May 20, 2012

မိန်းကလေးကို ဣနြေ္ဒပျက်ယွင်းအောင် ချစ်ရေးဆိုသူ အရေးယူခံရ

နေပြည်တော်၊ ဖေဖော်ဝါရီ-၈

အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးက ၁၃ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးအား အတင်းဖက်ပြီး ရည်းစားစကားပြောဆိုသဖြင့်အရှက်ရကာ  ကာယိနြေ္ဒပျက်စီးမှုအရ လာရောက် အမှုဖွင့်ခဲ့သောဖြစ်စဉ်တစ်ခု  နေပြည်တော် ပျဉ်းမနားတွင် ယခုလ ၆ရက်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ..နေပြည်တော် ပျဉ်းမနား၊ xxကျေးရွာနေ မxx (၁၃နှစ်)သည် ယခုလ ၄ရက်နေ့ ည ၈ နာရီအချိန်ခန့်က အိမ်သို့ ငိုယိုပြီး ပြန်လာသဖြင့် မိဘများကမေးမြန်းရာ မxxx သည်  ညအချိန်အတွင်း  ရွာထဲအကြွေးသွားတောင်းရာမှ ရွာလယ်လမ်းအရောက် တစ်ဖက်ရွာ၌ နေထိုင်သူဝေဖြိုး (၃၃နှစ်)ဆိုသူက ၀ိုင်းတစ်ဝိုင်းထဲမှ ထွက်လာကာ မxxx အားအတင်းဆွဲဖက်ပြီး ရည်းစားစကားပြောဆိုကြောင်း၊ အနားတွင် အခြားအမျိုးသမီးကလည်း တွေ့မြင်သွားကြောင်းဆိုသည်။

ထို့ကြောင့် မxxx ၏ မိဘများက သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးရှေ့မှောက်၌ ခေါ်ယူဖြေရှင်းသော်လည်း မကျေနပ်၍ ယခုလ ၆ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။ နေပြည်တော် ပျဉ်းမနားရဲစခန်း(ပ) ၁၀၈/၂၀၁၂ ပြစ်မှုပုဒ်မ ၃၅၄ (ကာယိနြေ္ဒဖျက်ဆီးမှု)အရ အမှုဖွင့်ခဲ့ရကြောင်း ရဲမှတ်တမ်းများသိရသည်။

ကျေးလက်ကျေးရွာများတွင် မိဘများအနေဖြင့် ထိုသို့အရွယ်ရောက်ခါစ သမီးငယ်များအား အချိန်မတော်ညပိုင်းစေလွှတ်ခြင်း၊ အိမ်တွင် တစ်ဦးတည်းထားရှိခဲ့ခြင်း၊ လူသွား
လူလာ ပြတ်လပ်သောနေရာများသို့ စေခိုင်းခြင်းသည် မသမာသူများ၏ အန္တရာယ်ပြုမူမှုနှင့် ပိုမိုကြုံတွေ့နိုင်ကြောင်း  ရဲအရာရှိတစ်ဦးကပြောကြားသည်။