May 20, 2012

မဟာဂန္ဓာရုံကျောင်းတော် ဆွမ်းစားဆောင်အတွင်းသို့ ကမ္ဘာလှည့်ခရီးသွားများ ၀င်ရောက်ခွင့်ကန့်သတ်

ရန်ကုန် ဖေဖော်ဝါရီ - ၉

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်းရှိ နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိသော မဟာဂန္ဓာရုံကျောင်းတော် ဆွမ်းစားဆောင်အတွင်းသို့ ကမ္ဘာလှည့်ခရီးသွားများ ၀င်ရောက်ခွင့်မပြုတော့ကြောင်း မန္တလေးဇုန် ဧည့်လမ်းညွှန်အသင်းက သတင်းထုတ်ပြန်ခဲ့သည်။

ဆွမ်းစားဆောင်အတွင်း ဖိနပ်မစီးရန်တားမြစ်ထားသော်လည်း ဧည်သည်များမှာ ဖိနပ်စီးခြင်းနှင့် ခြေအိတ်များဝတ်၍ ၀င်ရောက်နေသဖြင့် ထိုကဲ့သို့ တား မြစ်ရခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။“မဟာဂန္ဓာရုံကျောင်းက မန္တလေးမှာ အရင်ဆုံးပြရတဲ့ နေရာပါ။  တစ်ခုလျော့သွားတာပေါ့ ၀မ်းနည်းစရာပဲ”ဟု ဂျာမန်ဧည့် လမ်းညွှန်တစ်ဦးကပြောသည်။
    
 အဆိုပါ ကျောင်းသည် သံဃာတော်များ အများဆုံး သတင်းသုံးသော ကျောင်းတစ်ခုဖြစ်ပြီး ၀ါတွင်းကာလမဟုတ်သောအချိန်တွင် ပင့်သံဃာအပါးတစ်ထောင်ခန့်ရှိသည်။ ဆွမ်းစားချိန်တွင် အသံမထွက်အောင်ဘုန်းပေးရသော ကျောင်းဖြစ်သည်။  ခရီးသွားများ ၀င်ရောက်မူများသော ယခုနှစ်တွင် ဧည့်သည်အချို့မှာ ဖိနပ်စီးခြင်းနှင့် ခြေ အိတ်ဝတ်ဆင်ခြင်းအား ကန့်သတ်ထားသောနေရာများတွင် လိုက်နာခြင်းမရှိသည့်အတွက်ဧည့်လမ်းညွှန်အချို့က သက်ဆိုင်ရာသို့တင်ပြထားကြသည်။