နည်းပညာနှင့်ပတ်သက်ဆက်နွှယ်နေသည့် အကြောင်းအရာများကို မည်သူမဆို လွတ်လပ်စွာ ဆွေးနွေးဖလှယ်နိုင်သော ဘားကမ့် ရန်ကုန်၏ နှစ်ရက်ပေါင်း တက် ရောက်သူစုစုပေါင်းဦးရေမှာ ငါးထောင်ကျော်ဖြင့် ယခင်နှစ်များတွင်ကျင်းပခဲ့သည့် စုစုပေါင်းတက်ရောက်ခဲ့သူ အရေအတွက်ထက် ကျော်လွန်ကာ စံချိန်တင်သွားကြောင်း စီစဉ်သူအဖွဲ့မှ သိရသည်။
ယခင်နှစ်များတွင် ကျင်းပခဲ့ သည့် ဘားကမ့်ပွဲများတွင်လည်း နိုင်ငံတကာစံချိန်များကို ချိုးနိုင်ခဲ့သည်။သို့သော် ယခင်နှစ်များက နိုင်ငံတကာစံချိန်ချိုးနိုင်ခဲ့သည့်
တက်ရောက်သူပမာဏမှာ စုစု ပေါင်းကျင်းပသည့်နှစ်ရက်တာ ကာလအတွင်း တက်ရောက်သည့် အရေအတွက်များဖြစ်သည်။ထို့အပြင် ယခုနှစ်အတွက်ကျင်းပခဲ့သည့် အဆိုပါဘားကမ့် ရန်ကုန်သို့ တက်ရောက်လာသူ များတွင် ဆယ်ကျော်သက်အရွယ် လူငယ်များမှာ ယခင်နှစ်များထက် ပိုမိုများပြားလာကြောင်း အဆိုပါ နည်းပညာဆွေးနွေးဖလှယ်ပွဲကို စီစဉ်သည့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ တာဝန်ရှိသူ အချို့ထံမှ သိရသည်။
“နှစ်တိုင်းတော့ လူငယ်တွေများပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာ ပိုပြီးများလာတာတွေ့ရတယ်။ အသက်နှစ်ဆယ်စွန်းစွန်းအရွယ်တွေ ပိုများလာတယ်။ ဒါကတော့ ဒီနိုင်ငံရဲ့အိုင်စီတီကဏ္ဍအတွက်ကောင်းတဲ့လက္ခဏာတွေလို့ မြင်ပါတယ်။ လူငယ်တွေနည်းပညာ ကို ပိုပြီးစိတ်ဝင်စားလာကြတာကို သက်သေပြနေတာပါပဲ” ဟု မြန်မာ နိုင်ငံကွန်ပျူတာပညာရှင်အသင်း ၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးမင်းဦးက ၄င်း၏ထင်မြင်ချက် ကို ပြောကြားသည်။
ရန်ကုန်မြို့တွင် ကျင်းပသည့် အဆိုပါဘားကမ့်သို့ ရန်ကုန်မြို့မှ နည်းပညာကိုစိတ်ဝင်စားသော လူငယ်များအပြင် မန္တလေးမြို့ကဲ့သို့သော အခြားမြို့ကြီးများမှ တက် ရောက်လာသူအရေအတွက်မှာလည်းနှစ်ဆယ်ဦးခန့်ရှိကြောင်း သိရသည်။ထို့အပြင် စင်ကာပူ၊ ထိုင်း၊ ကမ္ဘောဒီးယားအစရှိသော အိမ်နီး ချင်းနိုင်ငံများအပြင် အနောက်ဥ ရောပနိုင်ငံများမှ တက်ရောက်လာသည့် နိုင်ငံတကာ Barcamper များမှာလည်း နှစ်ဆယ်ဦးခန့်ရှိကြောင်းသိရသည်။ နှစ်ရက်တာကျင်းပခဲ့သည့် အဆိုပါဘားကမ့်တွင် မိုဘိုင်းနည်းပညာများ၊ အီလက်ထရွန်နစ်အစိုးရလုပ်ငန်း၊ နက်ဝါ့ခ်ကင်းနှင့်သက် ဆိုင်သောလုပ်ငန်းများ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးများနှင့် ဆက်စပ်နေသည့် အိုင်စီတီနည်းပညာများ၊ ဆော့ဖ်ဝဲနည်းပညာများအပြင် တိုးတက်ပြောင်းလဲလာသည့် အိုင်စီတီဆိုင်ရာများ အကြောင်းကိုလေ့လာလိုက် စားနေသူများက တက်ရောက် ဆွေးနွေးဟောပြောခဲ့ကြသည်။
၂၀၁၀ ပြည့်နှစ်မှ စတင်ပြီးနှစ်စဉ်ကျင်းပခဲ့သည့် ဘားကမ့် သည် ပထမဆုံးကျင်းပခဲ့သည့် နှစ်တွင်ပင် တက်ရောက်သူပေါင်း သုံးထောင်နီးပါးဖြင့် နိုင်ငံတကာ
တွင် တက်ရောက်သူအများဆုံး နှုန်းထားဖြင့် စံချိန်တင်နိုင်ခဲ့သည်။ ထို့နောက် ဒုတိယအ ကြိမ် ကျင်းပခဲ့ရာတွင်လည်း နှစ်ရက်ပေါင်းတက်ရောက်သူ လေး ထောင်နီးပါးရှိခဲ့ပြီး ဒုတိယအကြိမ် နိုင်ငံတကာစံချိန်တင်နိုင်ခဲ့သည်။


