ဇန်န၀ါရီ ၂၆ ရက်က မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့သော ဘူးသီးတောင်မြို့နယ် ဇီးတုံကျေးရွာမှ မီးဘေးသင့်မိသားစုများအတွက် မောင်တောခရိုင်အမျိုးသား ကူညီ စောင့်ရှောက်ရေးဖောင်ဒေးရှင်းက အလှူငွေနှင့် အ၀တ်အထည်များကို ဖေဖော်ဝါရီ ၂ ရက်တွင် အဆိုပါကျေးရွာသို့သွားရောက်လှူဒါန်းခဲ့ကြောင်း ဖောင်ဒေးရှင်းဥက္ကဋ္ဌဦး
အောင်ကျော်ညွန့်ကပြောသည်။
“မီးလောင်ခံရတဲ့ အိမ်ထောင် စု ၁၅ စုပါ။ မီးမကူးအောင် ဖြိုဖျက်လိုက်ရတဲ့အိမ်တွေက ၈ ခု၊ စုစုပေါင်းအိမ်ထောင်စု ၂၃ စုအတွက် တစ်အိမ်ထောင်ကို ရှစ်ထောင်နှုန်းနဲ့ စုစုပေါင်း အလှူငွေ ၁၈၄၀၀၀ ကျပ်ကို အိမ်ထောင်စု အလိုက်လှူဒါန်းပေးခဲ့ပါတယ်။ အ၀တ်အထည်တွေကိုလည်း အညီအမျှဝေပေးခဲ့ပါတယ်။ ခုကျွန်တော်တို့သွားတဲ့နေ့ထိ နေအိမ် ပြန်မဆောက်နိုင်ကြသေးပါဘူး။ ဒေသတွင်း လူမှုရေးအဖွဲ့ကယ်ဆယ်ရေး ပစ္စည်းတွေရောက်ပါတယ်”ဟု ပြောသည်။


