများမြင့် တက်လာကြောင်း ပဲကုန်သည် တစ်ဦးကပြောသည်။
ပဲစင်းငုံမှာ ဈေးနှုန်းဆက် တိုက်တက်နေသော်လည်း ကုန် စည်ဒိုင်၌ အရောင်းအ၀ယ်ဖြစ် မှုနည်းနေကြောင်း ၎င်းင်းကပြော သည်။ ဈေးနှုန်းအတက်အကျနည်း နေသည်ဟုဆိုသော မတ်ပဲမှာ နေ့စဉ်အရောင်းအ၀ယ်ဖြစ်နေ ကြောင်း သိရသည်။
““ဈေးက နိုင်ငံခြားဈေးတက် လို့ တက်တာပါတယ်။ ဒါပေမဲ့ ငွေ ဈေးကျတော့ ကုန်သည်တွေက အရောင်းအ၀ယ်လုပ်တာ သိပ် မများဘူး။ အရင် လုပ်ပြီးသားတွေ အတွက်ပဲ ၀ယ်နေလို့ မတ်ပဲက အ၀ယ်များတာထင်တယ်””ဟု နေ့ စဉ်အရောင်းအ၀ယ်ပြုလုပ်နေ သော ပဲကုန်သည်ကပြောသည်။
ပဲစင်းငုံဈေးနှုန်းမှာ ဒီဇင်ဘာ ၂၇ ရက်က တစ်တန်လျှင် ၄၈၀၀၀၀ ကျပ်မှ ဇန်န၀ါရီ ၆ ရက်တွင် ၅၇၅၀၀၀ ကျပ်ဈေး ပေါက်ခဲ့သည်။ မြန်မာနိုင်ငံအထက်ပိုင်း၏ အဓိကပဲဈေးကွက်တစ် ခုဖြစ်သော မုံရွာဈေးကွက်တွင် ပဲစင်းငုံမှာ ဇန်န၀ါရီ ၉ ရက်၌ တစ်တင်း ၁၈၄၀၀ (အသစ်)၊ အဟောင်းမှာ ၁၆၈၀၀ ကျပ်ဈေး ပေါက်သည်။ ဒီဇင်ဘာလကထက် တစ်တင်းလျှင် ကျပ် ၃၀၀၀ ကျော် ဈေးတက်လာခြင်းဖြစ် သည်။ ဈေးတက်သည့်နည်းတူ အရောင်းအ၀ယ်လည်းဖြစ်နေ ကြောင်း မုံရွာမြို့မှ ပဲကုန်သည် တစ်ဦးက ပြောသည်။
မတ်ပဲဈေးနှုန်းမှာ ဇန်န၀ါရီ ၆ ရက်က Raw အချိန် ၆၀ ၀င် တစ်အိတ်လျှင် ၁၇၁၀၀ ကျပ်၊ RC မှာ တစ်တန်လျှင် ၆၄၄၀၀၀ ကျပ်ရှိသည်။ မတ်ပဲ SQRC မှာ တစ်တန်လျှင် ၇၉၀၀၀၀ ကျပ်ရှိသည်။ မုံရွာတွင် မတ်ပဲတစ်တင်း လျှင် ဇန်န၀ါရီ ၉ ရက်က ၂၁၅၀၀ ကျပ်ဈေးပေါက်သည်။


