May 20, 2012

ဘ၀လွတ်မြောက်မှုဆိုတာ လိုက်နာကျင့်ကြံမှုအပေါ်မှာ အခြေခံတယ်

Photo
7Day News Journal

မြတ်ဗုဒ္ဓပွင့်ထွန်းတော်မူလာတာက လူတွေကိုကယ်တင်ဖို့လာတာမဟုတ်ဘူး။ လူသားတွေကို မိမိတို့ရရှိထား
တဲ့ဘ၀ရဲ့ သဘာဝအမှန်ကို အမှန်အတိုင်းသိမြင်နားလည်အောင် ဉာဏ်မျက်စိကိုဖွင့်ပေးဖို့ ပွင့်တော်မူ လာခြင်းဖြစ်
တယ်။ ပြီးတော့ လူသားများသည် မိမိတို့အနေနဲ့ မိမိတို့ရဲ့ ဘ၀ချမ်းသာအစစ်ကိုရရှိဖို့အတွက် ဘယ်ပုံဘယ်နည်း ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုတာကို အဆုံးအမပြုဖို့ ပွင့်ပေါ်လာတာသာဖြစ်တယ်။ ဗုဒ္ဓဘာသာရဲ့ ကိုယ်ကျင့်သီလသဘောဟာ ဘယ်ပညတ်တော်တွေအပေါ်မှာမှ အခြေစိုက်ထားတာမဟုတ်ဘူး။ လူတွေ မလိုက်နာ လို့မရဘူး၊ မဖြစ်မနေလိုက်နာရမယ်ဆိုတဲ့ အမိန့်အာဏာလည်းမပါဘူး။ မိမိဘာသာရွေးချယ်လိုက်နာကျင့်ကြံမှုအပေါ်မှာသာ အခြေခံတယ်။
    အကျင့်သီလသဘောဟာ ဗုဒ္ဓဘာသာမှာတော့ လက်တွေ့ကျကျ နိဗာန်မဂ်ဖိုလ်ဖြစ်တဲ့ အန္တိမချမ်းသာစစ်ကို ပို့ဆောင်ပေးတဲ့ ပဓာနကျတဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်။ ဘ၀ဆင်းရဲခပ်သိမ်းက လွတ်မြောက်ကြောင်း အမှန် မြတ်
နိဗာန်သို့ ရှေးရှုသွားရာလမ်းမှာ လူတိုင်းဟာ မိမိတို့ပြုသမျှ ကောင်းမှု၊ ဆိုးမှု၊ အကျိုးရှိမှု၊ အကျိုးမဲ့မှုအားလုံးအတွက် တာဝန်ရှိသူဖြစ်တယ်။ လူတိုင်းလူတိုင်းဟာ မိမိတို့ဘ၀လွတ်မြောက်ရေးအတွက် ဘယ်သူ့ကိုမှ အားကိုးစရာ မရှိဘဲ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးပြီး ကိုယ်တိုင် ဉာဏ်၊၀ီရိယစိုက်ထုတ်လုပ်ဆောင်ကြရမှာဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဘ၀လွတ်မြောက်မှု၊ ကိုယ့်ကိုယ်ကိုယ် ကယ်တင်မှုသဘောဟာ မိမိကိုယ်တိုင် ကိုယ်ကျင့်သီလ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်နိုင်မှုအပေါ်မှာ အခြေခံတယ်။