ဒီဇင်ဘာလကုန်ရက်တွေနီးလာပြီး နှစ်သစ်ကူးပြောင်းဖို့အချိန်တောင်ရောက်လာတော့ပေမယ့် ဒီနှစ်ဆောင်းရာသီကအေးလွန်းတယ်ဆိုတဲ့အနေအထားထိမရောက်သေးပါဘူး။
အေးချမ်းသာယာတဲ့မနက်ခင်းလေးတွေမှာ အပြင်တွေပဲသွားသွား၊ ရုံးတက်တာပဲဖြစ်ဖြစ်အနွေး ထည်အထူကြီးဝတ်ဖို့မလိုအပ်ပေမယ့် အချမ်းသက်သာတဲ့အပြင် စတိုင်လ်ကျကျလေးဖြစ်စေမယ့် မထူ မပါးအနွေးထည်လေးတွေရှိတဲ့နေရာကို လမ်းညွှန်ပေးချင်ပါတယ်။
ထိုင်းနိုင်ငံထုတ်သားရေ Leather ကုတ်အကျလေးတွေ၊ ခေါင်းစွပ်ဆွယ်တာ လှလှလေးတွေကိုအကြိုက်တွေ့ကြမှာပါ။ ဈေးနှုန်းတွေကလည်း Leather ကုတ် အကျဆို ၁၄၅၀၀ကျပ်၊ ခေါင်းစွပ်ဆွယ်တာလေးတွေဆို ၉၅၀၀ ကျပ်ကနေ ၁၂၅၀၀ ကျပ်အထိရောင်းချတယ် လို့ဆိုပါတယ်။
ဒါ့အပြင်လူငယ်ကြိုက်အမှတ် တံဆိပ်တစ်ခုဖြစ်တဲ့ Body Glove အနွေးထည်နဲ့ စတိုင်လ်ထုတ်ချင်တယ်ဆိုရင်လည်း အမျိုးသားဝတ်တွေကကျပ် ၄၀၀၀၀ ကျော်နဲ့အမျိုးသမီးဝတ်ဆိုရင် ၃၈၅၀၀ ကျပ်နဲ့ဝယ်နိုင်ပါသေးတယ်။အအေးပေါ့တဲ့ဆောင်းမှာ တစ်နေကုန်ဝတ်လို့အဆင်ပြေမယ့် အနွေးထည်လှလှတွေကို တော်ဝင်
စင်တာ ပထမထပ်က Bambini ဆိုင်မှာဝယ်လို့ရပါတယ်လို့ ဒီတစ်ပတ်ဈေးဝယ်ဖို့လမ်းညွှန်ပေးလိုက်ပါတယ်။


