ပိဋကတ်စာပေကျမ်းဂန်တွေထဲမှာ မြတ်စွာဘုရားဟာ သူ့အပေါ်တင်လာတဲ့ မေးခွန်းပုစာပြဿနာများကို အဖြေမပေးဘဲ နှုတ်ဆိတ်၍နေတော်မူတဲ့ အခွင့်အခါများရှိကြောင်း ဖော်ပြထားတယ်။ မေးခွန်းထုတ်သူတစ်စုံတစ်ယောက် သူ့မေးခွန်းအတွက် ပေးတဲ့အဖြေရဲ့ အကျိုးရှိပုံကို နားလည်နိုင်စွမ်းမရှိရင်ဘဲဖြစ်ဖြစ်၊ ကိုယ်တော်မြတ်အပေါ်တင် လာတဲ့ မေးခွန်း မှားနေရင်ပဲဖြစ်ဖြစ်၊ မြတ်စွာဘုရားဟာ နှုတ်တော်ဖွင့်ဟခြင်းမပြုဘဲ၊ မဖြေဘဲ ဆိတ်ဆိတ်နေတော်မူလေ့ရှိတယ်။ အဓိပ္ပါယ်မရှိတဲ့ မေးခွန်းတွေ၊ မေးသူကိုယ် တိုင်က နားလည်မှုလွဲပြီး မေးတဲ့မေးခွန်းမျိုးတွေ ဖြေကြားခြင်းအားဖြင့်လည်း မေးသူအတွက် အကျင့်၊ သီလ၊ စရဏစိတ်ပိုင်းဖွံ့ဖြိုးမှုကို အထောက်အကူမပြုတဲ့အတွက် အဲဒီလိုမေးခွန်းမျိုးတွေကို မဖြေကြားခဲ့ဘူး။ ဒါပေမဲ့ မြတ်ဗုဒ္ဓက သူ့ရဲ့ဉာဏ်အဆင့်မြင့်ပြီးသား သာဝကကြီးတွေကို အကျိုးအကြောင်းနဲ့ အဖြေပေးတတ်တယ်။ ဗုဒ္ဓမြတ်စွာ မဖြေဘဲထားတတ်တဲ့ မေးခွန်းတချို့က လောကသည် မြဲသလား၊ လောကသည် မမြဲဘူးလား။ လောကသည် အဆုံးရှိသလား၊ လောကသည် အဆုံးမရှိဘူးလား။ ၀ိညာဉ်နှင့် ကိုယ်နှင့် အတူတူပဲလား၊ ၀ိညာဉ်က တခြားကိုယ်က တခြားလား။ တထာကတ သတ္တ၀ါသည်သေပြီးနောက် ဖြစ်တည်နေဦးမှာလား၊ သတ္တ၀ါသည် သေပြီးနောက်မရှိတော့ ဘူးလား။ သတ္တ၀ါသည် သေပြီးနောက်ဖြစ်တည်ခြင်းရှိသလား၊ ဖြစ်တည်ခြင်း မရှိတော့ဘူးလား။ သတ္တ၀ါသည် သေပြီးနောက်ဖြစ်တည်ခြင်းရှိသည်လည်း မဟုတ်၊ ဖြစ် တည်ခြင်း မရှိသည်လည်းမဟုတ် ဖြစ်ပါသလားဆိုတဲ့ မေးခွန်းမျိုးတွေဖြစ်တယ်။ အမှန်ကတော့များစွာသော အရေးကိစ္စတွေမှာ မေးခွန်းတွေက ရုပ်လောကလွန်တက္ကိက မေးခွန်းတွေ၊ အတွေးလွန်မေးခွန်းတွေဖြစ်နေကြလို့ဆိုတဲ့အကြောင်းကြောင့်သာ မြတ်ဗုဒ္ဓကဘာမျှတုံ့ပြန်မပြောဘဲ ဆိတ်ဆိတ်နေတော်မူခြင်းဖြစ်တယ်။


