May 20, 2012

ပဲဈေးနှုန်းများဆက်တက်

Photo
ရန်ကုန်၊ ဖေဖော်ဝါရီ-၁

ရန်ကုန်ပဲဈေးကွက်တွင် ယခုရက်ပိုင်း၌ အရောင်းအ၀ယ်အေးနေသော်လည်း ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်အရောင်းအ ၀ယ်ဈေးကွက်မှ ပဲကုန်သည်များက ပြောသည်။

“ဈေးတက်စပြုလာတော့ ဒီရက်ပိုင်းအရောင်းအ၀ယ် ပြန်အေးသွားတယ်။ ငွေဈေးအေးသွားတာ ကြောင့်လည်း အရောင်းအ၀ယ်အေးသွားတာပါတယ်။ နိုင်ငံခြားအ၀ယ်နည်းတာလည်းပါတာပေါ့”ဟု ကုန်စည်ဒိုင်အရောင်း အ၀ယ်ဈေးကွက်မှ ပဲကုန်သည်တစ်ဦးက လက်ရှိဈေးကွက်အနေအထားကို သုံးသပ်ပြောသည်။

ပဲဈေးကွက်တွင် ဈေးနှုန်းမြင့်လာပြီး အရောင်အ၀ယ် အကောင်းဆုံးဖြစ်နေသော ပဲစင်းငုံပင် နိုင်ငံခြားဝယ်လိုအားနည်းနေပြီဖြစ်ကြောင်း ပဲကုန်သည်တစ်ဦးက ပြောသည်။    
ပဲစင်းငုံမှာ နိုင်ငံခြားဝယ်လို အားနည်းနေသည်ဟု ဆိုနေသော်လည်း ပဲဈေးနှုန်းမှာ ဆက်လက် မြင့်တက်ပြီး ပဲဈေးကွက်တွင် ဈေးအမြင့်ဆုံးဖြစ်နေသည်။ ယခုရက် ပိုင်းတွင် ပဲစင်းငုံအသစ်မှာ တစ်တန်လျှင် ၄၉၄၀၀၀ ကျပ်နှင့် အဟောင်းမှာ တစ်တန်လျှင် ၄၆၃၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဈေးကွက်တွင် အရောင်းအ၀ယ်ပြုလုပ်နေကြောင်း သတင်းရရှိ သည်။

“ပဲစင်းငုံ အရောင်းအ၀ယ်က နိုင်ငံဝယ်လိုအားထက် ဈေး နိမ့်လို့ပြည်တွင်းအရောင်းအ၀ယ်ကောင်းနေတာကြောင့်    ဈေးကောင်းနေတာ”ဟု ပဲကုန်သည်တစ်ဦးက ပြောသည်။ထို့အပြင် ခရမ်းရွှေဝါ ပဲတီစိမ်းအ သစ် အာစီမှာလည်း တစ် တန်လျှင် ၆၂၀၀၀၀ ကျပ်ရှိသည်။ယခင်က ဈေးကွက်တွင် အရောင်းအ၀ယ် အများဆုံးနေရာယူထားခဲ့သော မတ်ပဲအာစီမှာ တစ်တန်လျှင် ၄၂၈၀၀၀ ကျပ်ရှိပြီး   SQRC   မှာတစ်တန်လျှင် ၄၅၀၀၀၀ ကျပ် ရှိနေသည်။
ပဲအသစ်ပေါ်နေပြီဖြစ်၍ နိုင်ငံခြားဝယ်လိုအာနှင့် ငွေဈေးနှုန်းများဆက်လက်ကျဆင်းနေပါက ပဲဈေးနှုန်းများပြန်လည်ကျ ဆင်းလာနိုင်ကြောင်း ပဲကုန်သည်များက ခန့်မှန်းပြောသည်။