မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် လယ်မကျေးရွာတွင် ယခုလ ၇ ရက်က မိလ္လာကန်အတွင်း ရေဆိုးထုတ်ရန် ဆင်းသွားသော လူခြောက်ဦးအနက် လေးဦး သေဆုံးသွားခဲ့ကြောင်း ဖေဖော်ဝါ ရီ ၉ ရက်ထုတ်နိုင်ငံပိုင်သတင်းစာ၌ဖော်ပြခဲ့သည်။
လွန်ခဲ့သော ၁၀နှစ်ခန့်က အသုံးပြုခဲ့သော အလျား ၁၀ပေ၊ အနံလေးပေခန့်ရှိ မိလ္လာကန်အတွင်းသို့ ရေဆိုးထုတ်ရန်အတွက် ဆင်းသွားခဲ့ရာ အောက်ဆီဂျင်ပြတ်လပ်ပြီး ပြန်တက်မလာနိုင်တော့ဘဲ မေ့မြောသွားခဲ့ကာ ဆေးရုံအသွားလမ်းနှင့် ဆေးရုံတွင် စုစုပေါင်းလူလေးဦး သေဆုံးခဲ့ခြင်းဖြစ်သည်။ ကျန်ဒဏ်ရာရရှိသူနှစ်ဦးအား မြို့နယ် ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသထားလျက်ရှိကြောင်း သတင်းရရှိသည်။ မိလ္လာကျင်းအဟောင်းထဲမှ မိလ္လာကို ကျင်းအသစ်ထဲသို့ ပြောင်းရွှေ့နေစဉ် မိလ္လာလိုင်းပေါက်မှအရည်နှင့် အနံ့အငွေ့အသက်တို့တစ်ပြိုင်တည်းထွက်သောကြောင့် ဦးကျော်မြိုင်ဆိုသူမှာ လဲကျသွားပြီး ကျင်းဝတွင် ရပ်နေသော အိမ်ရှင်ဦးတင်ငွေမှာ လည်း ကျင်းထဲသို့ ပြုတ်ကျသွားခဲ့ကြောင်းသတင်းရရှိသည်။
“အဲဒီ့မှာ သူတို့နှစ်ယောက်ကျသွားတယ်ဆိုတော့ ဆွေမျိုးသားချင်းတွေက နီးစပ်ရာကို အကူအညီတောင်းတော့ အိမ်နီးနားချင်းတွေက ဆင်းပြီးဆယ်ရင်းနဲ့ခြောက်ယောက် ဖြစ်သွားတာ”ဟု ပွင့်ဖြူမြို့ နယ်ရှိ ဒေသခံတစ်ဦးကပြောသည်။ မိလ္လာကန်ထွက် ဘိုင်အိုဂက်စ်များမှာ လူတို့အတွက် ပြင်းထန်သည့် အဆိပ်ဓာတ်ငွေ့ဖြစ်ရာ လေ၀င်၊ လေထွက်နည်းပြီး အနံ့ဆိုး များရှိနေသည့်နေရာများ၊ အထူးသဖြင့် မိလဒာကန်များအတွင်းသို့ ဆင်းလျှင် အသိတရားဖြင့် ဆင်ခြင်ဆောင်ရွက်ကြရန် သက်ဆိုင်ရာ
က အသိပေးနှိုးဆော်ထားသည်ဟုဆိုသည်။ မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ် စခန်းမှူးကို 7Day Newsက ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိခဲ့ပေ။ “အလောင်းတွေကို ဆေးရုံပို့တဲ့အခါမှာကျတော့ ဆရာဝန်ကြီးတွေက မကောင်းတဲ့အနံ့အသက်တွေ ပြင်းထန်ပြီးတော့ အသက်ရှူရပ် သွားတာပါလို့ပြောပါတယ်”ဟုပွင့်ဖြူမြို့နယ်ရှိ ဒေသခံတစ်ဦးကပြောသည်။


